Skip to main content

မှားတတ်သူများ အတွက်

♦
အမှား မလုပ်ဖူးတဲ့ လူ ဆိုတာ
အသစ် တစ်ခုမှ စမ်း မလုပ်ကြည့် ခဲ့လို့ပါ ။
#ကိုဇင်ဇေ ( ဘာသာပြန် )

A person who never made a mistake
never tried anything new.
-Albert Einstein

♦
English ဘာသာစကား အပါအဝင်
တစ်ခုခုကို လေ့လာ လေ့ကျင့်တဲ့အခါမှာ
မှားမှာ ကြောက်ပြီး တွန့်နေတတ်တာ ဟာ
ပထမဆုံး အမှားပါ ။ 

မှားချင်မှားပလေ့စေ
လုပ်ချင်သလို လုပ်မယ်ကွာ
ပြီးသွားရင် ပြီးရော ဆိုတာမျိုးက
ဒုတိယ အမှားပါ ။

♦
(၁)
အမှား ကို မကြောက်ဘဲ ရဲရဲလုပ်
(၂)
မှားလေ့ရှိတာတွေကို သေချာမှတ်ထား
(၃)
- မသိလို့ မှားတာ ဆိုရင် သိအောင်လေ့လာ
- သိလျက်နဲ့ မှားတာဆိုရင် အမြဲ သတိလေးကပ်ပြီး နောင် အခါတွေမှာ မှန်အောင် ကြိုးစား

ဒီ အဆင့်တွေအတိုင်း လုပ်သွားနိုင်မှ
တကယ် စစ်မှန်တဲ့
ရေ ရှည်ခံတဲ့ တိုးတက်မှုကို ရမှာပါ ။

♦
English ဘာသာစကားလေ့လာတဲ့ အခါမှာ
အဆင့် ၁ ကိုပဲ လိုက်နာပြီး ကျန်တာတွေကို
ဆက်မလုပ်တဲ့ လေ့လာသူတွေ တွေ့နေရတော့ အားမရ ဖြစ်နေမိတယ် ။

အဆင့် ၂ နဲ့ ၃ ကိုပါ လိုက်နာကျင့်သုံးကြည့်ကြဖို့
အကြံပေးပါရစေဗျာ :)

♦
English ဘာသာစကား စွမ်းရည်က တွန်းဖွင့်ပေးလိုက်မယ့်
အသိပညာသစ်တွေ ၊ အခွင့်အလမ်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ . . . :)

လေးစားလျှက်
#ကိုဇင်ဇေ
Founder and Trainer @ActiveEnglish

♦
ဆရာကိုဇင်ဇေ  #ActiveEnglish  မှ သင်ကြားသော သင်ခန်းစာများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ
ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

♦
အလားတူ သင်ခန်းစာများ ထပ်မံလေ့လာလိုပါက
www.ActiveEnglishMyanmar.com သို့ လာရောက်နိုင်ပါတယ် ။

♦
English ဘာသာစကားစွမ်းရည်ကို သင်တန်းတက်ပြီး စနစ်တကျ လေ့လာလေ့ကျင့် သင်ယူလိုပါက အောက်ပါ လင့်မှာ သင်တန်းလိပ်စာ/ မြေပုံ နှင့် အချိန်ဇယားကို သွားရောက်ကြည့်ရှုနိုင်ပါတယ် ။
:)
အမြဲ လှုပ်ရှားတက်ကြွနေသော သင်ကြားရေးပုံစံသစ် ဖြင့် #ActiveEnglish

>>> www.activeenglishmyanmar.com/2015/08/active-english-interactive-english.html

အမှတ် ၂၉ ( A ) ၊  မြေညီထပ် ၊ ၁၆၇ လမ်း ( ရာပြည့်ဈေးလမ်း ) ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
Phone : 09 4311 5202 / 09 25000 5174 / 09 2522 74 890

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...