Skip to main content

Unit-5_မိသားစု အကြောင်း စကားစမြည်

Unit-5

" မင်း မိသားစု အကြောင်းလေး ပြောပါဦး  "

တစ်ယောက်နဲ့ တစ်ယောက် မိသားစု အကြောင်း
စကားစမြည်ပြောတဲ့အခါ အသုံးချနိုင်မယ့် စကားပြောဟန်လေးတွေကို
လေ့လာလေ့ကျင့်နိုင်ဖို့တင်ပေးလိုက်ပါတယ် ။

Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အနေနဲ့
ဒီ မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။

ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။
- English လို သက်သက် တစ်ပိုင်း
- မြန်မာလို သက်သက် တစ်ပိုင်း
- English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။

အဆင့်လိုက် လေ့ကျင့်နည်း
---------------------------------
အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။
အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။
ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။
အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။

English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။
ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် )
မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်အထိ လေ့ကျင့်ရမှာပါ ။

***
#ActiveEnglish သင်တန်းသားတွေကတော့ သင်တန်းမှာ လေ့ကျင့်ပေးထားတဲ့
Interchange 1 - Unit ( 5 ) နဲ့တွဲဖတ်ပြီး လေ့ကျင့်ပါ ။
ဒီမေးခွန်းတွေက အောင်မှတ် အဆင့်ပါ ။
ဒီလောက်ကို မေးနိုင်ဖြေနိုင်ရင် အောင်မှတ်ပါ ။
ထူးချွန်လိုသူတွေ အတွက်တော့ ( ဒီ သင်ခန်းစာ - Interchange 1 - Unit ( 5 )  - နဲ့ ပဲ )
ဆက်စပ်နေတဲ့ တခြား အမေးအဖြေတွေ ရှိပါသေးတယ် ။
နောင်မှ ထပ် တင်ပေးပါဦးမယ် ။

English ဘာသာစကား စွမ်းရည် တစ်နေ့တစ်ခြား တိုးတက်ရင်း
အသိပညာ သစ်တွေ / အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
( Founder and Trainer at #ActiveEnglish )

=====

အပိုင်း ( ၁ )

- မင်း မိသားစု အကြောင်း ပြောပြပါ ။

- မင်း က မိသားစုဝင် နည်းလား/များလား ?

- မင်းမှာ ညီ အကို မောင်နှမ ဘယ်နှစ်ရောက် ရှိသလဲ ?

- မင်း အခု အိမ်မှာ နေ နေတာလား ?

- မင်း ဘယ်နေရာမှာ အလုပ် လုပ်နေလဲ / စာသင်နေလဲ ?

- မင်း မိသားစု အကြောင်း ငါ့ကို ပြောပြပါ ။

- မင်း ( အဖေ/အမေ/အကို/ညီမ ) က ( Company နာမည် ) အတွက် အလုပ် လုပ်နေတာလား ?

- မင်း ( မိသားစုဝင် တစ်ယောက်ယောက် က ) အခုတလော ဘာတွေ လုပ်နေလဲ ?

- မင်း အတန်းဖော်/သူငယ်ချင်း က ဒီနှစ်မှာ အင်္ဂလိပ်ဘာသာစကား လေ့လာနေတာလား ?

- မင်းသူငယ်ချင်း ဘယ်နှယောက်က လူလွတ်လဲ / အိမ်ထောင်ကျပြီးပြီလဲ ? ( quantifiers တွေ သုံးပြီး ဖြေပါ )

- ငါ့ မိသားစု အကြောင်း မေးပါ / မင်း အတန်းဖော်/သူငယ်ချင်း ရဲ့ မိသားစုအကြောင်းမေးပါ ။

===

အပိုင်း ( ၂ )

- Tell me about your family.

- Do you come from a big / small family?
- How many brothers and sisters do you have?
- Are you living at home now?
- Where are you working / studying?
- Tell me about you family.
- Is your [family member] working for [company name]?
- What is your [family member] doing these days?
- Are [classmates] studying English this year?
- How many of your friends are single / married? 
- Ask me about my family or Ask [classmate] about his/her family.

===========

အပိုင်း ( ၃ )

- Tell me about your family.
မင်း မိသားစု အကြောင်း ပြောပြပါ ။

- Do you come from a big / small family?
မင်း က မိသားစုဝင် နည်းလား/များလား ?

- How many brothers and sisters do you have?
မင်းမှာ ညီ အကို မောင်နှမ ဘယ်နှစ်ရောက် ရှိသလဲ ?

- Are you living at home now?
မင်း အခု အိမ်မှာ နေ နေတာလား ?

- Where are you working / studying?
မင်း ဘယ်နေရာမှာ အလုပ် လုပ်နေလဲ / စာသင်နေလဲ ?

