Skip to main content

Present Continuous Tense နဲ့ Present Tense ( Simple ) ကို မှားပြီး မသုံးမိအောင်

ကျွန်တော်တို့ မြန်မာ ကျောင်းသားအများစုဟာ
Present Continuous Tense နဲ့ Present Tense ( Simple ) ကိုရောပြီး သုံးတတ်ပါတယ် ။
အထူး သဖြင့် Present Tense ကို ပစ္စုပ္ပန် လို့
အလွတ်ကျက်လာခဲ့ရတဲ့ ကျောင်းသားတွေမှာ ဖြစ်လေ့ရှိပါတယ် ။
တကယ်တမ်းတော့ Present Tense = ပစ္စုပ္ပန် ဆိုတဲ့ ဖွင့်ဆိုချက်ဟာ
တကယ် English စာ  ကို လေ့လာအသုံးချမယ့် လူ တစ်ယောက် အတွက် သိပ်အဆင်မပြေလှပါဘူး ။
စဉ်းစားကြည့်လေ ။
အခု သင် ဒီစာကို ဖတ်နေတယ် ။ ဒါဟာ ပစ္စုပ္ပန်  ပဲ ။
ဒါပေမယ့် ဒါကို "I read now." လို့ ပြောသင့်လား ?
"I am reading now." လို့ ပြောရမှာလား ?
ဒီလောက်ဆို ကျွန်တော် ရှင်းပြချင်တာကို နားလည်နိုင်မယ် ထင်ပါတယ် ။
အခု ကျွန်တော် Present Continuous Tense နဲ့ Present Tense ( Simple ) ကို
မှားမသုံးမိအောင် ခွဲထုတ်နိုင်တဲ့ အချက်လေးတွေကို
နည်းနည်းချင်း ခွဲတင်ပေးပါ့မယ် ။
ဖြည်းဖြည်းချင်း မှတ်နိုင်အောင်လို့ပါ ။
ပြီးရင် တော့ ပြန်စုပြီး တစ်ပုဒ်တည်း အနေနဲ့ ပြန်တင်ပေးပါ့မယ် :)

ကွာခြားချက် ( ၁ )
Now or sometimes ? ( အခုလား ၊ တစ်ခါတလေလား ? )
Present Continuous Tense ကို လောလောဆယ် ဖြစ်ပျက်နေတဲ့အရာတွေမှာ သုံးရပါတယ် ။
Example:
It's raining at the moment.
- အခု မိုးရွာနေတယ်  ။
Look. That man is taking a photo of you.
- ဟေ့ ကြည့်လိုက်ဦး ။ ဟိုလူ မင်း ကို ဓာတ်ပုံရိုက်နေတယ် ။
Present Tense ကိုတော့ ထပ်ခါတလဲလဲ လုပ်နေတဲ့ ဖြစ်ရပ်/လုပ်ရပ်တွေကို ဖော်ပြရာမှာသုံးပါတယ် ။
Example:
It always rains at the weekend.
- စနေ၊တနင်္ဂနွေ တွေဆို အမြဲ မိုးရွာလေ့ရှိတယ် ။
He's a photographer. He takes lots of photos.
- သူ က ဓာတ်ပုံဆရာ ၊ သူက ဓာတ်ပုံတွေ အများကြီး ရိုက်လေ့ရှိတယ် ။

ကွာခြားချက် ( ၂ )
Temporary or permanent ? ( ယာယီလား ? အမြဲတမ်းလား ? )
Present Continuous Tense ကို ယာယီ အနေနဲ့လုပ်နေရတယ်လို့
ယူဆတဲ့ အနေအထားတွေ ၊ လုပ်ရပ်တွေကို ဖော်ပြရာမှာ သုံးပါတယ် ။
Example:
I'm working at a sports shop for six weeks.
- ငါ အားကစားပစ္စည်း အရောင်းဆိုင်မှာ ၆ ပတ်လောက် အလုပ်လုပ်နေတယ် ။
At the moment they're living in a very small flat.
- လောလောဆယ်တော့ သူတို့ တွေ အတော်လေးကျဉ်းတဲ့ တိုက်ခန်းလေးမှာ နေ နေကြတယ် ။
Present Tense ကိုတော့ အမြဲတမ်း အနေနဲ့လုပ်နေရတယ်လို့
ယူဆတဲ့ အနေအထားတွေ ၊ လုပ်ရပ်တွေကို ဖော်ပြရာမှာ သုံးပါတယ် ။
Example:
I work at a sports shop. It's a permanent job.
- ငါက အလုပ်လုပ်တယ် ။ အမြဲတမ်း အလုပ်ပဲလေ ။
They live in a very nice flat.
- သူတို့က အလွန်ကောင်းတဲ့ တိုက်ခန်းမှာ နေတယ် ။
- ကိုဇင်ဇေ
( Founder and Trainer at
Active English သင်တန်း )
- 0943115202

ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

English ဘာသာစကားဆိုင်ရာ သင်ခန်းစာများကို
အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံဖြင့် အားမရဘဲ
သင်တန်းတက်ရောက်ပြီး စနစ်တကျ သေချာ လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)
>>>
http://www.activeenglishmyanmar.com/2015/09/active-english-september.html?m=1

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။