Skip to main content

Posts

Showing posts from August, 2015

Level-3 (Intermediate Part-1) ဆက်တက်ချင်တဲ့လူတွေအတွက်ပါ

#ActiveEnglish သင်တန်းသား/ သင်တန်းသူတွေထဲက Level-3 (Intermediate Part-1) ဆက်တက်ချင်တဲ့လူတွေ Comment or message ပေးထားပါဗျာ ။ လောလောဆယ် Sat/Sunday 4 to 6 pm စီစဉ်ပေးထားပါတယ် ။ အဆင်ပြေမပြေ ပြောပေးထားကြပါ ။ ၉ လပိုင်းထဲမှာ စဖွင့်ပေးပါမယ် ။ :) ထုံးစံအတိုင်း သင်တန်းသားဟောင်းတွေကို ဦးစားပေးလက်ခံမှာပါ ။ သင်တန်းသားအသစ်ကိုတော့ Level နဲ့ Mindset ပေါ်မှာ မူတည်ပြီး စဉ်းစားလက်ခံသွားမှာပါ ။ တက်ချင်သူတွေ 09250005174 ကို လည်း နာမည်နဲ့ ဖုန်းနံပါတ် Message ပို့ပေးထားနိုင်ပါတယ် ။ လေးစားလျက် #ကိုဇင်ဇေ

ဖြေဆိုရင်း လေ့လာ English စာ (101)

ဖြေဆိုရင်း လေ့လာ English စာ (101) ------------------------------------------ ကွင်းစ ကွင်းပိတ်ထဲက စကားလုံး( ---- ) အစား a,b,c ထဲက သင့်တော်တဲ့ Idiom ကို ပြန်ဖြည့် သုံးပေးရမှာပါ ။ :) Jack made the engine of his car ( useless ) by forgetting to add oil of it regularly. a. got worse b. used to c. wore out . . . *Language Notes* ကို ဖတ်ပြီးလေ့လာလိုက်ရင် ဖြေလို့ ပိုလွယ်သွားမှာပါ ။ :) ♦ wear out  -to use something until it has no value or worth anymore , တစ်စုံတစ်ခုကို သုံးမရတော့တဲ့ အထိ / တန်ဖိုးမရှိတော့တဲ့ အထိ ဖြစ်အောင် သုံးပစ်လိုက်တာကို ပြောတာပါ ။ -to make useless through wear (S) ဝတ်ရင်းဝတ်ရင်းနဲ့ သုံးမရ/ဝတ်မရတော့တဲ့ အနေအထားရောက်သွားစေတာကို ပြောတာပါ ။ Eg : When I wear out these shoes , I'll have to buy some that last longer. What do you do with your clothes after you wear them out ? ♦ get worse - to become worse ပိုပိုပြီး ဆိုးလာတယ် ။ Eg : I hope the economy doesn't get any worse than it is now. ♦ used to - formerly did လုပ်ခဲ့ဖူးတယ် ( အခု မလုပ်တော့ဘူး ) - had the habit of အကျင့်ရှ

ဖြေဆိုရင်း လေ့လာ English စာ

ဖြေဆိုရင်း လေ့လာ English စာ -------------------------------- < အောက်ဘက်မှာ ဒီ လေ့ကျင့်ခန်းကို အဖြေ/မှတ်စု နဲ့တွဲပြီး တင်ပေးထားပါတယ်  :) > ♦ 1,2,3 က Sentences တွေနဲ့ A,B,C က Vocabulary တွေ ကို သင့်တော်ရာကို တွဲပေးဖို့ပါ ပဲ ။ လူတစ်ယောက် ရဲ့ အကျင့်စရိုက် ၊ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်မယ့် စကားလုံးတွေကို လေ့ကျင့်ပြီးသားဖြစ်အောင်ပေါ့ ။ :) 1. My sister is in the office from 8 am to 6 pm every day. 2. He has never bought me a drink in ten years. 3. She often promises to do things but sometimes she forgets. A. mean B. unreliable C. hard-working . . . . . အဖြေမှန် 1C 2A 3B Notes : hard-working (adj) - အလုပ်ကြိုးစားသော mean (adj) - ကပ်စေးနည်းသော unreliable (adj) - အားကိုးအားထား မပြုထိုက်သော / ယုံကြည် ကိုးစားမှုမပြုနိုင်သော * mean ကို verb အနေနဲ့ သုံးတာမဟုတ်ဘဲ adjective အနေနဲ့ သုံးထားတာကို သတိထားပါ ။ ♦ ဒီ page/group မှာ English Vocabulary တိုးပွားလာဖို့ ၊ သိပြီးသားတွေကိုလည်း ပြန်နွှေးနိုင်ဖို့ လေ့ကျင့်ခန်းလေးတွေ တင်ပေးပါ့မယ် ။ Comment မှာ ပုံမှန် ဝင်ဖြေသွားနိုင်ပါတယ် ။ ♦ English ဘာသာစကား

