Skip to main content

Posts

Showing posts from April, 2016

*Unicode* English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း သုံးနိုင်တဲ့ နည်းစနစ်

♦ English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့  လူတိုင်း သုံးနိုင်တဲ့ နည်းစနစ် ♦  ကျွန်တော် ညွှန်ပေးထားတဲ့ Cambridge - Interchange ( Intro/1/2/3 ) သင်ရိုးကို ကိုယ့်ဘာသာကိုယ် ဝယ်ပြီး လေ့လာနေကြတာကို  ပြန်ကြားရလို့ ဝမ်းသာပါတယ် ။  တကယ် လေ့လာတဲ့အခါမှာ လိုအပ်ချက်တွေ ၊ မသေချာတာတွေ ရှိလို့ လာမေးကြတဲ့ထဲက  အရေးကြီးမယ်လို့ ထင်တဲ့ အချက် ၁ ချက်ကို အဓိကထားပြီး ဖြေပေးလိုက်ပါတယ်ဗျာ ။  Interchange တင်မကပဲ နိုင်ငံတကာ သင်ရိုး တစ်ခုခု သုံးပြီး  English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း  ဒီ လေ့လာနည်း စနစ်ကို သုံးနိုင်ပါတယ် ။ :) ( ကျွန်တော့် လမ်းညွှန်ချက် အတိုင်း ကြိုးစားနေတဲ့ တခြား အဝေးရောက် လေ့လာနေသူတွေ ရှိရင်လည်း ကျွန်တော့် ကို Message   ပို့ထားပေးနိုင်ပါတယ် ။ လိုအပ်တဲ့ အကြံဉာဏ် ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့ နောင် အဝေးသင် အစီအစဉ် သေချာ စ ဖြစ်တဲ့အခါ အကြောင်းကြားပေးနိုင်အောင်လို့ပါ ။ )  :)  အမေး ။ ( သတ်ပုံ တွေက မူရင်း မေးသူ ရေးပို့လိုက်တဲ့ အတိုင်းပါပဲ )  ဆ၇ာ ဆ၇ာရဲ့www.activeenglishmyanmar.com မှာ ရေးထားတဲ့ ကိုယ့်ကိုတိုင်လေ့လာနည်းအ၇  ကျနော် interchange series ကိုစတင်လေ့လာနိုင်ရန် data

♦ English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း သုံးနိုင်တဲ့ နည်းစနစ် ♦

♦ English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း သုံးနိုင်တဲ့ နည်းစနစ် ♦ ကျွန်တော် ညွှန်ပေးထားတဲ့ Cambridge - Interchange ( Intro/1/2/3 ) သင်ရိုးကို ကိုယ့်ဘာသာကိုယ် ဝယ်ပြီး လေ့လာနေကြတာကို  ပြန်ကြားရလို့ ဝမ်းသာပါတယ် ။ တကယ် လေ့လာတဲ့အခါမှာ လိုအပ်ချက်တွေ ၊ မသေချာတာတွေ ရှိလို့ လာမေးကြတဲ့ထဲက အရေးကြီးမယ်လို့ ထင်တဲ့ အချက် ၁ ချက်ကို အဓိကထားပြီး ဖြေပေးလိုက်ပါတယ်ဗျာ ။ Interchange တင်မကပဲ နိုင်ငံတကာ သင်ရိုး တစ်ခုခု သုံးပြီး English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း ဒီ လေ့လာနည်း စနစ်ကို သုံးနိုင်ပါတယ် ။ :) ( ကျွန်တော့် လမ်းညွှန်ချက် အတိုင်း ကြိုးစားနေတဲ့ တခြား အဝေးရောက် လေ့လာနေသူတွေ ရှိရင်လည်း ကျွန်တော့် ကို Message  ပို့ထားပေးနိုင်ပါတယ် ။ လိုအပ်တဲ့ အကြံဉာဏ် ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့ နောင် အဝေးသင် အစီအစဉ် သေချာ စ ဖြစ်တဲ့အခါ အကြောင်းကြားပေးနိုင်အောင်လို့ပါ ။ ) :) အမေး ။ ( သတ်ပုံ တွေက မူရင်း မေးသူ ရေးပို့လိုက်တဲ့ အတိုင်းပါပဲ )  ဆ၇ာ ဆ၇ာရဲ့www.activeenglishmyanmar.com မှာ ရေးထားတဲ့ ကိုယ့်ကိုတိုင်လေ့လာနည်းအ၇ ကျနော် interchange series ကိုစတင်လေ့လာနိုင်ရန် data တွေစုဆောင်းပီးပါပြ

