Skip to main content

"V-be + married + to " နဲ့" get + married + to " ဘယ်လို ကွာလဲ ?


Which one is correct ?

Cathrine Zeta-Jones is married (-----) Michael Douglas.
A. with
B. to

အဖြေမှန် နဲ့ ရှင်းလင်းချက် ကို အောက်မှာ ကြည့်နိုင်ပါတယ် ။


.
.
.
.
.
.
.
.
.
အဖြေမှန်က တော့ B. " to " ပါ ။

လူ တစ်ယောက် ဟာ တစ်စုံ တစ်ယောက် နဲ့ လက်ထပ်ထားတယ် လို့ ပြောချင်ရင်
" V-be + married + to " ဆိုတဲ့ Pattern ကို သုံးရမှာ ဖြစ်ပါတယ် ။

Example :
She's married to John.
သူမ က ဂျွန် နဲ့ လက်ထပ်ထားတာ ။


မှတ်ချက် ။
Level  မြင့်တဲ့လူတွေ အနေနဲ့တော့
"V-be + married + to " နဲ့" get + married + to " ဘယ်လို ကွာလဲ ဆိုတာလေး
ကိုယ့်ဘာသာကိုယ် လေ့လာကြည့်စေချင်ပါတယ် ။  :)

ဒီမှာ ကျွန်တော် ရှင်းပြပေးထားပါတယ် ။
စိတ်ဝင်စားရင် သွားဖတ်ကြည့်ပါဗျာ ။

♦
get married to (someone) ကို လက်ထပ်မယ့် အကြောင်း / လက်ထပ်ပွဲ အကြောင်းကို စိတ်ကူးပြီး ပြောတဲ့ နေရာမှာ သုံးပါတယ် ။

be married (to someone) ကတော့ လက်ထပ်ထားတယ်လို့ ပြောချင်တဲ့ ( ဖြစ်/ရှိနေမှု ပြတဲ့ သဘော -  State ) အနေနဲ့ သုံးပါတယ် ။
လက်ထပ်မယ့် အကြောင်း / လက်ထပ်ပွဲ အကြောင်း စတာတွေ နဲ့ မသက်ဆိုင်ပဲ
သူနဲ့ ဘယ်သူ လက်ထပ်ထားတယ်လို့ အဓိက ပြောချင်တာပါ ။
"married with" ကို Standard English အနေနဲ့တော့ မှားတယ်လို့ ယူဆထားပါတယ် ။

♦
When you use to marry or to get married, think about the wedding. When you use to be married, think about the person's life now.

to get married to (someone)- We think of who was married in the wedding. Do not say I got married with someone. It is incorrect.

Correct example: I got married to Sam.

to be married (to someone)- Also state of being. But who is married to you?

Correct Example: I am married to Sam.

အဆင်ပြေပြေ မှန်မှန်ကန်ကန် ပြောဆို ဆက်ဆံနိုင်ကြပါစေဗျာ ။

 လေးစားလျှက်
ကိုဇင်ဇေ
( Founder & Trainer @ Active English )
09- 4311 5202
www.ActiveEnglishMyanmar.com

====

သင်တန်း မတက် ဖြစ်သေးရင်လည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
အောက်မှာ လေ့လာစရာပေးထားတာတွေ ရှိပါတယ် ။
သေချာ စိတ်ရှည်လက်ရှည် လေ့လာသွားပါဗျာ ။
လေးစားလျှက်
:)
♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။

♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ
( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th
( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...