အားကစား Vocabulary

အားကစား Vocabulary #ကိုဇင်ဇေ #ActiveEnglish Courtesy of #Woodward သင်တန်း တက်ရောက် လေ့လာလိုပါက >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html ?m=1

Home အတွက် သာမန်ထက် ထူးခြားတဲ့ Definition လေး တစ်ခု

Home အတွက် သာမန်ထက် ထူးခြားတဲ့ Definition လေးတစ်ခုပေါ့ ။ :) အိမ် ဆိုတာ . . . ကြည့်ကောင်းအောင် လုပ်နေစရာမလိုဘဲ ကိုယ် နေချင်သလို နေနေပြီး ကျေနပ်ပျော်ရွှင်နေနိုင်တဲ့ နေရာလေ . . . :) #ကိုဇင်ဇေ #ActiveEnglishJokes သင်တန်း တက်လိုပါက လေ့လာရန် >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html ?m=1

Active English (Interactive English Classes) < September/October လ အတွက် တန်းခွဲသစ်အချိန်ဇယားများ ပါဝင်သည်။

သင်တန်းသားများ အဆင်ပြေစေဖို့ ၁၀၀% အာမခံပေးတဲ့ Active English (Interactive English Classes) <  September /October လ အတွက် တန်းခွဲသစ်အချိန်ဇယားများ ပါဝင်သည်။ > ============================= English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန် ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ... "English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..." အခြေခံ မကောင်းခဲ့၍ English ဘာသာစကားကို ကြောက်နေသူများ ၂ လ မှ ၆ လ အတွင်း မိမိကိုယ် မိမိ ယုံကြည်စွာ ပြောဆိုရေးသားနိုင်ရန် သင်ကြားပေးနေပါပြီ ... သင်ကြားမှူ ပုံစံနဲ့ မိမိရဲ့ တိုးတက်မှူ အပေါ် စိတ်တိုင်းကျ ကျေနပ်မှူ မရှိရင် တစ်ပတ် အတွင်း သင်တန်းကြေး (၁၀၀) ရာခိုင်နှုန်း ပြန်အမ်းပေးသွားပါ့မယ် ။ - ကျွန်တော် သင်တန်းသားတွေကို ကိုယ်ချင်းစာလို့ ဒီ အစီအစဉ်ကို ထည့်ပေးတာပါ ။ စာတတ် ၊ စာတော်တိုင်းလည်း စာမသင်တတ်ပါဘူး ။ စာသင်တတ်တိုင်းလည်း ကိုယ်နဲ့ကိုက်မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး ။ ဒီတော့ သင်တန်းရဲ့ ဟန်နဲ့ မကိုက်ရင် မြန်မြန် တခြား ကိုယ်နဲ့ပိုအဆင်ပြေတဲ့ ဆရာရှာနိုင်ဖို့ ဒီအစီအစဉ်ကို ထည့်ပေးထားတာပါ ။ - တန်းခွဲ တစ်ခုမ

ရန်ကုန် - ညောင်တုန်း ( လူ သီးသန့် ၁၅ ယောက်စာလောက် ) ကား အကူအညီ ပေးနိုင်ရင် ပြောကြပါ