ဘဝမှာ အရေးကြီးတဲ့ အချက် ၃ ချက

ဘဝမှာ အရေးကြီးတဲ့ အချက် ၃ ချက်ကတော့ - ရွေးချယ်မှု - အခွင့်အရေး - ပြောင်းလဲ မှု .... တို့ ပါပဲ "အခွင့်အရေး တစ်ခု ရဖို့ အတွက် သင်ဟာ ရွေးချယ်မှု တစ်ခုကို မဖြစ်မနေ လုပ်ရလိမ့်မယ် ... မဟုတ်ရင်တော့ သင့် ဘဝဟာ ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူး ..." လေးစားလျှက် ကိုဇင်ဇေ < မူရင်းရေးသားသူ မသိရတဲ့ English ဆိုရိုးလေးတစ်ခုကို မြန်မာ ခံစားမှုနဲ့ ကိုက်အောင် ကြိုးစား ဘာသာပြန်ထားတာပါ ... မူရင်းကိုလည်း ခံစားလေ့လာနိုင်အောင် ထည့်ပေးလိုက်ပါတယ် ... > The 3 C's of life : Choices , Chances , Changes . You must make a choice to take a chance or your life will never change. #ActiveEnglishQuotes

*Unicode Version* အဘိ ဓာန်ထဲက meaning တွေ အကုန်ကျက်တာက တစ်ကယ်အကျိုးရှိပါလား

ဒီနေ့ English စာ လေ့လာသူ တစ်ယောက် မေးထားတာလေး အများအတွက် အကျိုးရှိမယ်ထင်လို့ ဖြေပြီး Post တင် ပေးလိုက်ပါတယ် ။ :) Q: English လေ့လာတဲ့နေရာမှာ အဘိ ဓာန်ထဲက meaning တွေ အကုန်ကျက်တာက တစ်ကယ်အကျိုးရှိပါလားဗျ A : ကျက်နိုင်ရင် အကျိုး မယုတ်ပေမယ့် မကျက်သင့်ဘူးဗျ ။ ဘာလို့ဆို ကျွန်တော်တို့ ဦးနှောက်က ကွန်ပြူတာလို ထည့်သမျှ အကုန် ဝင်ပြီး အချိန်မရွေး ပြန်သုံးလို့ ရတာမျိုး မဟုတ်ဘူးလေ ။ ( ကွန်ပြူတာတောင် အကန့်အသတ် တစ်ခုတော့ ရှိနေတာပါပဲ ။ ) Photographic memory လို့ ခေါ်တဲ့ တစ်ခါမြင်ရုံနဲ့ အသေးစိတ်ကို မှတ်မိပြီး အချိန်မရွေး ခေါင်းထဲကနေ ပြန်ထုတ်ပြီး အသုံးချနိုင်လောက်အောင် ကောင်းတဲ့ မှတ်ဉာဏ်မျိုးရှိရင် ၊ ပါရမီထူးရင်တော့လည်း တစ်မျိုးပေါ့ဗျာ ။ ဥပမာ Look ကို Longman Dictionary မှာ Usage/Definitions ပေါင်း အမျိုး ၂၀ ကျော် အသုံးအနှုန်းအလိုက် ဖွင့်ပေးထားတယ် ။ နောက်မှာ Preposition ပေါင်းထည့်ပြီး Phrasal Verbs အနေနဲ့ သုံးတာတွေပါ ထည့်တွက်လိုက်ရင် အသုံးအနှုန်း တစ်ရာ နီးပါးလောက် ရှိတယ် ။ ဘယ်လို လို့ အကုန်မှတ်နိုင်မှာလဲ ? ဒီတော့ ရှိသမျှ Meanings / Definitions အကုန် လိုက်မကျက်ပဲ - ကိုယ်ရောက်နေတဲ့ Level နဲ့ မနိမ့်လွန်း မမြင



