Skip to main content

နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၂ )


နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၂ )



မင်္ဂလာပါဗျာ ...
Active English သင်တန်းက တင်ဆက်တဲ့
ဒီ သင်ခန်းစာကတော့
Have ကို သာမန် အသုံး မျိုး သာမကဘဲ ပိုပြီး
လွယ်လွယ်ကူကူ တွင်တွင်ကျယ်ကျယ် သုံးနိုင်စေဖို့ ရည်ရွယ်ပါတယ် ...

အပိုင်း (၁) ကို ဒီမှာ သွားရောက်လေ့လာနိုင်ပါတယ်ဗျာ ...
https://www.facebook.com/photo.php?fbid=489009921173852&set=a.479832368758274.1073741828.479830058758505&type=1&relevant_count=1

အပိုင်း ( ၂ ) အနေနဲ့ ကတော့ ...

Have နဲ့ တွဲဖက်ပြီး ပြောလေ့သုံးလေ့ ရှိတဲ့ စကားတွဲ "၇" မျိုး ကို ဖော်ပြပေးလိုက်ပါတယ်ဗျာ...

Expressions with "Have"

1. Have a look (= look at it )
Is that your phone ? Can I have a look ?
- ဒါ မင်းဖုန်းလား ? ငါ ကြည့်လို့ ရမလားကွာ ?

2. Have a go (=ride it)
Is that your bicycle ? Can I have a go?
- ဒါ မင်း စက်ဘီးလား ? ငါ စီးလို့ ရမလား ?

3. Have a moment (=have some time)
Do you have a moment ?
- အချိန် ရလား ?

4. Have a word with you (= speak to you )
Can I have a word with you ?
- ငါ မင်း နဲ့ စကား ပြောလို့ ရမလား ?

5. Have a good time (=fun , enjoy them )
We always have a good time in our English lessons.
- ငါ တို့ အင်္ဂလိပ် သင်ခန်းစာ ချိန်တိုင်း အမြဲ ကျေနပ် ပျော်ရွှင်ရတယ် ။

6. Have my hair cut ( ***မကြာခဏ မှားတတ်လို့ အထူး သတိထား ရမှာ ဖြစ်ပါတယ် )
I'm going to have my hair cut. ( >>> I' m going to cut my hair <<< WRONG )
- ငါ ဆံပင် သွားညှပ်မှာ ။

7. Dont' have the time (= busy )
I want to learn to ski but I dont' have the time.
- ငါ နှင်းလျှောစီး သင်ချင်တယ် ။ ဒါပေမယ့် မအားဘူး ။ ( အချိန် မရှိဘူး )

မှတ်ချက် ။ အချိန် မရှိတဲ့ လူရယ်လို့ ဘယ်ရှိပါ့မလဲ ။
လူတိုင်း ၂၄ နာရီ အညီ အမျှ ရနေတာ မဟုတ်လား ။
ဒါပေမယ့် ဒီလို "အချိန် မရှိဘူး" ဆိုတဲ့ အသုံးမျိုးက
ကျွန်တော်တို့ မြန်မာတွေမှာလည်း အသုံးများနေပါတယ် ။

ပေးထားတဲ့ ဥပမာ ဝါကျလေးတွေကို စု ၊ တု ပြီး
ကိုယ်ပိုင် ဝါကျလေးတွေ " ပြု " နိုင်ကြမယ် လို့
ယုံကြည်ပါတယ်ဗျာ ။

PS :
"Like" တစ်ချက်ဟာ စာရေးသူ ကျွန်တော်တို့ အတွက် အားဆေး တစ်ခွက်ဖြစ်ပြီး
"Share"တစ်ချက်ဟာ မိတ်ဆွေရဲ့ အခြား သူငယ်ချင်း များ အတွက် အားဆေး တစ်ခွက် ဖြစ်မယ်လို့
မျှော်လင့်ပါတယ်ဗျာ ...

( အမှန် တကယ် နှစ်သက်သူတွေ အနေနဲ့
Like & Share ပေးခြင်းဖြင့် အား ပေး ပေးဖို့ တောင်းဆိုတာပါဗျာ )

အခြား မိတ်ဆက် သင်ခန်းစာ အချို့ကို
( www.facebook.com/ActiveLearningMyanmar ) နှင့်
( www.ActiveLearningSociety.blogspot.com ) တို့မှာလည်း
လာရောက် လေ့လာနိုင်ပါတယ် ဗျာ ။

သင်တန်း ကိစ္စ သိလိုပါက အောက်ပါ link တွင် ဝင်ရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ...
http://www.activelearningsociety.blogspot.com/p/blog-page.html

လေးစားလျှက်
ကိုဇင်ဇေ (Founder & Trainer @ ALS-Active English)
- 09 4311 5202

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...