ရန်ကုန် - ညောင်တုန်း ( လူ သီးသန့် ၁၅ ယောက်စာလောက် ) ကား အကူအညီ ပေးနိုင်ရင် ပြောကြပါ ။ ကူညီရုံသက်သက် မဟုတ်ဘဲ အခကြေးငွေ နဲ့ ဆိုလည်း ရပါတယ် ။ #ကိုဇင်ဇေ 09250005174 ရေဘေး ကူညီဖို့အတွက် ကြယ်ငါးကောက်သူများအဖွဲ့ ဒီနေ့ 13.8.2015 ကြာသပတေးည သန်းခေါင်ကျော် စထွက်မယ့် ခရီးစဉ် - ရန်ကုန်က နေ ညောင်တုန်း ကို ကားနဲ့ သွားရပါမယ် ။ ( ရေစီးအရမ်းကြမ်းနိုင်တဲ့ နေရာကို ရှောင်ရမှာမို့လို့ အောက်က လမ်းကြောင်းအတိုင်း အတိုင်းသွားပါမယ် ။ အဲ့ဒီမှာလည်း အတန်အသင့်တော့ ရေစီးရှိမှာပါပဲ ။ သွားလှုရမယ့် နေရာမှာ မြေကြီးပေါ် ခြေချလို့မရသေးပါဘူး ။ ရေက အနည်းဆုံး လူ တစ်ရပ်ကျော်တွေပဲ ဖြစ်မှာမို့ သတိ/သတ္တိ မွေးနိုင်မှ လိုက်ပါ ခင်ဗျာ) - ပြီးရင် စက်လှေနဲ့ သံကြိုး ရွာကို ၁နာရီခွဲလောက် ကြာအောင် သွားရပါမယ် ။ - ပြီးရင် ဆိုင်ကယ် ကယ်ရီတွေနဲ့ တာရိုးကို ဖြတ်ပြီး ၁၀ မိနစ်စာ ခရီးကို သွားရပါ့မယ် ။ ( အခြားယာဉ် နဲ့ သွားမရပါ ။ ဆန်အိတ် ၁၀၀ ကို အခေါက်ခေါက် အခါခါ သယ်ရမှာပါ ။  ) - ပြီးရင် စက်လှေ အသေးလေးတွေနဲ့ သွားလှုမယ့်ရွာ အထရောင် ကို ၁ နာရီခွဲ လောက် ကြာအောင် ထပ်စီးရပါမယ် ။ ( အထရောင် ကနေ နောက် ထပ်လှုမယ့် ကတုက္ကမရွာ  ကို နာရီဝက် လောက် ကြာနိုင်ပါတယ် ) - မနက်

Unit-5_မိသားစု အကြောင်း စကားစမြည်

Unit-5 " မင်း မိသားစု အကြောင်းလေး ပြောပါဦး  " တစ်ယောက်နဲ့ တစ်ယောက် မိသားစု အကြောင်း စကားစမြည်ပြောတဲ့အခါ အသုံးချနိုင်မယ့် စကားပြောဟန်လေးတွေကို လေ့လာလေ့ကျင့်နိုင်ဖို့တင်ပေးလိုက်ပါတယ် ။ Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အနေနဲ့ ဒီ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။ ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။ - English လို သက်သက် တစ်ပိုင်း - မြန်မာလို သက်သက် တစ်ပိုင်း - English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။ အဆင့်လိုက် လေ့ကျင့်နည်း --------------------------------- အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။ အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။ ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။ အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။ English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။ ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် ) မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ

