Skip to main content
Posts
Showing posts from February, 2016
Call in sick ဆိုတာ ...
Call in sick ဆိုတာ - Phone your boss to say you can't come to work because you're sick. နေမကောင်း ဖြစ်နေလို့ သူဌေးကို ဖုန်းဆက်ပြီး အလုပ်ကို မလာနိုင်ကြောင်း ပြောတာပါ ။ ( အလွယ်ပြောရင်တော့ - ဖုန်းဆက်ပြီး ခွင့်တိုင်တာပေါ့ ။ ) A: Where is Bob? He's not at his desk. ဘော့ဘ် ဘယ်မှာလဲ ? သူက သူ့ ( အလုပ် ) စားပွဲမှာ မရှိဘူး ။ B: He called in sick. သူက ဖုန်းဆက်ပြီး ခွင့်တိုင်ထားတယ် ။ ==== * English ဘာသာစကား စွမ်းရည် တစ်နေ့တခြား တိုးတက်ပြီး အသိပညာ နဲ့ အခွင့်အလမ်း အသစ်များကို ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ။ :) လေးစားလျက် ကိုဇင်ဇေ ( Active English သင်တန်း ) < Ref : Language Success Press >
The Mummy Returns-Elementary-စာအုပ်
* အချို့တွေ ဖတ်မရမှာ စိုးလို့ Unicode နဲ့ အောက်မှာ ထပ် ရေးပေးထားပါတယ် ။ * #ActiveEnglish သင်တန်းသားတွေ အတွက်ရော Online ပေါ်က တဆင့် English ဘာသာစကားလေ့လာနေသူတွေအတွက်ရော အဆင်ပြေအောင် အားလုံးနဲ့ ရင်းနှီးပြီးသား ဇာတ်လမ်း တစ်ပုဒ်ကို ဖတ်ဖို့တင်ပေးလိုက်ပါတယ် ။ "The Mummy Returns" ပါ ။ ရုပ်ရှင်ကြည့်ဖူးတဲ့လူတွေအနေနဲ့ ဖတ်ရတာ ပိုလွယ်ကူသွားမှာပါ ။ Elementary - Level လေ့လာသူတွေနဲ့ ကိုက်ညီအောင် Penguin Reader ကနေ စီစဉ်ထုတ်ဝေပေးထားတာ ဖြစ်တဲ့အတွက် ဖတ်ရတာ သိပ်မခက်ဘဲ အဆင်ပြေမှာပါ ။ စာအုပ်နောက်ဆုံးမှာ ဖတ်ပြီး ကိုယ့်ရဲ့ နားလည်နိုင်စွမ်းကို ပြန်စစ်ဆေးနိုင်အောင် မေးခွန်းလေးတွေလည်း တွဲပေးထားပါတယ် ။ ဆရာတွေ အနေနဲ့ ကျောင်းသားတွေကိုဖတ်ခိုင်းပြီး ပြန်သင်ပေးတဲ့အခါမှာ ဘယ်လို Activities မျိုးလေးတွေ သုံးသင့်တယ်ဆိုတာလည်း ထည့်ပေးထားပါတယ် ။ ( ဆရာလွတ် လေ့လာနေသူတွေလည်း ဒီနည်းလေးတွေကို ကိုယ့်ဘာသာကိုယ် ပြန် လေ့ကျင့်ကြည့်နိုင်ပါတယ် ) နှစ်သက် အဆင်ပြေတယ်ဆိုရင် အများအတွက် ထပ်ဆင့်မျှဝေ ပေးသွားနိုင်ပါတယ်ဗျာ ။ :) အောက်ပါ လင့်ကနေ အခမဲ့ ဒေါင်းလုပ်ချပြီး ဖတ်နိုင်ပါတယ် ။ ( 8.5 Mb လောက်ပဲ ရှိပါတယ် ) http://www.mediafire.com/d
အနိုင်ယူဖို့ ခက်တဲ့လူ
Active English - February နှင့် March လ သင်တန်း အချိန်ဇယားများ ( 17.2.2016 ထုတ် )
Active English - February နှင့် March လ သင်တန်း အချိန်ဇယားများ ( 17.2.2016 ထုတ် ) < အပေါ်ကစာတွေ ဖတ်မရရင် အောက်မှာ unicode နဲ့ရေးထားတာတွေ ဆင်းဖတ်ကြည့်ပါဗျာ ။ > သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့ ၁၀၀% အာမခံ သင်ကြားပေးနေတဲ့ Active English သင်တန်း ( February နဲ့ March လ အတန်း အချိန်ဇယားများ ပါဝင်ပါတယ် ) ======== ♦ English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန် ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ... "English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..." ♦ English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ... ♦   သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်... ♦   ကိုယ့်ကိုကိုယ် တိုးတက်အောင် ဘာဆက်လုပ်လို့ လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ... ♦   သင်ခန်းစာတွေတင် မက English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ... ♦   စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်.... ♦   ဆရာ ကိုဇင်ဇေ ကိုယ်တိုင် ( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီ စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတ
English Reading လေ့လာလေ့ကျင့်လိုသူများအတွက် သတင်းကောင်း
ဒီရက်ပိုင်းထဲမှာ ဖတ်လို့လွယ်မယ့် English ဝတ္ထုအတိုလေးတွေ / ဝတ္ထုရှည်ကို လွယ်အောင် ပြန်ချုံ့ရေးထားတာလေးတွေကို Online ပေါ်ကလေ့လာသူတွေ အတွက် Ebooks အနေနဲ့ တင်ပေးပါ့မယ် ။ ( အဆင်ပြေရင် အသံဖိုင်ပါထည့်ပေးပါ့မယ် ) အစကတော့ Copyright ကို မလေးစားရာကျမှာစိုးလို့ မတင်တာပါ ။ ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အနေနဲ့တောင် ပြန်ကူးရောင်းနေကြဆိုတော့ ကျွန်တော် ဒီမှာ တင်ပေးရုံနဲ့တော့ မူရင်း စာရေးသူတွေနဲ့ စာအုပ်တိုက်ကို သိသိသာသာကြီး ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြန်တွေးမိလို့ English ဘာသာစကားလေ့လာသူတွေရဲ့ လိုအပ်ချက်ကို ဦးစားပေးတဲ့ အနေနဲ့ တင်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာပါ ။ ( နောင် ဝင်ငွေကောင်းလာရင် / ဝယ်ရလွယ်လာရင်တော့ ဝယ်ဖတ်ကြပါလို့ ကြိုတင် တိုက်တွန်းလိုက်ပါရစေဗျာ )  #ActiveEnglish သင်တန်းသား/သူတွေကိုတော့ သင်တန်းမှာရှိတဲ့ Library ကို အကျိုးရှိရှိ အသုံးချဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်ဗျာ :) တစ်ခါတည်း ဖြည့်ပြောချင်တာလေး တစ်ခုက ကျွန်တော့် ကို မြန်မာဆရာတွေ ရေးထားတဲ့ စာအုပ်တွေ လာ လာ မတောင်းပါနဲ့ ခင်ဗျာ ။ လှုပ်လှီ လှုပ်လဲ့ ရပ်တည်နေရတဲ့ မြန်မာ စာအုပ်ထုတ်ဝေရေးလောကကို နာလန် မထူအောင် လုပ်နေသလို ဖြစ်နေတယ်လို့ ယူဆလို့
Level အဆင့်ဆင့် English Quiz ( 5 ) အမေး ၊ အဖြေ နဲ့ ရှင်းလင်းချက်
Level အဆင့်ဆင့် English Quiz ( 5 ) အမေး ၊ အဖြေ နဲ့ ရှင်းလင်းချက် ---------------------------------------- * အချို့တွေ ဖတ်မရမှာ စိုးလို့ Unicode နဲ့ အောက်မှာ ထပ် ရေးပေးထားပါတယ် ။ * * အချို့တွေ ဖတ်မရမှာ စိုးလို့ Unicode နဲ့ အောက်မှာ ထပ် ရေးပေးထားပါတယ် ။ * ဟို တစ်နေ့က တင်ပေးလိုက်တဲ့ Quiz-5 အတွက် အမေး ၊ အဖြေ နဲ့ ရှင်းလင်းချက်တွေကို တွဲပြီး တင်ပေးလိုက်ပါတယ် ။ ဝင်ရောက် ဖြေဆို လေ့ကျင့်သွားသူတွေ အတွက် အကျိုး တစ်ခုခု ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ :) နောက်ရက်တွေမှာလည်း အဲ့လို လေ့ကျင့်ခန်းတွေ ဆက်တင်ပေးသွားပါ့မယ် :) လေးစားလျက် ကိုဇင်ဇေ Active English သင်တန်း ========== < အမေး > လူတစ်ယောက် ကို အပြုအမူ တစ်ခု