WORK !!! Quote from - Wolf of Wall Street

မင်း ဘဏ်အကောင့် ကို ဖုန်းနံပါတ် နဲ့ တူလာအောင် အလုပ် လုပ်လိုက်စမ်းပါ :D ကိုဇင်ဇေ​ ( ဘာသာပြန် ) < Quote from - Wolf of Wall Street ) စာကြွင်း ။ ဘဏ်အကောင့်  ဆိုတာထက် ဘဏ်အကောင့် ထဲက ငွေကို ဆိုလိုတာပါ ။ တစ်ချို့ ဖတ်ရတာ မရှင်းဘူးဆိုလို့ ကြိုရှင်းပေးတာပါ ။ ဖုန်းနံပါတ်က အနည်းဆုံး ဂဏန်း ၈ လုံး / ၉ လုံး ရှိတယ်လေဗျာ ။ သိန်းရာ/ထောင်ချီအောင် ဘဏ်အကောင့်ထဲမှာ ရှိစေချင်တဲ့ သဘောပေါ့ ;)

English စာနဲ့ ပတ်သက်လို့ သူတို့ အမေး ၊ ကျွန်တော့် အဖြေ ( ကိုဇင်ဇေ )

English စာနဲ့ ပတ်သက်လို့ သူတို့ အမေး ၊ ကျွန်တော့် အဖြေ ( ကိုဇင်ဇေ ) ------------------------------- Comment/Chat boxes ထဲမှာ မေးတာတွေထဲက ၃ ခု ဖြေပေးထားပါတယ် ။  နောက်ဆုံး အမေးအဖြေက ရယ်ရသဗျ  :D ♦ သူတို့ အမေး ( ၁ ) :  ဆရာ Essay& letter writing skill တိုးတက်ချင်ပါတယ်ဘယ်စာအုပ်တွေလေ့လာသင့်လဲမသိဘူးရှင့် ကျွန်တော့် အဖြေ : Essay Writing အတွက်က ဒီစာအုပ်ကောင်းပါတယ် ။ >>> http://www.amazon.com/Students-Writing-Guide-Successful-Essays/dp/0521729793 Letter writing က ကိုယ် ဘာအတွက်ရေးချင်တာလဲ အပေါ်မှာ မူတည်ပြီး စာအုပ်လိုအပ်ချက် အပြောင်းအလဲ ရှိပါတယ် ။ Social letter လား ? Business letter လား ? စသဖြင့်ပေါ့ :) Essay / Letter Writing ၂ မျိုးလုံးအတွက် ထိုက်သင့်တဲ့ Grammar / Vocab ရှိဖို့ကလည်း အရေးကြီးပါတယ် ။ Sentence Structures များများ သုံးနိုင်အောင်လည်း လေ့လာသင့်ပါတယ် ။ ဒီ ဆောင်းပါးမှာ Self-study လုပ်နိုင်တဲ့ စာအုပ်တွေ ညွှန်ပေးထားပါတယ် ။ >>> http://www.activeenglishmyanmar.com/2015/07/self-study.html =============== ♦ သူတို့ အမေး ( ၂ ) :   ဆရာသမီးအဖြစ်ချင်ဆုံးဆန္ဒထဲမှာ eng speaking ကျွမ

What's on your bucket list ? သင့်ရဲ့ *Bucket list* မှာ ဘာတွေ ပါ ပါသလဲဗျာ ... ???

