Skip to main content

Fans 20,000 ပြည့် အမှတ်တရ Ebook






Active English ( www.facebook.com/MmEnglishLearning ) ရဲ့
Fans 20,000 ပြည့် အမှတ်တရ Ebook ဒီမှာ ရယူဖတ်ရှူနိုင်ပါပြီ ခင်ဗျာ ...



http://www.mediafire.com/view/d05cc72e6kmk4th/Active%20English-အင်္ဂလိပ်စာ%20လေ့လာလိုသူများအတွက်.pdf

OR

https://drive.google.com/file/d/0Bx6cgo5aZ9VORDRzLVdkamp2cFU/edit?usp=sharing

OR

https://www.facebook.com/groups/MmEnglishLearning/files/

OR

https://www.dropbox.com/s/t7jc0514qsunayj/Active%20English-အင်္ဂလိပ်စာ%20လေ့လာလိုသူများအတွက်.pdf



အားလုံးပဲ မင်္ဂလာပါဗျာ ...
Active English Page ရဲ့ Fans နှစ်သောင်း ပြည့်တဲ့ အနေနဲ့  အမှတ်တရ စာအုပ် ( Ebook ) လုပ်ပေးမယ်ဆိုပြီး ကြေငြာခဲ့ပြီးမှ သတ်မှတ်ရက်ထက် ၄ ရက် လောက် နောက်ဆုတ်ပြီးမှ တင်ပေးလိုက်နိုင်တဲ့ အတွက် အရင်ဆုံး တောင်းပန်ချင်ပါတယ်ဗျာ ။
အခုလို စာအုပ်လေးကို Download ချပြီး ဖတ်နေပြီဆိုတော့ www.facebook.com/MmEnglishLearning ( Active English) ကို အတော်အတန် သံယောဇဉ် ရှိပြီးသားလူတွေလို့ပဲ ယူဆ ပါရစေဗျာ ။
ဒီစာအုပ်မှာ ပါဝင်တဲ့ ကဏ္ဍလေးတွေကို အရင် ရှင်းပြ ပါ့မယ်ဗျာ ။ စာဖတ်သူတို့ အဓိက လိုအပ်တဲ့ လိုချင်တဲ့ အပိုင်းကို အဓိကထား ဖတ်နိုင်ဖို့ပါ ။
( ၁ ) စ စ ချင်းတော့ Vocabulary အသုံးအနှုန်း လေ့ကျင့်ခန်း နဲ့ ရှင်းလင်းချက် ဆောင်းပါး ၃ ပုဒ် ထည့်သွင်းပေးထားပါတယ်  ...
"Have" ကို သုံးစွဲပုံ ( ၂ ) ပုဒ် နဲ့ "Say,speak,talk,tell,..." တို့ကို သုံးစွဲပုံ ( ၁ ) ပုဒ် တို့ ဖြစ်ပါတယ် ...

( ၂ ) နောက်ထပ် ထည့်ပေးထားတာကတော့ "မြန်သွက်မှန်ကန် တုံ့ပြန်ရန် " ဆိုတဲ့ ဉာဏ်စမ်းလေးတွေပါ။ ( ၄ )  ခု ပါ ဝင်ပါတယ် ။

( ၃ ) အနေနဲ့ကတော့ ဟာသများမှ တဆင့် English စာလေ့လာခြင်း ( Learning English Via Jokes ) အစီအစဉ် အတွက် ( ၂ ) ပုဒ် ထည့်ပေးထားပါတယ် ။ပေါ့ပေါ့ပါးပါး လေးပဲ ဖတ်သွားပါ ။  လေ့လာ ကျက်မှတ်ဖို့ထက် ထိတွေ့မှု ရရှိစေလိုခြင်းကို ဦးစားပေးတဲ့ အစီအစဉ် မှို့လို့ ဖြစ်ပါတယ် ။

( ၄ ) ကတော့ Idioms သုံးစွဲပုံလေးတွေနဲ့ ဉာဏ်စမ်းလေးတွေ ဖြစ်ပါတယ် ။ Elementary အဆင့် သိသင့်တဲ့ Idioms တွေကိုပဲ ရွေးထုတ်ပေးထားတာ ဖြစ်ပါတယ် ။  စုစုပေါင်း ၁၀ ခု လောက် ပါဝင်ပါလိမ့်မယ် ။
( ၅ ) မှာတော့ English ဘာသာစကား ကို အသုံးချအဆင့် လေ့လာလိုသူတို့ အတွက် အရေးကြီးတဲ့သဘောတရားလေး တစ်ခု ကို မိတ်ဆက်ရင်း အားပေး ပေးထားပါတယ် ။            "Grammar Tranlsation Method & Motivation " ဆိုတဲ့ စာစုလေးပါ ။ ပါးပါးလေးပဲ ပြောပေးထားတာပါ။ နောင်ကျမှ အကျယ် ဆွေးနွေးပေးသွားဖို့ အစီအစဉ် ရှိပါတယ် ။

