Skip to main content

ကြယ်ငါးကောက်သူများ အဖွဲ့ရဲ့အလှု

ကြယ်ငါးကောက်သူများအဖွဲ့ရဲ့
အလှုခံရ ရှိတာတွေထဲက တစ်ချို့ကို အောက်က screenshot မှာပါဝင်တဲ့ မကွေးတိုင်းရေစကြိုမြို့နယ်
ဇယမ ကျေးရွာကို
ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှုဒါန်းခဲ့ပါတယ် ။

ကျွန်တော်တို့ ရောက်တော့
ရေပြန်ကျသွားပြီမို့လို့
သိပ်စိုးရိမ်စရာတော့ မရှိတော့ပါဘူး။
အရင် ရေတက်ခဲ့တဲ့ နေရာတွေကို မြင်နေရသလောက်တော့
လူကြီး တစ်ရပ် အသာလေးကျော်ပါတယ် ။
ဒါပေမယ့် အဲ့ဒီရွာတွေကတော့ ရေတက်နေကျမို့လို့
ခြေတံရှည် အိမ်လေးတွေ များပါတယ် ။
နှစ်တိုင်း ရေတက်လေ့ရှိပေမယ့်
ဒီနှစ် တက်တာကတော့ အဆိုးဆုံးပဲလို့
ရွာခံ အသက် ၇၀ ကျော် အဘကြီး ကပြောပါတယ် ။
အဓိက က တော့ ရေက အရင်နဲ့ လုံးဝမတူဘဲ
နုန်းတွေ ပါလွန်းတာမို့ သုံးဖို့/သောက်ဖို့မလွယ်ပါ လို့ ပြောပါတယ် ။

( ကျွန်တော့် အထင် အဲ့လောက်ရေကတော့ ရေသန့်ဆေး နဲ့ သန့်ပြီးသောက်ဖို့တောင် မလွယ်ပါဘူး ။
နှစ်ထပ်အိုး/သဲ/ခဲ/မီးသွေး/ နဲ့ တစ်ခါ
အရင် စစ်ချပြီးမှ
ရေသန့်ဆေး ထပ်ခတ်ပြီး သောက်နိုင်အောင် လုပ်မှရ မှာပါ )

ရေတက်ထားတော့ အနားက ဘုန်းကြီးကျောင်း ( ကျွန်တော်တို့ ခရီးဝင်ထောက်ခဲ့သေးတဲ့ ) ကနေ
ရေလမ်းကြောင်းပေါက်ပြီး
ရေသန့်ဘူးတွေ ရနေတာမို့
ရေသန့်ဆေးသုံးဖို့လည်း ရွာခံတွေက
သိပ် စိတ်မဝင်စားကြပါဘူး ။
ရေဒီ့ထက်ပြန်ကျသွားပြီး
အလှုရှင်တွေကလည်း ရေသန့်တွေထပ်မလှုတော့တဲ့ အခါမှာတော့ ကိုယ့်ဘာသာကိုယ် ပဲ ဆက်ရပ်တည်ရတဲ့အခါ
ဒီ ရေသန့်ဆေးတွေကို သုံးချင်စိတ်ပေါ်လာအောင်
သေချာ ပညာပေးရမှာပါ ။

ကံကောင်းတာ တစ်ခုကတော့
အဲ့ဒီ ရွာကိုတော့ ကျွန်တော်တို့နဲ့
ရှေ့ဆင့်နောက်ဆင့် အလှုရှင်အဖွဲ့တွေ
လာရောက် လှုဒါန်းနေတာမို့
အရေးပေါ်အခြေအနေတော့ မရှိတာ့ဘူးထင်ပါတယ် ။

ရေတက်နေကျ ရွာတွေမို့လို့ ကြိုတင် ပြင်ဆင်ထားနိုင်တာရယ်
ပဲ အဓိကစိုက်ပြီး အသက်မွေးကြတာမို့လို့
ဒီ အချိန်မှာ စိုက်ထားတာတွေ မရှိလို့
အဆုံးအရှုံး သိပ်မရှိလိုက်ပါဘူး ။

သူတို့ကတောင် ပြန်ပြီး ထမင်းချက်ကျွေးနေကြလို့
မစားပါရစေနဲ့ ငြင်းတော့လည်း
အတင်းကျွေးနေကြတာမို့
အားနာပြီး စားခဲ့ရပါသေးတယ် ။

လည်ရှည် ဖိနပ် တို့ဘာတို့ကလည်း
ကျွန်တော်တို့က ဝယ်လှုရင်တောင်
လက်တွေ့မှာ သူတို့က အလုပ်သိပ်မတွင်လို့ သိပ်သုံးကြမှာ မဟုတ်ပါဘူး ။

