Skip to main content

Posts

Active English-"ငွေကြေးကြောင့် သင့် ပညာရေး ...လုံးဝ ...လုံးဝ... မဝေးစေရပါ..."

"ငွေကြေးကြောင့် သင့် ပညာရေး ...လုံးဝ ...လုံးဝ... မဝေးစေရပါ..." ALS (Active Learning Society-Active English) က စီစဉ်တဲ့ သင်တန်းများကို တတ်ရောက်လိုသော်လည်း... ငွေကြေး အမှန်တကယ် အခက် အခဲ ရှိနေသူများ ရှိခဲ့ရင် သီးသန့် လူကိုယ်တိုင် လာရောက်ဆက်သွ ယ်မေးမြန်းပေးပါ.... ကျွန်တော် တကယ် ကူညီဖို့ သံဓိဋ္ဌာန် ချထားပြီးသားပါ... ဒါပေမယ့် လူကိုယ်တိုင် လာရောက် စုံစမ်းပေးပါ... ပညာသင် ဆု ပေးနိုင်အောင် ကြိုးစားစီစဉ်ထားပါတယ်... "ပညာဒါန" သဘော တက်ရောက်ခွင့်ရခဲ့ရင်တောင် လူအများကြီး ( ၅၀ ၊ ၁၀၀ ) ခန့်နဲ့ ရောသင်ရမှာမျိုး လုံးဝမဟုတ်ပဲ ကျွန်တော်တို့ရဲ့ (၁၀ ဦး မှ ၁၆ ဦး) သာ လက်ခံ မယ့် တန်းခွဲတွေမှာ သင်ကြားခွင့်ရမှာပါ ။ ဒါပေမယ့် လုံးဝ အလကား ဆိုတာ မျိုးတော့ မရပါဘူး ။ "ဈေးပေါသွားမှာ စိုးလို့ ၊ တန်ဖိုး မထားတတ်ကြမှာစိုးလို့ ပါ ..." ကျွန်တော်တို့ ကို တစ်ခု ခု ပြန်ပေး ရပါမယ် ... တတ်နိုင်တဲ့ တစ်ခု ခုကို ပဲ ကျွန်တော်တို့ ဘက်က တောင်းဆိုမှာ ဖြစ်ပါတယ်... ဒါကြောင့် အမှန်တကယ် ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင် လူကိုယ်တိုင်သာ လာရောက် စုံစမ်းစေချင်ပါတယ်.... တကယ် စိတ်ရင်း မှန်ပြီး တိုးတက...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."

1 " English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ? ကျွန်တော့်ကို မေးကြတဲ့ သင်တန်းသားတွေ ၊ မိတ်ဆွေ သူငယ်ချင်းတွေ အတော်များလို့ပါ ။ အခုတော့ အတိုချုံးပြီး ပြောပေးပါ့မယ် ။ နောက်ကျရင်တော့ အသေးစိတ် ထပ် ဆွေးနွေးပေးပါ့မယ်ဗျာ ။ ------------------- English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူးဆိုတဲ့ လူအများစုမှာ ဖြစ်တတ်တာက ကြုံရာ ကျဘမ်း ၊ ဟိုစပ်စပ် ဒီစပ်စပ် လေ့လာနေမိတတ်တာပါ ။ ကြုံတဲ့ သင်တန်းတက်တယ် ကြုံတဲ့ စာအုပ် ၊ ဆောင်းပါး ဖတ်တယ် စသဖြင့်ပေါ့ .... ဒီလို ကြုံရာ လုပ်တာက Intermediate အဆင့်လောက် ရောက်ပြီးတဲ့ လေ့လာသူတွေ အတွက်ဆို သိပ် ပြသနာ မရှိပါ ။ အဲ အဆင့်လောက် မရောက်သေးပဲ ( ကိုယ့်ကို ကိုယ် ဘယ်အဆင့် ရောက်လို့ ရောက်နေမှန်း တောင် မသိသေးပဲ ) အဲလို ကြုံရာ လေ့လာ မိရင် တိုးတက်မှုနှုန်း နှေးတတ်ပါတယ် ။ ဒီတော့ ကိုယ့်မှာ အဲလို ပြသနာ ကြုံနေရင် စနစ်ကျတဲ့ ပုံစံ ၊ သင်ရိုး တစ်ခု ထားပြီး လေ့လာပေးပါ ။ သင်ရိုး တစ်ခုကို စွဲပြီး လေ့လာပေးပါ ။ ( Cambridge, Oxford , Longman , MacMillan တို့ရဲ့ Course/ Publication တစ်ခုခု ကို သာ ကိုင်လိုက်ပါ ။ ) ကိုယ့် တိုးတက်န...

