Skip to main content

Posts

Showing posts from March, 2017

Present Tense အသုံးပြုသင့်တဲ့ အခြေအနေ ၈ မျိုး

♦ Present Tense အသုံးပြုသင့်တဲ့ အခြေအနေ ၈ မျိုး ♦ ============================== အင်္ဂလိပ် သဒ္ဒါလေ့လာတဲ့ အခါမှာ ကျောင်းသား အများစု တိုင်ပတ်လေ့ရှိတာက ကိုယ် ပြောချင်ရေးချင်တဲ့ စာကြောင်းမှာ ပါနေတဲ့ Verbs တွေကို ဘယ် Tenses  တွေနဲ့ သုံးစွဲရမလဲ ဆိုပြီး စဉ်းစားဆုံးဖြတ်ရတဲ့ အခါမျိုးတွေပါ ။ ♦ အင်္ဂလိပ် သဒ္ဒါ အရ Tenses က ၁၂ မျိုးလောက် ခွဲထားတော့ ဘယ် အခြေအနေ အချိန်အခါမျိုးမှာ ဘယ် Tense ကို သုံးရမလဲ ဆိုတာ လေ့လာသူတွေ အတွက် တကယ်ကို ခေါင်းစားစရာ ဖြစ်တတ်ပါတယ် ။ ပိုဆိုးတာက Present Tense ကို ပစ္စုပန် လို့ အလွယ်ဘာသာပြန်သင်လိုက်တာကို အတန်းကြီးတဲ့ အထိ ( တစ်ချို့တွေ ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်တဲ့ အထိ ) အသေ မှတ်ထားမိပြီး ( ငယ်ငယ်က ဆရာသင်ပေးလိုက်တာကို ကိုယ့် ဘာသာ ချဲ့ထွင် မလေ့လာဖြစ်ရင် ) အနာဂတ် အကြောင်း ပြောတဲ့ အခါမှာ Present Tense ကို သုံးလို့ ရမှန်း မသိတော့ မသုံးမိပဲ သဘာဝကျတဲ့ အင်္ဂလိပ်စကားမျိုး မဖြစ်တော့ပဲ ခပ်ထောင့်ထောင့် " စာ စကား " မျိုးတွေ ပြောမိတတ်တော့တာပဲ ။ Present Continuous Tense ကို လက်ရှိ လုပ်နေ ဆဲ အချိန်မှာ သုံးရတယ် ဆိုတာလောက်ပဲ အသေမှတ်ထားရင် အနာဂတ် အတွက် Present Continuous Tense သုံးလို့ရတဲ့ နေရ