အဲ့ဒီ ရွာဝန်းကျင်က တခြားလိုအပ်နေတဲ့ ရွာတွေကိုတော့
တာဝန်ခံ ကို Aung Kyawzaw ကနေ ဒေသခံတွေနဲ့ ချိတ်ဆက်ပြီး ဆက်လက် ခွဲဖြန့်ပေးနေမယ်လို့ ပြောပါတယ် ။

***
အတန်အသင့် ပြန်လည် ထူမတ်စပြုလာတဲ့
ရွာတွေမို့လို့ အလှုရှင်တွေ အနေနဲ့
အခြား ပိုမို လိုအပ်နေတဲ့ နယ်တွေကို ပြန်ဦးစားပေးသင့်ပါတယ် ။ ***

ကျွန်တော်တို့လည်း အလှုငွေ တွေ ချန်ထားပါတယ် ။
တခြား လိုအပ်နေသေးတဲ့ နေရာတွေကို
ပြန်လည် ခွဲဝေလှုဒါန်းပေးသွားမှာပါ ။
လောလောဆယ် တော့ ရခိုင်ဘက်ကို စဉ်းစားနေပါတယ် ။
တခြား နေရာတွေကိုလည်း အကြံဥာဏ်ပေး ဆက်သွယ်ပေးကြပါ ။

အလှုငွေ နဲ့ ပစ္စည်းလက်ခံ ရ ရှိ မှု နဲ့ ခွဲဝေလှုဒါန်းမှု စာရင်းရှင်းတမ်းတွေကို လည်း
ပြန် တင်ပေးပါဦးမယ် ။
တက်ညီလက်ညီ ကိုယ့်စားရိတ် ကိုယ်ခံပြီး
အလှုငွေ ကောက်ခံပေး / လိုက်လံ လှုဒါန်းပေးကြတဲ့
ကြယ်ငါးကောက်သူများ အဖွဲ့ဝင်တွေကိုလည်း
ကျေးဇူး အထူးတင်ပါတယ် ။

လေးစားလျက်
#ကိုဇင်ဇေ 
09250005164ွ

================
ရေဘေးသင့် ပြည်သူများကို ကူညီရန် အတွက်

- ကြယ်ငါး ကောက်သူများ အဖွဲ့အနေနဲ့ရော
- ကျွန်တော့် ကို အသိမိတ်ဆွေမျိားက
ဝိုင်းဝန်းလှုဒါန်းကြတာရော
- #ActiveEnglish သင်တန်းသားများ နှင့်  - အခြားပရဟိတ အဖွဲ့တစ်ခု ဖြစ်တဲ့ FFDG က ပါဝင် လှုဒါန်းကြတာရော  စုစုပေါင်းအနေနဲ့
၄၁ သိန်းနီးပါး ( 4,094,000 ကျပ်တိတိ )
ရ ရှိပါတယ် ။

အဲ့ဒီထဲကမှ ကြယ်ငါးကောက်သူများ အဖွဲ့အနေနဲ့
ကိုယ်တိုင်ကိုယ်ကျ
မကွေးတိုင်း - ရေစကြို မြို့နယ် - ဇယမ ကျေးရွာ  နှင့် အနီးတဝိုက် ကို သွားရောက် လှုဒါန်းခဲ့ တာက တော့ အောက်ပါ စာရင်း အတိုင်းဖြစ်ပါတယ် ။

1.
- ရေသန့်ဆေးပြား ( အလုံး 19,500 )
- ရေသန့်ဆေး အထုတ် ( 1,200 )
- ရေသန့်ဆေး - Bleaching powder - 50 kg - စည်ပိုင်းကြီး တစ်ပိုင်း

2.
-ဆေးဝါး များ
- ဓာတ်ဆားထုတ်များ
- အစားအသောက် နှင့် ကုန်ခြောက်များ
( ငါးပိ/ကိတ်ခြောက်/ငါးသေတ္တာ/ပဲဇံ / ထန်းလျက်/သကြား/ကွေကာအုတ်/ဆပ်ပြာ စသည်တို့
၁၁ သိန်းဖိုးခန့် ( 1,170,200 ကျပ် ) +
- စက်လှေစားရိတ် - ၃ သောင်း ကျပ်