ကြယ်ငါးကောက်သူများ အဖွဲ့ရဲ့အလှု

ကြယ်ငါးကောက်သူများအဖွဲ့ရဲ့ အလှုခံရ ရှိတာတွေထဲက တစ်ချို့ကို အောက်က screenshot မှာပါဝင်တဲ့ မကွေးတိုင်းရေစကြိုမြို့နယ် ဇယမ ကျေးရွာကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှုဒါန်းခဲ့ပါတယ် ။ ကျွန်တော်တို့ ရောက်တော့ ရေပြန်ကျသွားပြီမို့လို့ သိပ်စိုးရိမ်စရာတော့ မရှိတော့ပါဘူး။ အရင် ရေတက်ခဲ့တဲ့ နေရာတွေကို မြင်နေရသလောက်တော့ လူကြီး တစ်ရပ် အသာလေးကျော်ပါတယ် ။ ဒါပေမယ့် အဲ့ဒီရွာတွေကတော့ ရေတက်နေကျမို့လို့ ခြေတံရှည် အိမ်လေးတွေ များပါတယ် ။ နှစ်တိုင်း ရေတက်လေ့ရှိပေမယ့် ဒီနှစ် တက်တာကတော့ အဆိုးဆုံးပဲလို့ ရွာခံ အသက် ၇၀ ကျော် အဘကြီး ကပြောပါတယ် ။ အဓိက က တော့ ရေက အရင်နဲ့ လုံးဝမတူဘဲ နုန်းတွေ ပါလွန်းတာမို့ သုံးဖို့/သောက်ဖို့မလွယ်ပါ လို့ ပြောပါတယ် ။ ( ကျွန်တော့် အထင် အဲ့လောက်ရေကတော့ ရေသန့်ဆေး နဲ့ သန့်ပြီးသောက်ဖို့တောင် မလွယ်ပါဘူး ။ နှစ်ထပ်အိုး/သဲ/ခဲ/မီးသွေး/ နဲ့ တစ်ခါ အရင် စစ်ချပြီးမှ ရေသန့်ဆေး ထပ်ခတ်ပြီး သောက်နိုင်အောင် လုပ်မှရ မှာပါ ) ရေတက်ထားတော့ အနားက ဘုန်းကြီးကျောင်း ( ကျွန်တော်တို့ ခရီးဝင်ထောက်ခဲ့သေးတဲ့ ) ကနေ ရေလမ်းကြောင်းပေါက်ပြီး ရေသန့်ဘူးတွေ ရနေတာမို့ ရေသန့်ဆေးသုံးဖို့လည်း ရွာခံတွေက သိပ် စိတ်မဝင်စားကြပါဘူး ။ ရေဒီ့ထ

စနေ/တနင်္ဂနွေ ၂ ရက် သင်တန်းပိတ်ပါသည် ။

8.8.2015 နှင့် 9.8.2015 ( စနေ/ တနင်္ဂနွေ ) နှစ်ရက် #ActiveEnglish သင်တန်းပိတ်ပါသည် ။ ဆရာများရော သင်တန်းသားအချို့ပါ ရေစကြို အနီးတဝိုက်ရှိ ကျေးရွာများမှ ရေဘေးသင့် ပြည်သူများကို သွားရောက် လှုဒါန်းကူညီနေကြ၍ ဖြစ်ပါသည် ။ ပိတ်ရက်များကို ထုံးစံအတိုင်း အစားထိုး ပြန်သင်ပေးသွားပါမည် ။ သင်တန်းကိစ္စစုံစမ်းရန် 0943115202 ကိုသာ ဦးစားပေး ဆက်သွယ်စေချင်ပါသည် ။ လေးစားလျက် #ကိုဇင်ဇေ ( Founder and Trainer @ActiveEnglish )

ကြယ်ငါးကောက်သူများ - အလှုခံထွက်မည်

#ActiveEnglish သင်တန်းသူ/သားများနှင့် Online ပေါ်မှ မိတ်ဆွေ သူငယ်ချင်းများ ခင်ဗျား ကျွန်တော်များ " ကြယ်ငါးကောက်သူများ " ပရဟိတ အဖွဲ့ ဟာ မနက်ဖြန် 5.8.2015 မှာ ရေဘေးသင့် ပြည်သူများအတွက် ရန်ကုန်မြို့တွင်းရှိ လူ စည်ကားရာနေရာတွေကို အလှုခံ ထွက်ကြပါမယ် ခင်ဗျား ။ လုပ်အားဒါန အနေနဲ့ တစ်တပ်တစ်အား ကူညီလိုသော မိတ်ဆွေ သူငယ်ချင်းများ / သင်တန်းသား သင်တန်းသူများ ရှိခဲ့ရင် 09250005174 သို့ ဖုန်းဆက်၍သော်လည်းကောင်း/message ပို့၍သော်လည်းကောင်း စာရင်းပေးနိုင်ပါတယ် ခင်ဗျား ။ ရ ရှိလာသော အလှုငွေ နှင့် ပစ္စည်းများကို အမှန်တကယ်လိုအပ်နေသော ရေဘေးသင့် ပြည်သူများထံ ရောက်အောင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှုဒါန်းသွားမှာပါ ။ ( လက်ရှိတော့ 6.7.2015 မှာ ပွင့်ဖြူ အနီးတဝိုက် အလှုရှင် အရောက်နည်းနေသေးသောရွာများ *မြို့ပေါ်မဟုတ်* ကိုသွားဖို့ ရည်ရွယ်ထားပါတယ် ။ ) အချိန်နဲ့ အမျှ အကူအညီလိုအပ်တဲ့ နေရာ များက အပြောင်းအလဲ ရှိနိုင်လို့ သွားရောက်လှုဒါန်းတဲ့ နေရာလည်း အပြောင်းအလဲ ရှိနိုင်ပါတယ် ဗျာ ။ အလှုရှင်များရဲ့ သဒ္ဒါ တရားကိုလည်း ယုံကြည်အားကိုးစွာ နည်းများမဆို အလှုခံပါတယ် ခင်ဗျာ ။ " လောကကြီးမှာ ရှိ သမျှ ကြယ်ငါးတွေ အားလုံးအတွက် ထူးခြ