What's on your bucket list ? သင့်ရဲ့  *Bucket list*  မှာ ဘာတွေ ပါ ပါသလဲဗျာ ... ??? ---------------------------- *Bucket list*  ဆိုတဲ့စကားလုံးလေးကို ကြားဖူးပါသလား ? List ဆိုတော့ စာရင်းပေါ့ ။ စာရင်း တစ်ခုခု မှန်းတော့ ခန့်မှန်းကြည့်လို့ လွယ်ပါတယ် ။ Bucket ကတော့ လက်ဆွဲ "ပုံး" ပါ ။ ရေထည့်ရင်လည်း ရေပုံးပေါ့ဗျာ ။ *Bucket list*  ဆိုတာကတော့ လူတစ်ယောက် အနေနဲ့ မသေခင်မှာ ပြီးစီးအောင်မြင်အောင် လုပ်သွားချင်တဲ့အရာတွေ ၊ ရယူချင်တဲ့ အောင်မြင်မှုတွေကို ပြုစုထားတဲ့ စာရင်းကိုပြောတာပါ ။ 2007  မှာ ထွက်လာတဲ့ The Bucket List  ဆိုတဲ့ ဇာတ်လမ်းကြောင့် နောက်ပိုင်း လူသိများ ၊ အသုံးများလာတဲ့ Idiom တစ်ခုပါ ။ "Kick the bucket" ဆိုတဲ့ Idiom/slang နဲ့ ဆက်နွယ်မှုရှိပါတယ် ။ "Kick the bucket"  ဆိုတာက လူတစ်ယောက် သေဆုံးသွားတာ ကို ပြောတာပါ ။ ( ရေပုံးကို ကန်လိုက်တယ် ... လို့ ဘာသာပြန်ရင်တော့ အကြီးကြီး လွဲမှာနော် :D ) ကဲ အပေါ်က မေးခွန်းလေးပဲ ပြန်မေးပါရစေ ။ What's on your bucket list ? သင့်ရဲ့  *Bucket list*  မှာ ဘာတွေ ပါ ပါသလဲ ... ??? သင် မကွယ်လွန်ခင်မှာ ဘာတွေများ ပြီးမြောက်အောင်မြင်အောင် လုပ်သ

အိပ်မက်တွေကို သတ်ပစ်သူ

    Doubt kills more dreams  than failure ever will. < Suzy Kaseem >   ဖြစ်ချင်တဲ့ ဆန္ဒ အိပ်မက်တွေကို ရှုံးနိမ့်မှုတွေ ထက် သံသယတွေ က သတ်ပစ်တာ ပိုများသတဲ့ . . . ကျွန်တော်တို့ တကယ် ဖြစ်ချင်တဲ့ အိပ်မက်တွေကို - ကိုယ့်ကိုကိုယ် လုပ်နိုင်မယ် မထင်ပဲ စိတ်အားတွေ ငယ်နေလို့ - စ လုပ်ကြည်ဖို့တောင် မဝံ့ရဲလို့ တကယ် မရှုံးသေးပဲ ကြိုပြီး အရှုံးပေးလိုက်ရတာတွေ ဘယ်လောက်တောင် များနေပြီလဲ . . . ? ? ? ကိုဇင်ဇေ Active English သင်တန်း     Unicode Versionျဖစ္ခ်င္တဲ့ ဆန္ဒ အိပ္မက်တြေကို ရှုံးနိမ့်မှုတြေ ထက် သံသယေတြ က သတ္ပစ္တာ ပိုမ်ားသတဲ့ . . . က်န်ြတ္တောို့ တကယ်ျဖစ္ခ်င္တဲ့ အိပ္မက်တြေကို - ကိုယ့်ကိုကိုယ် လုပ္နိုင္မယ် မထင္ပဲ စိတ်အားတြေ ငယ်နေလို့ - စ လုပ်ကြည္ဖို့တောင် မဝံ့ရဲလို့ တကယ် မရှုံးသေးပဲ ကျြိုပီး အရှုံးပေးလိုက်ရတာတြေ ဘယ်လောက်တောင် မ်ားနျေပီလဲ . . . ? ? ? ကိုဇင်ဇေ Active English သင္တန်း