- Tell me about you family.
မင်း မိသားစု အကြောင်း ငါ့ကို ပြောပြပါ ။

- Is your [family member] working for [company name]?
မင်း ( အဖေ/အမေ/အကို/ညီမ ) က ( ကမ်ပနီ နာမည် ) အတွက် အလုပ် လုပ်နေတာလား ?

- What is your [family member] doing these days?
မင်း ( မိသားစုဝင် တစ်ယောက်ယောက် က ) အခုတလော ဘာတွေ လုပ်နေလဲ ?

- Are [classmates] studying English this year?
မင်း အတန်းဖော်/သူငယ်ချင်း က ဒီနှစ်မှာ အင်္ဂလိပ်ဘာသာစကား လေ့လာနေတာလား ?

- How many of your friends are single / married?
မင်းသူငယ်ချင်း ဘယ်နှယောက်က လူလွတ်လဲ / အိမ်ထောင်ကျပြီးပြီလဲ ? ( quantifiers တွေ သုံးပြီး ဖြေပါ )

- Ask me about my family or Ask [classmate] about his/her family.
ငါ့ မိသားစု အကြောင်း မေးပါ / မင်း အတန်းဖော်/သူငယ်ချင်း ရဲ့ မိသားစုအကြောင်းမေးပါ ။

Notes *
Quatifiers ဆိုတာ အရေအတွက်ပြ စကားလုံးတွေကို ဆိုလိုတာပါ ။
မြန်မာဘာသာစကားမှာဆိုရင် ( အားလုံး ၊ အားလုံးနီးပါး ၊ အချို့ ၊
နည်းနည်း ၊ အနည်းငယ် ၊ လုံးဝ စတာတွေ ကို ပြောတာပါ )

ယေဘူယခန့်မှန်းသုံးစွဲကြတာမျိုးပဲ ရှိပြီး ရာခိုင်နှုန်း အတိအကျကြီး သတ်မှတ်ထားတာမျိုးတော့မရှိပါဘူး ။
အားလုံး ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းပေါ့ ။
လုံးဝ မရှိတာကတော့ ၀ ရာခိုင်နှုန်းပေါ့ ။
ကျန်တဲ့ ကြားထဲကဟာတွေက ခန့်မှန်းသုံးစွဲကြတာပဲ ဖြစ်ပါတယ် ။

( ဥပမာ ပြောရရင် အချို့ ဆိုတာ ရာခိုင်နှုန်း ဘယ်လောက်လဲ လို့ အတိအကျ သတ်မှတ်ထားတာမရှိပါဘူး ။
အနည်းငယ် ဆိုတာလည်း ဘယ်လောက်လဲ လို့ အတိအကျ သတ်မှတ်ထားတာမရှိပါဘူး ။
ခန့်မှန်းခြေအားဖြင့်တော့ အချို့ဆိုတာ ၅၀ ရာခိုင်နှုန်းဝန်းကျင် လို့ သတ်မှတ်နိုင်ပြီး
အနည်းငယ်ဆိုတာ ၅ ကနေ ၂၀ ရာခိုင်နှုန်းလောက်လို့ ယေဘူယ သတ်မှတ်နိုင်ပါတယ် ။ )

English ဘာသာစကားမှာလည်း အဲလိုပဲ
အတိအကျကြီးတော့ သတ်မှတ်ထားတာမရှိပါဘူး ။
ခန့်မှန်းခြေတွေပဲ ရှိပါတယ် ။
ဒါကြောင့်  Quantifiers တွေကို
များရာမှ နည်းရာသို့ စီပေးလိုက်ပါတယ် ။
ကိုယ့်ဟာကို ချင့်ချိန် သုံးစွဲကြပါ ။

- All  ( 100 % )
- Nearly all
- Most

- Many
- A lot of
- Some

- Not many
- A few
- Few

- No one / Nothing ( 0 % )

==========

အခုလောက်ဆိုရင် မိသားစု အကြောင်း အတန်အသင့်ပြောနိုင်ပြီး
Quantifiers တွေလည်း သုံးနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။

English ဘာသာစကား စွမ်းရည် တစ်နေ့တစ်ခြား တိုးတက်ရင်း
အသိပညာ သစ်တွေ / အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
( Founder and Trainer at #ActiveEnglish )

---

ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော သင်ခန်းစာများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk


မှတ်ချက် ။ application version အဟောင်းများမှာ post အသစ် တင်သော်လည်း
phone အတွင်းသို့ ရောက်မလာတော့သောကြောင့်
သင်ခန်းစာများကို မလွတ်တမ်းလေ့လာလိုသူများ
အထက်ပါ version အသစ်ကို မဖြစ်မနေ download ချပြီး update လုပ်ထားသင့်ပါသည်
:)

---

အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ
သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)
>>>
http://www.activeenglishmyanmar.com/2015/07/active-english.html

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။