Skip to main content

Present Continuous Tense နဲ့ Present Tense ( Simple ) ♦ ကွာခြားချက် ( ၄ )

Present Continuous Tense နဲ့ Present Tense ( Simple )
♦
ကွာခြားချက် ( ၄ )
- Present Tense ကို အတွေးတွေ ၊ ခံစားချက်တွေကို ဖော်ပြရာမှာ သုံးလေ့ရှိတယ် ။
I think you're right . ( မင်းမှန်တယ်လို့ ငါ ထင်တယ်  )
I like my job. ( ငါ့ အလုပ်က ငါ နှစ်သက်တယ် ။  )
- အမြဲမှန်တဲ့ ဖြစ်ရပ်တွေ ၊ အမြဲ ဖြစ်နေလေ့ရှိတဲ့ အခြေအနေတွေကို  ဖော်ပြရာမှာ သုံးလေ့ရှိတယ် ။
Paper burns easily. စက္ကူ က လွယ်လွယ် မီးလောင်တယ် ။ ( မီးလောင် လွယ်တယ် )
- Verbs တွေကို State verbs နဲ့ Action verbs ဆိုပြီး ခွဲလေ့ရှိတယ် ။
အခြေအနေ တစ်ခု ကို ဖော်ပြတဲ့ verbs တွေကို State verbs လို့ ခေါ်ပြီး
လုပ်ရပ်ကို ဖော်ပြရင် Action verbs လို့ ခေါ်လိုက်တယ် ။
- သာမန်အားဖြင့် State verbs နဲ့တွေကို
Present Continuous Tense နဲ့ မသုံးဘဲ
Present Tense နဲ့ဘဲ သုံးလေ့ရှိတယ် ။
( *** ခြွင်းချက်တွေတော့ရှိတတ်တယ် ။
ဒါကြောင့် အမြဲတမ်းလို့ မသုံးဘဲ သာမန်အားဖြင့်လို့ သုံးပေးထားတာပါ ။ )
-State verbs တစ်ချို့ ဖော်ပြပေးလိုက်ပါတယ် ။
( be, believe, belong , consist of, contain, depend on, deserve,
exist, hate, know, like, love, matter, mean, own, need,
prefer, remember, resemble, seem, understand )
- အောက်ပါ Verbs တွေဆိုရင်လည်း Present Tense နဲ့ပဲ သုံးလေ့ရှိတယ် ။
I promise, agree , refuse , forgive
I promise I'll write to you. ငါ မင်းဆီကို စာရေးမယ်လို့ ကတိပေးပါတယ် ။
It's all right. I forgive you. ရပါတယ် ။ ငါ မင်းကို ခွင့်လွှတ်ပါတယ် ။
ဒီလောက် ဆိုရင်တော့
Present Continuous Tense နဲ့ Present Tense ( Simple ) ရဲ့
ကွာခြားချက်တွေကို နားလည် သွားလိမ့်မယ်လို့ ထင်ပါတယ် ။
အချိန်ချုံ့ပြီး ရှင်းပြရတော့ ဥပမာစာကြောင်းတွေတော့ နည်းနေတယ် ။
ထပ်မံ ချဲ့ထွင်လေ့လာချင်ရင် ကျွန်တော် အရင်တုန်းက ညွှန်ပေးထားတဲ့
Cambridge University Press က ထုတ်တဲ့
Grammar in Use မှာ လေ့လာပါ ။
Intermediate Level ကို လေ့လာရင် ဒီ အချက်တွေ ပါမှာပါ ။
♦
သတိထားစေချင်တာလေး တစ်ခုတော့ ရှိပါတယ် ။
ဘာသာစကားဆိုတာ သဒ္ဒါမပေါ်ခင်ကတည်းက ရှိနေတာပါ ။
ဘာသာစကားကို တွင်တွင်ကျယ်ကျယ်သုံးလာပြီး အတော်ကြာတော့မှ
သဒ္ဒါဆိုတာ ကို တဖြည်းဖြည်းခြင်း ပြုစုကြရတာပါ ။
ဒီတော့ တစ်ခါတလေ မှာ သဒ္ဒါဟာ
ဘာသာစကားကို လိုက်မမှီတဲ့ ခြွင်းချက်တွေရှိတတ်ပါတယ် ။
ခြွင်းချက်တွေ သိပ်များပြီးထင်ရှားလာရင်တော့ အဲဒီ ခြွင်းချက်တွေကို တူရာစုစည်းပြီး
သဒ္ဒါ စည်းမျဉ်း တစ်ခု အသစ် ထပ် ဖြည့်လိုက်ကြတာပေါ့ဗျာ ။
အဲ့ဒီ အချိန်မရောက်သေးရင်တော့ ခြွင်းချက်တွေ ကို ခြွင်းချက် အနေနဲ့ပဲ မှတ်ထားရပါတယ် ။
ဒါလေးတော့ သတိထားပေးပါဗျာ ။
English ဘာသာစကား စွမ်းရည်က တွန်းဖွင့်ပေးလိုက်တဲ့
အသိပညာ နဲ့ အခွင့်အလမ်း တံခါးတွေကို
ရဲရဲ ဝံ့ဝံ့ လျှောက်လှမ်းဝင်ရောက်သွားနိုင်ပါစေဗျာ ။ :)
လေးစားလျှက်
#ကိုဇင်ဇေ
" ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက် လှမ်းနိုင်ကြပါစေ "
:)
♦
ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။
Active English သင်တန်း
♦
English ဘာသာစကားဆိုင်ရာ သင်ခန်းစာများကို
အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံဖြင့် အားမရဘဲ
သင်တန်းတက်ရောက်ပြီး စနစ်တကျ သေချာ လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)
>>>
http://www.activeenglishmyanmar.com/2015/09/active-english-september.html?m=1

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...