အချို့တွေ အရည် အသွေး အလွန်ရှိပေမယ့် နေရာပေး မခံရတာ

ထုတ်ကုန် တစ်ခုကိုပဲ ဖြစ်ဖြစ် အရည် အသွေး တစ်ခုကိုပဲ ဖြစ်ဖြစ် ဈေးကွက် တင်တတ်ဖို့ အရေးကြီးတယ် ... မဟုတ်ရင် ကိုယ့်ရဲ့ ထုတ်ကုန် ၊ အရည် အသွေး ဘယ်လောက်ပဲ ကောင်းနေပါလေ့စေ ... တန်ဖိုးထား မခံရတတ်ဘူး.... အချို့တွေ အရည် အသွေး သိပ်မရှိဘူး ထင်ရပေမယ့် နေရာ ရနေတာ ဒါ့ကြောင့်ပဲ... အချို့တွေ အရည် အသွေး အလွန်ရှိပေမယ့် နေရာပေး မခံရတာ ဒါ့ကြောင့်ပဲ.... Marketing & Branding ကို အထင်မသေးပါနဲ့ ... ကိုယ့်အတွက် အားနည်းချက် ဖြစ်သွားလိမ့်မယ် .... လေးစားလျှက် ကိုဇင်ဇေ (STG) www.facebook.com/sharingtogethergroup

ဘယ်တော့မှ နောက်မကျသေးပါဘူး...

ပန်းတိုင် အသစ် တစ်ခု တည်ဆောက်ဖို့... အိပ်မက်သစ် တစ်ခု ထပ်မက်ဖို့ ... ဘယ်တော့မှ နောက်မကျသေးပါဘူး... ဘဝမှာ ငြီးငွေ့စရာတွေ များလာရင်... ဘာလို့ အရာအားလုံးကို အစကနေ ပြန်မစရဲရမှာလဲ.... လက်ရှိ ဘဝရဲ့ ရှင်သန်နေထိုင်မှုမှာ မပျော်တော့ရင် ... ဘာကြောင့် နောက်ထပ် ကိုယ် ပျော်ရွှင်နိုင်မယ့်... ဘဝသစ် တစ်ခုကို ရှာဖွေ တည်ဆောက်ဖို့ ... နောက်တွန့်နေမှာလဲ...? အခုပဲ စလိုက်ပါ ... ဘယ်တော့မှ နောက်မကျသေးပါဘူး... ဘယ်တော့မှ နောက်မကျသေးပါဘူး... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page   Mail and encourage author   Author on Facebook  

မြင်ကြည့်ပါ ... ခံစားပါ... အရောက်သွားပါ ....

ဘဝမှာ နောက်ဆုံးအချိန် နား နီးလာရင် ... ကိုယ့်ကိုကိုယ် ဘယ်လို အနေအထားနဲ့ မြင်ချင်လဲ... ကျန်ရစ်သူတွေ အတွက် ကိုယ်နဲ့ ပက်သတ်လို့ ဘာတွေ ချန်ထားခဲ့ချင်လဲ.... နောင် ၁၀ နှစ်မှာ ကိုယ့်ကိုကိုယ် ဘယ်လို အနေအထားနဲ့ မြင်ချင်လဲ... ငွေကြေး စီးပွါးရေး အရ ... လူမှုရေး အရ... ဘဝလူနေမှု ပုံစံ အရ.... ၅ နှစ်မှာ ရော ဘယ်လို မြင်ချင်လဲ.... ဒီ ၅ နှစ် ၁၀ နှစ် ပန်းတိုင်တွေ အတွက် ဘယ်လို စီမံကိန်းတွေချပြီး သွားနေလဲ... ၁ နှစ်မှာ ၆ လမှာ ဘာဖြစ်အောင် လုပ်မှာလဲ... နောင်လ ....မနက်ဖြန် ရော ....ဘာတွေ လက်တွေ့ အကောင် အထည် ဖော် လုပ်မှာလဲ... မြင်ကြည့်ပါ ... ခံစားပါ... အရောက်သွားပါ .... တစ်နေ့ တစ်လှမ်းတော့ အနည်းဆုံး ရောက်အောင် လှမ်းပါ.... မနေ့ကထက်တော့ ပို ပိုနီးလာမှာ... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page   Mail and encourage author   Author on Facebook  

မပြောင်းလဲနိုင်ပေမယ့် ... ပြောင်းလဲနိုင်ပါတယ်

ငါတို့ လုပ်သမျှဘယ် အရာကမှ အတိတ်ကို မပြောင်းလဲနိုင်ပေမယ့် .... ငါတို့ လုပ်သမျှ အရာရာတိုင်းကတော့ အနာဂတ်ကို ပြောင်းလဲစေနိုင်ပါတယ်..... ကို ဇင်ဇေ ( STG ) Please support us by liking and sharing our page Mail and encourage author   Author on Facebook  

ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အကြိုပါပဲ....

ရှုံးနိမ့်ခြင်းဟာ သင်ခန်းစာ ယူဖို့ အခွင့် အရေး ဖြစ်ပြီးတော့ .... သင်ခန်းစာ ရခြင်းဟာ အောင်မြင်ဖို့ အခွင့် အရေး ဖြစ်တာမှို့ .... ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အကြိုပါပဲ.... Please support us by liking and sharing our page Mail and encourage author   Author on Facebook