Skip to main content

Unit-2_တစ်နေ့တာ အချိန်တွေကို ဘယ်လို ကုန်ဆုံးစေလဲ ? - Daily routines

Unit-2

လူ တစ်ယောက် တစ်နေ့တာ အချိန်တွေ ဘယ်လို ကုန်ဆုံးစေလဲ ?
တစ်နေ့ တစ်နေ့ ဘာတွေ လုပ်နေလဲ ဆိုတာကို သိရှိဆွေးနွေးလိုရင်
ဒီ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။
Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။
ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။
- English လို သက်သက် တစ်ပိုင်း
- မြန်မာလို သက်သက် တစ်ပိုင်း
- English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။
အဆင့်လိုက် လေ့ကျင့်နည်း
---------------------------------
အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။
အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။
ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။
အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။
English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။
ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် )
မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်အထိ လေ့ကျင့်ရမှာပါ ။
***
#ActiveEnglish သင်တန်းသားတွေကတော့ သင်တန်းမှာ လေ့ကျင့်ပေးထားတဲ့
Interchange 1 - Unit ( 2 ) နဲ့တွဲဖတ်ပြီး လေ့ကျင့်ပါ ။
ဒီမေးခွန်းတွေက အောင်မှတ် အဆင့်ပါ ။
ဒီလောက်ကို မေးနိုင်ဖြေနိုင်ရင် အောင်မှတ်ပါ ။
ထူးချွန်လိုသူတွေ အတွက်တော့ ( ဒီ သင်ခန်းစာ - Interchange 1 - Unit ( 2 )  - နဲ့ ပဲ )
ဆက်စပ်နေတဲ့ တခြား အမေးအဖြေတွေ ရှိပါသေးတယ် ။
နောင်မှ ထပ် တင်ပေးပါဦးမယ် ။
English ဘာသာစကား စွမ်းရည် တစ်နေ့တစ်ခြား တိုးတက်ရင်း
အသိပညာ သစ်တွေ / အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။
လေးစားလျှက်
ကိုဇင်ဇေ
( Founder and Trainer at #ActiveEnglish )
=====
အပိုင်း ( ၁ )
- မင်း တစ်နေ့တာကို ဘယ်လို ကုန်ဆုံးစေသလဲ ? ( တစ်နေ့ တစ်နေ့ ဘာတွေ လုပ်သလဲ ?
- မင်း ဘာအလုပ် လုပ်လဲ ?
- ဘယ်မှာ အလုပ် လုပ်တာလဲ ?
- ဘယ်မှာ ကျောင်း တက်တာလဲ ? ( ဘယ်ကျောင်း တက်လဲ ? )
- မင်း အတန်းတွေကို သဘောကျလား ?
- မင်း အကြိုက်ဆုံး အတန်းက ဘယ်အတန်းလဲ ?
- မင်း အတန်းဖော်တွေကို ဘယ်လောက် သဘောကျသလဲ ? ( သဘောကျသလား ? )
- မင်း အတန်းဖော်က ဘယ်မှာ အလုပ် လုပ်သလဲ ? / ကျောင်းတက်သလဲ ?
- တခြား အတန်းဖော် တစ်ယောက်ကရော ?
- သူက ဘာလုပ်တာလဲ ( အတိအကျလေး ပြောပါ ) ?
- သူက အဲဒီ အလုပ်ကို ဘယ်လောက် သဘောကျလဲ ?
- မင်း တစ်နေ့တာ လုပ်လေ့ရှိတာတွေကို ပြောပြပါ ။
- မနက် စောစောမှာ ဘာလုပ်လဲ / ဘာလုပ်လေ့ရှိလဲ ?
- နေ့လည် နေ့ခင်းမှာ ဘာလုပ်လဲ ?
- ည ဘက် ( ညနက်တဲ့ အခါ ) ရော ဘာတွေ လုပ်လဲ ? လုပ်လေ့ရှိသလဲ ?
- ရုံးပိတ်ရက် / စနေ၊တနင်္ဂနွေ တွေမှာ ဘာတွေ လုပ်လဲ ?
- ဘယ် အချိန် အိပ်ရာ ထလေ့ရှိလဲ / ကျောင်းကိုလာသလဲ / နေ့လည် စာစားသလဲ / အိမ် ရောက်သလဲ / အိပ်ရာ ဝင်သလဲ ?
- မင်း အင်္ဂလိပ် စာ/စကားပြော သင်တန်းက ဘယ်အချိန်လဲ ( ဘယ် နှနာရီလဲ ? )
- အခု ဘယ်အချိန်လဲ ? ဘယ် နှနာရီထိုးပြီလဲ ?
- ငါ့ အလုပ် အကြောင်းမေးပါ ။ ဒါမှ မဟုတ် မင်းရဲ့ အတန်းဖော်ကို သူ့ရဲ့ အလုပ်အကြောင်း / အတန်းတွေ အကြောင်းကို မေးပါ ။
=====
အပိုင်း ( ၂ )
- How do you spend your day?
- What do you do?
- Where do you work?
- Where do you go to school?
- Do you like your classes? What’s your favorite class?
- How do you like your classmates?
- Where does [classmate] work/ go to school?