ဘယ်နှကြိမ်လောက် လုပ်လေ့ရှိသလဲလို့ မေးရင် / ကိုယ်တိုင်ကလည်း အပြုအမူ တစ်ခု ဘယ်နှကြိမ်လောက် လုပ်လေ့ရှိတယ်လို့ ပြောရင် Adverds of Frequency တွေကို သုံးရပါတယ် ။ အောက်က လေ့ကျင့်ခန်းရဲ့ ကွင်းစကွင်းပိတ်ထဲမှာ  ပေးထားတဲ့ Adverds of Frequency  တွေကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ဖြည့်ကြည့် / ပြောကြည့်ပါ ။ Level မြင့်တဲ့လူတွေ အတွက် Adverds of Frequency မဟုတ်ဘဲ Idiomatic Expression အနေနဲ့ ဖြည်
Pre-intermediate ( Part-2 ) တန်းခွဲသစ် များ
Pre-intermediate ( Part-2 ) တန်းခွဲသစ် ကို မနက်ဖြန် 11.2.2016 စဖွင့်ပါမယ် ။ ညနေ ၆ နာရီ ခွဲ ကနေ ၈ နာရီ အထိ သင်မှာပါ ။ တစ်ပတ် ကို ၂ ရက် ( ကြာသပတေး/သောကြာ) ပါ ။ သင်တန်းကြေးက Level တစ်ခုစာ ( ၃လ ) အတွက်ကို ၄ သောင်းခွဲ ပါ ။ စာအုပ်စာတမ်း / အသံဖိုင် နဲ့ Softwares တွေ ပါ အပြီးအစီးပါ ။ စာအုပ်ပေါင်း ၅၀၀ ကျော်ရှိတဲ့ mini-library သုံးစွဲခွင့်လည်း ပါပြီးသားပါဗျာ :) တက်ချင်ပြီး မအပ်ရသေးတဲ့ သင်တန်းသားဟောင်းတွေ / တက်ဖို့ စိတ်ဝင်စားတဲ့ သင်တန်းသားသစ်တွေ ရှိခဲ့ရင် 09 4311 5202 / 09 2522 74890 ကို ဖုန်း သေချာ ကြိုဆက်ထားလိုက်ပါ ။ လူ ကိုယ်တိုင် လာအပ်နိုင်ရင်တော့ ပို အဆင်ပြေပါတယ် ။ အတန်းအတော်များများက ကျွန်တော့် စာသင်ချိန် တစ်ဝက် စီပဲ ပါတာ ဖြစ်ပေမယ့် *** အဲ့ဒီ တန်းခွဲမှာက ကျွန်တော် တစ်ယောက်တည်း သီးသန့် သင်မှာပါ ။ သင်တန်းသားတွေ ရရင် ရသလောက် ဆွဲတင်သွားမှာ ဖြစ်ပေမယ့် Target Vocabulary Range က ( 4,000 to 5,000 ) ပါ ။ အနည်းဆုံး 2,500 to 3,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။ အစစ အရာရာ အဆင်ပြေကြပါစေဗျာ ။ :) လေးစားလျက် ကိုဇင်ဇေ ===== နောက်ထပ်ဖွင့်မယ့် Pre-intermediate Part(2) အတန်းတွေကိုပါ တင်ပေးလိုက်ပါတယ် ။ (1
Level အဆင့်ဆင့် English Quiz ( 5 )
Level အဆင့်ဆင့် English Quiz ( 5 ) လူတစ်ယောက် ကို အပြုအမူ တစ်ခု ဘယ်နှကြိမ်လောက် လုပ်လေ့ရှိသလဲလို့ မေးရင် / ကိုယ်တိုင်ကလည်း အပြုအမူ တစ်ခု ဘယ်နှကြိမ်လောက် လုပ်လေ့ရှိတယ်လို့ ပြောရင် Adverds of Frequency တွေကို သုံးရပါတယ် ။ အောက်က လေ့ကျင့်ခန်းရဲ့ ကွင်းစကွင်းပိတ်ထဲမှာ  ပေးထားတဲ့ Adverds of Frequency  တွေကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ဖြည့်ကြည့် / ပြောကြည့်ပါ ။ Level မြင့်တဲ့လူတွေ အတွက် Adverds of Frequency မဟုတ်ဘဲ Idiomatic Expression အနေနဲ့ ဖြည့်ရမယ့် ကွက်လပ်လေး ၂ ခုလည်း ထည့်ပေးထားပါတယ် ။ #ActiveEnglishသင်တန်း သား/သူတွေ Interchange Series နဲ့ လေ့လာနေသူတွေအနေနဲ့ Interchange 1 ( Unit - 6 ) ကို ပိုင်ပြီးသားဆိုရင် အလွယ်တကူဖြေနိုင်မှာပါ ။ ;) 1. Do you play sports? (ever) Sure. I play soccer. (twice a week) 2. Do you do aerobics at the gym? (often) No, I do aerobics. (hardly ever) 3. What do you do after class? (usually) I go out with my classmates. (about three times a week) 4. I hardly ever exercise. I just watch TV in my free time. I guess I'm a real (c----) (po----). 5. He does ae
