Skip to main content

Present Continuous Tense နဲ့ Present Tense - ကွာခြားချက် ( ၃ )

Present Continuous Tense နဲ့ Present Tense ( Simple )
♦
ကွာခြားချက် ( ၃ )
- Always နဲ့ တွဲသုံးတဲ့အခါ
Present Continuous Tense ကို Always နဲ့ တွဲသုံးတဲ့အခါ
"ခဏခဏ ဖြစ်လွန်းတယ် ၊ လုပ်လွန်းတယ်" ဆိုတဲ့ အဓိပ္ပာယ်မျိုး ထွက်ပါတယ် ။
( အဆိုးမြင် သဘောပါလေ့ရှိပါ တယ် ။ )
Example:
Tom is always inviting friends here.
- တွမ် က သူငယ်ချင်းတွေကို ဒီကို အမြဲ ဖိတ်နေတာပဲ ။
( He invites them very often - ခဏခဏ ဖိတ်လွန်းတယ် )
I'm always making silly mistakes.
- ငါ အမြဲတမ်း ဒီလို ကလေးကလား အမှားတွေ လုပ်နေမိတာပဲ ။
( I make silly mistakes too often. - အမှား ခဏခဏ လုပ်မိလွန်းလေ့ရှိတယ် )
Present Tense ကို Always နဲ့ တွဲသုံးတဲ့အခါ ကျတော့
အကြိမ်တိုင်း ၊ အမြဲတမ်း စတဲ့ ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ ထွက်ပါတယ် ။
( အဆိုးမြင် သဘောပါလေ့ သိပ် မရှိပါဘူး ။ )
Example:
Tom always invites us to stay at Christmas.
တွမ်က ငါတို့ကို ခရစ်စမတ်မှာ ခဏလာနေဖို့ အမြဲ ဖိတ်တယ် ။
( He invites us every Christmas. - ခရစ်စမတ်တိုင်း မှာ ဖိတ်တယ် )
I always make silly mistakes in exams.
ငါက စာမေးပွဲတွေမှာ အမြဲတမ်း ကလေးကလားအမှားတွေ လုပ်တတ်တယ် ။
( I make mistakes in every exam. - စာမေးပွဲတိုင်းမှာ အမှားလုပ်တယ် )
- ကိုဇင်ဇေ
Active English သင်တန်း
=====
♦
ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...