( ၆ ) မှာတော့ ခဏ လေး သည်းခံ ရပါမယ် ခင်ဗျာ ။ သင်တန်း ကြော်ငြာ ဖြစ်နေလို့ပါ ။ J http://www.facebook.com/MmEnglishLearning Page ကို စိတ်ဝင်စားလို့ ဝင်ကြည့်ရင်း ပဲ ဖြစ်ဖြစ် ၊ ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီး စိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ် သင်တန်းတက် ရောက်ရန် စိတ်ဝင်စားလာတဲ့ မိတ်ဆွေများ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ် ။
( ကြိုပြောပြထားတော့ ကြော်ငြာ မဖတ်ချင်လည်း ကျော်သွားလို့ ရတာပေါ့ဗျ နော့ )
မိမိအတွက် ပဲ ဖြစ်ဖြစ် ၊ မိမိ သူငယ်ချင်း  ဆွေမျိုးတွေ အတွက် ပဲ ဖြစ်ဖြစ် ဖတ်ရှူ လေ့လာကြည့်နိုင်ပါတယ်ဗျာ ။
( ကျွန်တော်တို့ Active English သင်တန်းရဲ့ ထူးခြားချက် ၂ ချက်ကို ဒီမှာကတည်းက ကြိုပြော ပါရစေ ...
( ၁ )  သင်ကြားမှုပုံစံ နှင့် မိမိ၏ တိုးတက်မှု အပေါ် စိတ်တိုင်းကျ ကျေနပ်မှု မရှိပါက                                    " ၁၀၀ ရာခိုင်နှုန်း " ငွေပြန်အမ်းပေးပါမည် ။
( ၂ ) လူငယ်များ အတွက် အသုံးချ English ဘာသာစကားကို  Motivation , Personal Development , Goal Setting , Job Hunting ,  Social Networking & Effective Thinking , Entrepreneurship စသည့် ဘာသာရပ်များနှင့် မိတ်ဆက် တွဲဖက် သင်ကြားပေးနေသည် ။
အမှန်တကယ် စိတ်ပါဝင်စားသူများကို Library အသုံးပြုခွင့်ပေးပြီး သင်တန်းချိန်ပြင်ပ တွင်ပါ သီးသန့် ဆွေးနွေးအကြံပြုပေးခြင်း ... ဆိုတဲ့ ( ၂ ) ချက်ပါ ။
မြန်မာနိုင်ငံမှာ ပထမဆုံး ဘာညာ နဲ့ ပေါတောတောတော့ မကြေငြာရဲပါဘူးဗျာ ။ ဒါပေမယ့် ဒီလို ဝန်ဆောင်မှုပေးတဲ့ Language သင်တန်းမျိုး ရှားမှာပါ ။
အခု ကတည်းက ကြိုပြီး ကြော်ငြာလိုက်မိပြီ ...  :P

( ၇ ) အနေနဲ့ကတော့ ကျွန်တော် အကြိုက်ဆုံး အစီအစဉ်ပါ ။ ဆိုရိုးစကားများ မှတဆင့် ဘာသာစကား လေ့လာခြင်း ( Learning English Via Quotes ) ဖြစ်ပါတယ်  ။ English ဘာသာစကားသာမက စိတ်ဓာတ်ခွန်အား ၊ အသိပညာ တိုးတက်စေဖို့အတွက်ပါ  ကျွဲကူးရေပါ ဖြစ်သွားနိုင်အောင် ရည်ရွယ်ထားတာမှို့ ကျွန်တော့် အကြိုက်ဆုံး ဖြစ်ရခြင်းပါ ။ မိတ်ဆွေများလည်း နှစ်သက်လိမ့်မယ် လို့ မျှော်လင့်ပါတယ် ။

ထပ်ပြောပါရစေ ။ ဘာသာစကားကို ချစ်စိတ် မွေးမြုတဲ့ အပိုင်းလောက်ကိုပဲ အဓိက ရည်ရွယ်တာမှို့လို့ အသေးစိတ် ရှင်းလင်းချက်တွေ မထည့်ပေးထားပါဘူး ။ အရသာ ပျက်စေတယ် လို့ မြင်လို့ပါ ။ ( ဘာသာပြန်ပေးရတာတောင် သိပ်အားမရ လှပါဘူး )

( ၈ ) ကတော့ ကျွန်တော် ကတိပေးထားတဲ့ အတိုင်း English ဘာသာစကားလေ့လာမှု အပိုင်းမှာ မဟုတ်တဲ့ ကျွန်တော့်ရဲ့ သီးသန့် Personal Development ကိုယ်ရည် ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ဆောင်းပါး တစ်ပုဒ် ဖြစ်ပါတယ် ။  သိသင့်တယ်လို့ ထင်လို့ ( မိတ်ဆွေတို့ သိပြီး ဖြစ်ရင်တောင် မသိသေးသူတွေကို လက်ဆင့်ကမ်းပေးနိုင်အောင်လို့ ) ထည့်သွင်း ဖော်ပြပေးရခြင်း ဖြစ်ပါတယ် ။ Effective Thinking ဘာသာရပ် မိတ်ဆက် ဖြစ်ပါတယ် ။
" ဘယ်လို ထိထိရောက်ရောက် တွေးကြမလဲ " လို့ နာမည်ပေးထားပါတယ် ။