- What about [other classmate]?
- What does he/she do, exactly?
- How does he/she like it?
- Describe your daily routine. What do you do early in the morning?
- What do you do in the afternoon? What do you do late at night? - What do you do on weekends?
- When do you usually get up/come to school/have lunch/get home/go to bed?
- What time is your English class? What time is it right now?
- Ask me about my job or Ask [classmate] about his/her job or classes.
===
အပိုင်း ( ၃ )
How do you spend your day?
မင်း တစ်နေ့တာကို ဘယ်လို ကုန်ဆုံးစေသလဲ ? ( တစ်နေ့ တစ်နေ့ ဘာတွေ လုပ်သလဲ ? )
- What do you do?
မင်း ဘာအလုပ် လုပ်လဲ ?
- Where do you work?
ဘယ်မှာ အလုပ် လုပ်တာလဲ ?
- Where do you go to school?
ဘယ်မှာ ကျောင်း တက်တာလဲ ? ( ဘယ်ကျောင်း တက်လဲ ? )
- Do you like your classes?
မင်း အတန်းတွေကို သဘောကျလား ?
- What’s your favorite class?
မင်း အကြိုက်ဆုံး အတန်းက ဘယ်အတန်းလဲ ?
- How do you like your classmates?
မင်း အတန်းဖော်တွေကို ဘယ်လောက် သဘောကျသလဲ ? ( သဘောကျသလား ? )
- Where does [classmate] work/ go to school?
မင်း အတန်းဖော်က ဘယ်မှာ အလုပ် လုပ်သလဲ ? / ကျောင်းတက်သလဲ ?
- What about [other classmate]?
တခြား အတန်းဖော် တစ်ယောက်ကရော ?
- What does he/she do, exactly?
သူက ဘာလုပ်တာလဲ ( အတိအကျလေး ပြောပါ ) ?
- How does he/she like it?
သူက အဲဒီ အလုပ်ကို ဘယ်လောက် သဘောကျလဲ ?
- Describe your daily routine.
မင်း တစ်နေ့တာ လုပ်လေ့ရှိတာတွေကို ပြောပြပါ ။
- What do you do early in the morning?
မနက် စောစောမှာ ဘာလုပ်လဲ / ဘာလုပ်လေ့ရှိလဲ ?
- What do you do in the afternoon?
နေ့လည် နေ့ခင်းမှာ ဘာလုပ်လဲ ?
- What do you do late at night?
ည ဘက် ( ညနက်တဲ့ အခါ ) ရော ဘာတွေ လုပ်လဲ ? လုပ်လေ့ရှိသလဲ ?
- What do you do on weekends?
ရုံးပိတ်ရက် / စနေ၊တနင်္ဂနွေ တွေမှာ ဘာတွေ လုပ်လဲ ?
- When do you usually get up/come to school/
have lunch/get home/go to bed?
ဘယ် အချိန် အိပ်ရာ ထလေ့ရှိလဲ / ကျောင်းကိုလာသလဲ /
နေ့လည် စာစားသလဲ / အိမ် ရောက်သလဲ / အိပ်ရာ ဝင်သလဲ ?
-What time is your English class?
မင်း အင်္ဂလိပ် စာ/စကားပြော သင်တန်းက ဘယ်အချိန်လဲ ( ဘယ် နှနာရီလဲ ? )
- What time is it right now?
အခု ဘယ်အချိန်လဲ ? ဘယ် နှနာရီထိုးပြီလဲ ?
- Ask me about my job or
Ask [classmate] about his/her job or classes.
ငါ့ အလုပ် အကြောင်းမေးပါ ။ ဒါမှ မဟုတ် မင်းရဲ့ အတန်းဖော်ကို
သူ့ရဲ့ အလုပ်အကြောင်း / အတန်းတွေ အကြောင်းကို မေးပါ ။
==========
English ဘာသာစကား စွမ်းရည် တစ်နေ့တစ်ခြား တိုးတက်ရင်း
အသိပညာ သစ်တွေ / အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။
လေးစားလျှက်
ကိုဇင်ဇေ
( Founder and Trainer at #ActiveEnglish )
---
ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော သင်ခန်းစာများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။
---
အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ
သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)
>>>
http://www.activeenglishmyanmar.com/2015/07/active-english.html?m=1 

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have d...

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...