Skip to main content

Unit-1_နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း ( Introduction & Greeting )

♦ Unit-1 ♦

နှုတ်ဆက်ခြင်း ၊ မိတ်ဆက်ခြင်း
< Greeting & Introduction >
လူ တစ်ယောက် နဲ့ တစ်ယောက် တွေ့ကြတဲ့ အခါ ဘယ်လို နှုတ်ဆက်ရမယ် ၊
မိတ်ဆက်ရမယ် ဆိုတာနဲ့ ပတ်သက်တဲ့
မေးခွန်းလေးတွေကို မေးကြည့်/ဖြေကြည့် နိုင်ပါတယ် ။
Elementary to Pre-intermediate အဆင့် လေ့လာသူတွေ အတွက်ပါ ။
ဒီ သင်ခန်းစာကို ၃ ပိုင်း ခွဲပြီး တင်ပေးထားပါတယ် ။
- မြန်မာလို သက်သက် တစ်ပိုင်း
- English လို သက်သက် တစ်ပိုင်း
- English နဲ့ မြန်မာတွဲလျက် တစ်ပိုင်းပါ ။

အဆင့်လိုက် လေ့ကျင့်နည်း
---------------------------------
အဆင့် ၁။ မြန်မာလို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး English လို တွေးကြည့်/ပြောကြည့်ပါ ။
အဆင့် ၂။ English လို ရေးပေးထားတဲ့ မေးခွန်းတွေကို ဖတ်ပြီး နားလည်လားလို့ မိမိကိုယ်ကို စမ်းသပ်ပါ ။
ပြီးတော့ ကိုယ်ပိုင် အဖြေနဲ့ ဖြေဆို လေ့ကျင့်ပါ ။
အဆင့် ၃။ နောက်ဆုံး အဆင့်ကတော့ စာ ပြန်နွှေးတဲ့ သဘောသက်သက်ပါ ။
English နဲ့ မြန်မာ တွဲလျက်ရေးပေးထားတာကို ကြည့်ပြီး ပြောနိုင်ရုံနဲ့တော့ မတင်းတိမ်လိုက်ပါနဲ့ ။
ဒီ အကြောင်းအရာပေါ်မူတည်ပြီး  အလွတ်တမ်း  ( ဒါမှမဟုတ် )
မြန်မာလို ပဲ ကြည့်ပြီး English လို အလွတ် ပြန်မေးနိုင်/ဖြေနိုင်တဲ့ အဆင့်အထိ လေ့ကျင့်ရမှာပါ ။
***
#ActiveEnglish သင်တန်းသားတွေကတော့ သင်တန်းမှာ လေ့ကျင့်ပေးထားတဲ့
Interchange 1 - Unit ( 1 ) နဲ့တွဲဖတ်ပြီး လေ့ကျင့်ပါ ။
ဒီမေးခွန်းတွေက အောင်မှတ် အဆင့်ပါ ။
ဒီလောက်ကို မေးနိုင်ဖြေနိုင်ရင် အောင်မှတ်ပါ ။
ထူးချွန်လိုသူတွေ အတွက်တော့ ( ဒီ သင်ခန်းစာ - Interchange 1 - Unit ( 1 )  - နဲ့ ပဲ )
ဆက်စပ်နေတဲ့ တခြား အမေးအဖြေတွေ ရှိပါသေးတယ် ။
နောင်မှ ထပ် တင်ပေးပါဦးမယ် ။
English ဘာသာစကား စွမ်းရည် တစ်နေ့တစ်ခြား တိုးတက်ရင်း
အသိပညာ သစ်တွေ / အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။
လေးစားလျှက်
ကိုဇင်ဇေ
( Founder and Trainer at #ActiveEnglish )
======