ရေဘေး ကိုယ်တိုင် ကိုယ်ကျ သွားလှုပါမည် ။ု

" ကြယ်ငါး ကောက်သူများ " အဖွဲ့အနေနဲ့ - ပွင့်ဖြူ ( ကျောင်းတော်ရာ ကို ဦးစားပေး ) သို့မဟုတ် - စေတုတ္တရာ ဘက်ကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး လှုဒါန်းဖို့ စီစဉ်ထားပါတယ် ။ ကြာသပတေး နေ့ ( 6.8.2015 ) မနက် ရန်ကုန်ကနေ ထွက်ပါမယ် ။ ရောက်ပြီးသူတွေ / ဒေသခံတွေ အနေနဲ့ ဆောင်ရန် ရှောင်ရန် များ ကို အကြံပေးနိုင်ပါတယ် ။ အလှုငွေ / ပစ္စည်း များလည်း လက်ခံနေပါတယ်။ လာယူပေးဖို့လိုရင်လည်း လာယူပေးပါ့မယ် ။ ပို့ဆောင်ရေး ကူညီလိုသူများ လမ်းကြောင်း ပြောပြလိုသူများလည်း ဆက်သွယ်ပေးကြပါ ။ ကျေးဇူးအထူးတင်လျက် #ကိုဇင်ဇေ ( 0925000 5174 / 094311 5202 ) ( ကြယ်ငါးကောက်သူများ )

ရေဘေး ကူညီနိုင်ဖို့အတွက်

ရေဘေးဒဏ်ခံ ဒေသတွေအတွက် ကျွန်တော်တို့လည်း တတ်စွမ်းသလောက် အကူအညီပေးနိုင်ဖို့ ကြိုးစားစီစဉ်နေပါတယ် ။ ကျွန်တော်တို့ အနေနဲ့ #ActiveEnglish သင်တန်းသား/သူများ စုပေါင်းပြီးတော့ရော #MyanmarDream မြန်မာ့အိပ်မက် စာရေးသူ၊ဖတ်သူများ အနေနဲ့ရော အွန်လိုင်းပေါ်က တခြား ကျွန်တော်တို့ရဲ့ အသိမိတ်ဆွေ ၊ ညီအကို မောင်နှမများပူးပေါင်းပြီးတော့ရော တတ်စွမ်းသလောက် ငွေအား ၊ ပစ္စည်းအား ကူညီနိုင်အောင် ကြိုးစားနေပါတယ် ။ အားလုံးကို စုပေါင်းပြီး " ကြယ်ငါး ကောက်သူများ " လို့ ယာယီ နာမည်ပေးထားပါတယ် ။ လောလောဆယ်မှာ ဖြတ်မရတဲ့ အလုပ်ကိစ္စတွေကြောင့် သက်ဆိုင်ရာဒေသတွေကို သွားရောက်ပြီး ချက်ချင်း မကူညီနိုင်ပေမယ့် နိုင်သလောက်တော့ တစ်နည်းနည်း နဲ့ ကူညီပေးနိုင်အောင် ကြိုးစားနေပါတယ် ။ ဒီ တစ်ပတ် ဗုဒ္ဓဟူး ( သို့မဟုတ် ) ကြာသပတေးမှာတော့ သင်တန်းပိတ်ပြီး  ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ကူညီ လှုဒါန်းဖို့စီစဉ်ထားပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ဆီကနေ တဆင့် ရေဘေးဒဏ်ထိသော ပြည်သူအများကို ကူညီလှုဒါန်းနိုင်ကြောင်း ပြောလိုပါတယ်  ။ လှုတဲ့ နေရာမှာ ငွေ မှ မဟုတ်ပါဘူး ။ အစားအသောက် ၊ ဆေးဝါး ၊ အဝတ်အစား စတဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း လှုဒါန်းနိုင်ပါ