Skip to main content

ကျေးဇူးတင်ပါတယ် " Thank you" လို့ ရိုးရိုးလေး ပြောလိုက်ရုံနဲ့ အားမရတဲ့ အခါ ....


ကျေးဇူးတင်ပါတယ် " Thank you" လို့
ရိုးရိုးလေး ပြောလိုက်ရုံနဲ့ အားမရတဲ့ အခါ ....

ဒီလိုလေးတွေ အားဖြည့်ပြောနိုင်ပါတယ်ဗျာ ...




တစ်စုံတစ်ယောက် က ကိုယ့်ကို
ခက်ခဲတဲ့ အခြေအနေတွေမှာ ကူညီပေးခဲ့တယ် ...
အထောက်အပံ့ပေးခဲ့တယ် ဆိုရင် ဒီလို လေး ပြောလိုက်နိုင်ပါတယ် ...

“Thanks for having my back.”


သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အထောက်အပံ့ /
အားစိုက်ထုတ်မှူတွေနဲ့
ကိုယ် ကြိုးစားပြင်ဆင်ထားတာ တစ်ခုကို ရယူလိုက်နိုင်တယ်...
သူသာမကူညီရင် ဒီလို မအောင်မြင်နိုင်ဘူး ...
ကိုယ် ဘယ်လောက်တောင် ဒါကို တန်ဖိုးထားကျေးဇူးတင်တယ်ဆိုတာကို
ဖော်ပြချင်တဲ့ အခါ ဒီလို လေး ပြောလိုက်နိုင်ပါတယ် ...

“Thank you. I couldn’t have done it without you.”


ကိုယ် အရမ်း ဘေးကျပ်နံကျပ်ဖြစ်နေချိန်မှာ
သူငယ်ချင်းဟာ သူ့ အကျိုးစီးပွားကိုတောင် အထိခိုက်ခံပြီး
ကိုယ့်ကို ကူညီ ခဲ့ပြီဆိုရင်တော့
ကိုယ် ပြန်ပြောနိုင်တာ တစ်ခုက
သူ ဒီလို အခြေအနေမျိုး ကြုံခဲ့ရင်လည်း
ကိုယ်က ဆက်ဆက်ကူညီပါ့မယ်လို့ ကတိပေးလိုက်သင့်ပါတယ် ...
ဒီလိုလေး ပြောလိုက်ပါဗျာ ...

" I owe you!"

ကိုယ် အခြေအနေဆိုးနေတဲ့ အခါ ကိုယ့်ကို အပြည့်အဝ နားလည်ပေးခဲ့တဲ့
သူငယ်ချင်းကို ကိုယ်က ဒီလိုနားလည်ပေးတာကို
ကောင်းကောင်း သတိထားမိ ကျေးဇူးတင်မိပါတယ်လို့
ပြောချင်ရင် တော့ ဒီလိုလေး ပြောလိုက်နိုင်ပါတယ်ဗျာ ...

“Thanks for being such a dear.”


ကျေးဇူးတင်လို့ ညစာ ကျွေးချင်ရင်တော့ ဒီလိုလေး ပြောလိုက်ပါဗျာ ...
ညစာကျွေးတယ်ဆိုတာ ကောင်းကောင်း အသိအမှတ်ပြူခံရဖို့ ထိုက်တန်တယ် မလား ...

“Thanks so much for your help. Dinner’s on me tonight.”

( Reference : Education First Group )
============================
အခုလောက်ဆိုရင် တော့
ကျေးဇူးတင်ပါတယ် " Thank you" လို့
ရိုးရိုးလေး ပြောလိုက်ရုံနဲ့ အားမရတဲ့ အခါ ....
ဒီ စကားလေးတွေ သတိတရ ပြောနိုင်ဖို့ လေ့လာပြီး ဖြစ်မယ် ထင်ပါတယ်ဗျာ ...

နောက်ထပ် ကျေးဇူးတင်ဟန်လေးတွေလည်း ရှိသပေါ့ဗျာ ....

စာဖတ်သူရော ဘယ်လိုများ ကျေးဇူးတင်ကြောင်း ပြောလေ့ရှိသလဲဗျ ... ?

လေးစားလျှက်
ကိုဇင်ဇေ

( Admin at English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ဖို့ )

===
http://www.activeenglishmyanmar.com/2015/01/active-english-class.html
<<< Active English မှ အသစ်ဖွင့်လှစ်မည့် တန်းခွဲများ ( အနီးဆုံး )


Android ဖုန်း သုံးစွဲသူများကတော့ အောက်ပါ apk ကို
Download ချပြီး Install လုပ်ထားလိုက်ရုံနဲ့
တင်သမျှ စာတွေကို မလွတ်တမ်း ဖတ်နိုင်မှာ အသေအချာပါ ဗျာ ။
http://www.mediafire.com/download/739htjok7ua0g9q/Active_English.learning.for.myanmar-June26.apk
<<< Mediarfire ကနေ Download ချနိုင်တဲ့ Link ပါဗျာ


Active English သင်တန်း Page က သင်ခန်းစာတွေကို စုစည်းပေးထားတဲ့
Ebook ( pdf ) ကို အခမဲ့ ရယူချင်ရင်တော့ ဒီ Link မှာ Download လုပ်နိုင်ပါတယ် ။
http://www.mediafire.com/download/d05cc72e6kmk4th/Active%20English-အင်္ဂလိပ်စာ%20လေ့လာလိုသူများအတွက်.pdf
<<< Mediafire မှ Download လုပ်ရန် )



Active English သင်တန်းအကြောင်း အသေးစိတ် သိလိုပါက
ဒီ လင့် ကနေ လေ့လာနိုင်ပါတယ်ဗျာ ...
>>> ( www.ActiveEnglishMyanmar.com )

Phone : 09 4311 5202 / 09 25000 5174

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...