အပိုင်း ( ၁ )
- ငါ့ကို / ကျွန်တော် / ကျွန်မကို ------ လို့ပဲ ခေါ်ပါ ။
- ဟဲလို ၊ ဟိုင်း ၊ ကောင်းသော/မင်္ဂလာ  မနက်ခင်းပါ / နေ့လည်ခင်းပါ / ညနေခင်းပါ
- နေကောင်းလား ? / ကျန်းမာရဲ့လား ?
- မင်း ရှေ့/နောက်/မိသားစု/မှည့်ထားတဲ့ နာမည်က ဘာလဲ ?
- မင်း ရှေ့/နောက်/မိသားစု/မှည့်ထားတဲ့ နာမည်က ဘာလဲ နောက် တစ်ခေါက်လောက် ( ပြောပြပါ ) ?
- မင်း အဲဒါကို ဘယ်လို စာလုံးပေါင်းလဲ ?
- မင်း ဘယ် ကလဲ ? / ဘယ် ဇာတိလဲ ?
- မင်း ရဲ့ အတန်းဖော် / သူငယ်ချင်း/လုပ်ဖော်ကိုင်ဖက် က ဘယ်ကလဲ ?
- မင်းနဲ့ မင်းရဲ့ အတန်းဖော်/သူငယ်ချင်း/လုပ်ဖော်ကိုင်ဖက်က မြန်မာနိုင်ငံကလား ?
- မင်း အတန်းတွေက ဘယ်လိုလဲ ? ဘယ်လို အခြေအနေရှိလဲ ?
- မင်း အတန်းဖော်တွေက ဘယ်လိုလဲ ?
( သူတို့ရဲ့ စိတ်နေစိတ်ထား ၊ အကျင့်စရိုက်က ဘယ်လိုလဲ ? )
- မင်း နဲ့ သူက တစ်တန်းထဲလား ( အတန်းတူလား ) ?
- မင်း အတန်းတွေက စိတ်ဝင်စားဖို့ကောင်းလား ?
- မင်း အင်္ဂလိပ်စာသင်တန်းက မနက်ပိုင်းမှာလား ?
- အတန်းပြီးရင် မင်း အားလား ?
====

အပိုင်း ( ၂ )
- Please call me Beth.
- Hello/Hi. 
- Good morning/afternoon/evening.
- How are you?
- What’s your first/last name?
- What’s your first/last name, again?
- How do you spell that?
- Where are you from? Where’s [classmate] from?
- Are you and [classmate] from [country]?
- How are your classes?
- What are your classmates like?
- Are you and [classmate] in the same class?
- Are your classes interesting?
- Is your English class in the morning?
- Are you free after class?
===

အပိုင်း ( ၃ )
- Please call me Beth.
ငါ့ကို / ကျွန်တော် / ကျွန်မကို ------ လို့ပဲ ခေါ်ပါ ။
- Hello/Hi.  Good morning/afternoon/evening.
ဟဲလို ၊ ဟိုင်း ၊ ကောင်းသော/မင်္ဂလာ  မနက်ခင်းပါ / နေ့လည်ခင်းပါ / ညနေခင်းပါ
- How are you?
နေကောင်းလား ?  / ကျန်းမာရဲ့လား ?
- What’s your first/last name?
မင်း ရှေ့/နောက်/မိသားစု/မှည့်ထားတဲ့ နာမည်က ဘာလဲ ?
- What’s your first/last name, again?
မင်း ရှေ့/နောက်/မိသားစု/မှည့်ထားတဲ့ နာမည်က ဘာလဲ နောက် တစ်ခေါက်လောက် ( ပြောပြပါ ) ?
- How do you spell that?
မင်း အဲဒါကို ဘယ်လို စာလုံးပေါင်းလဲ ?
- Where are you from?
မင်း ဘယ် ကလဲ ? / ဘယ် ဇာတိလဲ ?
- Where’s [classmate] from?
မင်း ရဲ့ အတန်းဖော် / သူငယ်ချင်း/လုပ်ဖော်ကိုင်ဖက် က ဘယ်ကလဲ ?
- Are you and [classmate] from [country]?
မင်းနဲ့ မင်းရဲ့ အတန်းဖော်/သူငယ်ချင်း/လုပ်ဖော်ကိုင်ဖက်က မြန်မာနိုင်ငံကလား ?
- How are your classes?
မင်း အတန်းတွေက ဘယ်လိုလဲ ? ဘယ်လို အခြေအနေရှိလဲ ?
- What are your classmates like?
မင်း အတန်းဖော်တွေက ဘယ်လိုလဲ ? ( သူတို့ရဲ့ စိတ်နေစိတ်ထား ၊ အကျင့်စရိုက်က ဘယ်လိုလဲ ? )
- Are you and [classmate] in the same class?
မင်း နဲ့ သူက တစ်တန်းထဲလား ( အတန်းတူလား ) ?
- Are your classes interesting?
မင်း အတန်းတွေက စိတ်ဝင်စားဖို့ကောင်းလား ?
- Is your English class in the morning?
မင်း အင်္ဂလိပ်စာသင်တန်းက မနက်ပိုင်းမှာလား ?
- Are you free after class?
အတန်းပြီးရင် မင်း အားလား ?
=====
English ဘာသာစကား စွမ်းရည် တစ်နေ့တစ်ခြား တိုးတက်ရင်း
အသိပညာ သစ်တွေ / အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။
:)
လေးစားလျှက်
ကိုဇင်ဇေ
( Founder and Trainer at #ActiveEnglish )
---

ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော သင်ခန်းစာများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။
---

အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ
သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက
တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို
အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :)
>>>
http://www.activeenglishmyanmar.com/2015/08/active-english-interactive-english.html

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။