Active English - February နှင့် March လ သင်တန်း အချိန်ဇယားများ
သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့ ၁၀၀% အာမခံ သင်ကြားပေးနေတဲ့ Active English သင်တန်း ( February နဲ့ March လ အတန်း အချိန်ဇယားများ ပါဝင်ပါတယ် ) ======== ♦ English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန် ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ... "English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..." ♦ English ဘာသာစကား နဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံနေရရင် ... ♦   သိတော့ သိတယ် ပြောလို့ မထွက်ဘူး ဖြစ်နေတယ် ဆိုတာမျိုး ကြုံနေရရင်... ♦   ကိုယ့်ကိုကိုယ် တိုးတက်အောင် ဘာဆက်လုပ်လို့ လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေရင် ... ♦   သင်ခန်းစာတွေတင် မက English ဘာသာစကား လေ့လာနည်း စနစ်တွေကိုပါ သေချာလေ့လာလိုပြီဆိုရင် ... ♦   စေတနာ ထားပြီး အပြန်အလှန် ဆွေးနွေးသင်ကြားပေးတာမျိုး ကို လိုအပ်နေပြီဆိုရင်.... ♦   ဆရာ ကိုဇင်ဇေ ကိုယ်တိုင် ( အခြား သင်ကြားရေး အတွေ့အကြုံရှိပြီ စေတနာ ပြည့်ဝတဲ့ ဆရာများနဲ့ အတူ ) ဦးစီး တည်ထောင် သင်ကြားနေတဲ့ Active English ကို လာရောက် လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ :) ***သင်တန်း အချိန်ဇယားများ ( တင်္နလာ မှ ကြာသပတေး = ၆ ချိန် ) 7:00-8:30 A
English ဘာသာစကားကို မိမိဘာသာ လေ့လိုသူများ အတွက်
♦ English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက် ================================ English ဘာသာစကားကို ကိုယ့်ဘာသာ ဘယ်လို လေ့လာရမလဲဆိုတာ ကို အွန်လိုင်းကနေ လှမ်းမေးတဲ့ လူတွေများတယ် ။  သင်တန်း ဆင်းသွားတဲ့ တပည့်တစ်ချို့လည်း ပြန်မေးတတ်ကြတယ် ။ < တကယ်က သူတို့ကို သင်တန်း စဖွင့်တဲ့ ပထမဆုံး ၂ ရက်မှာ ကတည်းက အဲဒါတွေ သေချာ အချိန်ယူ ရှင်းပြပြီးသားကို မေ့သွားကြပြီး ပြန် ပြန်မေးကြတာ :D > ဒါကြောင့် အကျိုးရှိမယ် ထင်လို့ ဒီစာလေး ရေးပေးလိုက်ပါတယ် ။ ကိုက်သော် ယူ ပါဗျာ ။ ♦ English ဘာသာစကားကို Self-study လုပ်ချင်သူတွေ အနေနဲ့ Cambridge ကထုတ်တဲ့ Interchange Series ကို လေ့လာသင့်ပါ တယ် ။ Communication skill ( Listening / Speaking ) ကို အဓိက ထားတဲ့ သင်ရိုး မို့လို့ပါ ။  ။ Reading & Writing လည်း ပါပေမယ့် အတော်လေး မှိန်ထားတယ် ။ Interchange Series က ၄ အုပ်ရှိတယ် ။ Intro , 1 , 2 , 3 ဆိုပြီးထွက်တာ ။ ဈေးကွက်ထဲမှာလည်း လွယ်လွယ် ဝယ်လို့ရတယ် ။ Listening လေ့ကျင့်ဖို့ အခွေလည်း ဝယ်လို့ ရတယ် ။ ( အဆင်မပြေရင် Memory Stick ယူပြီး သင်တန်းမှာ လာတောင်းလို့ရပါတယ် ) Interchange 1 ဝယ်ပြီး စလေ့လာ လို့ရတယ် ။ ပြီးရင် Intercha