3.
အလှုရှင်တို့ထံမှ ပစ္စည်းအနေနှင့် တိုက်ရိုက်လှုဒါန်းထားသော
- ခြင်ထောင် ၁၀ လုံး
- စောင် အထည် - ၃၀
- ရေသန့် - ၂၅ ကတ်
- မီးခြစ် - ၂၀၀
- သွားတိုက်ဆေး - ၂ ဖာ
- ဖယောင်းတိုင် အထုတ် - ၁၁၀
- Ve ve အချိုရည် တစ်ကဒ်
- 'ဆန် - ၂ အိတ်
- ခေါက်ဆွဲ - ၁၉ ဖာ
- ပြောင်းဖူး - ၂ အိတ်
- ဆေးဝါးများ
- အဝတ်အစား - ၂ တင်းဝင်အိတ်ဖြင့် - ၂၁ အိတ်

--------------------

အလှုရှင်တွေရဲ့ အလှုငွေတွေ
တကယ် လိုအပ်နေတဲ့ နေရာတွေဆီကို ထိထိရောက်ရောက် ရောက်သွားစေချင်လို့
အလှုငွေထဲ က မဟုတ်ဘဲ
ကိုဇင်ဇေ နှင့် မမိုးသူ တို့ ကသီးသန့် ဖြည့်ပေးလှုဒါန်းပေးထားတာတွေက
အောက်ပါအတိုင်းပါ ။

- အသင်း၏အထွေထွေ အသုံးစရိတ်များ
( vinyl , ဂုဏ်ပြုမှတ်တမ်းလွှာ , အလှုခံဖြတ်ပိုင်း ,
အလှုငွေ နဲ့ ပစ္စည်းကောက်ခံရာမှာ သုံးစွဲရတဲ့ သွားလာစားရိတ်များ )
- ရန်ကုန် - ပခုက္ကူ အသွားအပြန်
ကားခ ၃ သိန်း ( ကျန်တာကို ဦးသိန်းဇံ + ဒေါ်မွန်မွန်အေး မိသားစု က ဖြည့်ဝင် လှုဒါန်းပါတယ် )
- Life jacket - 25 စုံ * 24,000 - ( 6 သိန်း )
- လည်ရှည် ဖိနပ် - 25 စုံ * 3,800 ( 9 သောင်းခွဲ )

Life jackets တွေက ရှားသွားပြီး ဝယ်ရခက်နေတဲ့ အပြင် တကယ် safe ဖြစ်တဲ့ အမျိုးအစားဆိုရင် ဈေးလည်းကြီးနေတော့
Life jacket နဲ့ လည်ရှည် ဖိနပ်တွေကို
တစ်ချို့ ကိုယ်တိုင်သွားလှုနေတဲ့ အဖွဲ့တွေကို
အခမဲ့ ငှားရမ်းပေးနေပါတယ် ။

( Life jackets နဲ့ လည်ရှည် ဖိနပ် - ၂ စုံကိုတော့
ဇယမရွာ ဝန်းကျင်ကို ကူညီရေးလုပ်နေတဲ့ ကို အောင်ကျော်ဇော တို့ ကို အပြီးလှုခဲ့ပါတယ်  )်
------------------------

အလှုငွေ လက်ကျန်  ၂၉ သိန်းနီးပါး
( 2,894,000 )  ရှိပါတယ် ။
တကယ် လိုအပ်နေတဲ့
အခြားနေရာတွေ ကို ထပ်မံခွဲဝေလှုဒါန်းဖို့ နဲ့
ပြန်လည် ထူထောင်ရေးကာလမှာ ထပ်မံလှုဒါန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ် ။

ကျွန်တော်တို့ သိသလောက် အရေးပေါ်အခြေအနေကို
ဒေသအတော်များများ ကျော်လွန် စပြုနေပါပြီ ။
ဒါပေမယ့် ရေဘေးကြောင့် အထိနာပြီး
ရေ ရှည် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲသွားရတဲ့ ဒေသတွေကိုလည်း နောင်မှာ တတ်စွမ်းသလောက် ကူညီပေးနိုင်ကြဖို့ ပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုပါတယ် ။

( သိပ် မလိုအပ်တော့တဲ့ နေရာတွေကို ထပ်ထပ်လှုဒါန်းမိမယ့် အစား
ဒီ ပြန်လည် ထူထောင်ရေး အတွက်လည်း စဉ်းစားကြစေချင်ပါတယ် ။

ပြန်လည် ထူထောင်ရေး က တကယ်တမ်းတော့ အစိုးရ နဲ့ NGO / INGO တွေရဲ့ အလုပ် ဖြစ်ပေမယ့်လည်း ကိုယ်နိုင်ရာကိုတော့ ဖြည့်ကူလို့ ရတာပေါ့ဗျာ )

လေးစားလျက်
#ကိုဇင်ဇေ ( 09 25000 5174 / 09 4311 5202  )
ကြယ်ငါးကောက်သူများ အဖွဲ့

စာကြွင်း ။  အလှုရှင် စာရင်းကို သီးသန့်လေး တင်ပေးပါဦးမယ်

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။