( ၉ ) မှာကတော့ ဧရာဝတီ စာပေပွဲတော် ကျွန်တော် ဝင်ပြိုင်စဉ် က ခံစားချက် ကို ရေးထားတဲ့ စာစုတစ်ပုဒ် နဲ့ အဲဒီ တုန်းက ဆုရခဲ့တဲ့ ( လက်ရှိကင်းကွာလို့ မရတဲ့ နိုင်ငံရေး အခြေအနေ တစ်ရပ်ပေါ်မှာ ရေးဖွဲ့ထားတဲ့ ) ဝထ္တုတို တစ်ပုဒ် ဖြစ်ပါတယ် ။ ခေါင်းစဉ်က " ပြောင်းလဲ နေသော ဘဝ များ " ဖြစ်ပါတယ် ။
အမှတ် တရ ထည့်ပေးလိုက်တာပါ ။  အမှန်တော့ ကြွားချင်တာလည်း ပါ ပါတယ် ။  :)
ကျွန်တော် ဘယ်လိုလူဆိုတာ ကို ကျွန်တော့်စာတွေ ကနေတဆင့် ခန့်မှန်းလိုသူ မိတ်ဆွေ တွေအတွက် ရည်ရွယ်ပါတယ် ။

( ၁၀ ) မှာတော့ ကျွန်တော်တို့ Active English ( Active Learning Society ) သင်တန်းကို  အမှန်တကယ် တက်ရောက်လိုသော်ငြားလည်း ငွေကြေးအခက်အခဲ ရှိနေတဲ့ မိတ်ဆွေ တို့ အတွက် အစီအစဉ်လေး တစ်ခုကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ် ။ ကျွန်တော် ဘဝပေး အခြေအနေအရ အခုအချိန်မှာ စီးပွါးရေး ကို အဓိက  လုပ်နေရပေမယ့် လူမှုရေးဘက်မှာလည်း တတ်နိုင်သလောက် တစ်ပြိုင်တည်း လုပ်ပေးသွားဖို့ စီစဉ်ထားလို့ပါ ။
လိုအပ်မယ် ထင်တဲ့ လူတွေ တိုင်း အတွက် ရည်ရွယ်ပါတယ် ။ ဖတ်ရှုလေ့လာပြီး ကိုယ်တိုင်မလိုအပ်ရင်တောင် တဆင့် လမ်းညွှန်ပေးနိုင်ပါတယ် ။


အထက်ပါ ကဏ္ဍ ( ၁၀ ) ခု နဲ့ ဒီစာအုပ်ကို ဖွဲ့စည်းထား ပါတယ် ။
ကျွန်တော် ဒီစာအုပ်မှာ အတော်လေး ထည့်ပေးချင်ပေမယ့် မထည့်သွင်းပေးလိုက်ရတဲ့ ကဏ္ဍတစ်ခု ရှိပါတယ် ။
English ဘာသာစကား လေ့လာနည်း စနစ်များ ဆိုတဲ့ ကဏ္ဍ ပါ ။
မပြည့်စုံသေး ဘူးလို့ ထင်တာရယ် ၊ အငြင်းပွါးစရာ ထူးခြားတဲ့ အယူအဆ အတော်များများ ပါနိုင်တာရယ် ၊ စာအုပ် သီးသန့်ထုတ်ဝေဖို့ ရည်ရွယ်ထားတာရယ်ကြောင့် မထည့်ပေးလိုက်ရတာပါ ။နောင်ကျမှ မိတ်ဆွေတို့ကို သီးသန့် မျှဝေပါဦးမယ် ။
အခုတော့ အမှာစာတောင် အတော်ရှည်သွားပြီဆိုတော့ တော်သင့်ပြီ ထင်ပါတယ် ။  J
ဒီလို ( Ebook ) စာအုပ်မျိုးကို  ( 3 ) လ တစ်ကြိမ်လောက် ထုတ်သွားနိုင်အောင် ကြိုးစားသွားပါ့မယ် ။ ဒီကြားထဲမှာ အဆက်အသွယ် မပြတ် ဖတ်ရှူချင်တယ်ဆိုရင်တော့
http://www.facebook.com/MmEnglishLearning တို့ကို လာလည် ဖို့ ဖိတ်ခေါ်ပါရစေဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ ( Founder @Active English-ALS)
" ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ "
Ph : 09 4311 5202
https://www.facebook.com/zin.zae

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have d...

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...