Skip to main content

"go to school" နဲ့ "go to the school" ဘာကွာ ပါသလဲ ?

"go to school" နဲ့ "go to the school" ဘာကွာ ပါသလဲ ?
-------------------------------------------
ဒီ နှစ်ခု ကို ဘာကွာသလဲဆိုတာ မသိရင်
မှား မှားပြီး သုံးတတ်ကြတာများလို့
လိုရင်း တိုရှင်းလေး တင်ပေးလိုက်ပါတယ် ။


"the" ဆိုတာ တိကျတဲ့ တစ်စုံတစ်ရာကို ပြန်လည်ရည်ညွှန်းရာမှာ
သုံးတယ်ဆိုတာကို တော့ အရင်မှတ်ထားရမှာပါ ။
ဥပမာ >
I had a sandwich for lunch. ဆိုပါတော့ ။
သူဟာ နေ့လည် စားအတွက် Sandwich တစ်ခု စားခဲ့တယ်လို့ ဆိုလိုပါတယ် ။
ဘယ် Sandwich ဆိုတာကို တိတိကျကျ ရည်ညွှန်းတာမျိုး မရှိပါဘူး ။
ဘယ် Sandwich မဆို ဖြစ်နိုင်ပါတယ် ။
သူကပဲ ဆက်ပြီး
The sandwich wasn't very good. လို့ ဆိုလိုက်ပြီ ဆိုပါတော့ ။
( အဲဒီ sandwich က စားလို့တော့ သိပ်မကောင်းခဲ့ဘူး ။ )
ဒါဆိုရင်တော့ အခုနက သူ နေ့လည်စာ အနေနဲ့ စားခဲ့တဲ့ sandwich ကို သာ ဆိုလိုပါတယ် ။
တခြား sandwich တွေကို ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး ။
ကဲ ဒီလောက် သိပြီဆိုရင်တော့ မူရင်း Topic ကို ပြန် လေ့လာကြည့်ရအောင်ပါ ။ ။


" go to school " ဆိုတာ ကျောင်းသွားတယ် လို့ ဆိုပေမယ့်
ကျောင်းသွားတက်တာလို့ နားလည် ရမှာပါ ။
( ကျောင်းသား အနေနဲ့ ပေါ့ ... ဘယ်ကျောင်းမဆို ဖြစ်နိုင်ပါတယ် ။
ကျောင်းသွားတတ်ဖို့သာ လိုရင်းပါပဲ ။ )
" go to the school "ဆိုတာကတော့ ကျောင်းသွားတာခြင်း တူပေမယ့်
ကျောင်းသားအနေနဲ့ ကျောင်းသွားတက်တာကို ဆိုလိုတာ မဟုတ်ဘဲ
တခြား အကြောင်းရှိလို့ သွားတာကို ဆိုလိုတာပါ ။


ဒီ စာပိုဒ်လေး ၂ ပိုဒ်ကို ယှဉ်ဖတ်ကြည့်ရင် ပိုနားလည်သွားမှာပါ ။
( 1 )
Suzan is ten years old. Every day she goes to school.
She's at school now. School begins at 9 and finishes at 3.

( 2 )
Today Suzan's mother wants to speak to her daughter's teacher.
So she has gone to THE school to see her. She's at THE school now.


prison , hospital , university , college , church တို့ကိုလည်း
ဒီလို အယူအဆနဲ့ပဲ ခွဲခြားပြီး သုံးရမှာ ဖြစ်ပါတယ် ။
"the" မပါတဲ့ အခါမှာ အဲဒီ နေရာရဲ့ ယေဘူယ ဝန်ဆောင်မှု/
လုပ်ဆောင်ချက်တွေကို ရယူဖို့သွားတာပါ ။
"the" ပါရင်တော့ မူလ သဘောတရားနဲ့ မသက်ဆိုင်ရာ တစ်ခုခု သွားလုပ်တာပါ ။
အခုလောက်ဆို
"go to school" နဲ့ "go to the school" ဘာကွာ သလဲ ဆိုတာ ရှင်းသွားမယ် ထင်ပါတယ်
:)

English ဘာသာစကား စွမ်းရည် များ တစ်နေ့တခြား တိုးတက်ပြီး
အခွင့်အလမ်းကောင်းများ ရယူ ပိုင်ဆိုင်နိုင်ကြပါစေဗျာ ။
:)

လေးစားလျက်
ကိုဇင်ဇေ
Founder and Trainer
Active English သင်တန်း
=======


ဆရာ ကိုဇင်ဇေ #ActiveEnglish  မှ သင်ကြားသော English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ / ဆောင်းပါးများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

*****

Active English သင်တန်းမှ အသစ်ဖွင့်လှစ်မည့် တန်းခွဲများ(အနီးဆုံး)��
---------------------------

November လအတွင်း ဖွင့်လှစ်မည့် တန်းခွဲများ 

Elementary to Pre-intermediate Part (1) Level

11.11.15 > Mon, Tue , Wed, Thu >7:00 to 8:30 AM>(2)Months>45,000 ks

11.11.15 > Mon, Tue , Wed, Thu >5:30 to 6:30 PM>(3)Months>45,000 ks

18.11.15 > Mon, Tue , Wed, Thu >6:30 to 8:00 PM>(2) Months>45,000 ks

21.11.15 > Sat , Sun > 7:00 to 8:30 AM >(3)Months>45,000 ks

21.11.15 > Sat , Sun > 10:00 to 12:00 PM>(3)Months >45,000 ks

28.11.15 > Sat , Sun > 4:00 to 6:00 PM >(3)Months>45,000 ks

21.11.15 > Sat , Sun > 6:30 to 8:00 PM >(3)Months>45,000 ks


December  လအတွင်း ဖွင့်လှစ်မည့် တန်းခွဲများ

Elementary to Pre-intermediate Part (1) Level

15.12.15 > Mon,Tue,Wed,Thu >7:00 to 8:30AM >(2)Months>45,000 ks

1.12.15 > Mon,Tue,Wed,Thu >9:00 to 11:00AM>(6)Weeks >45,000 ks 

14.12.15 > Mon,Tue,Wed,Thu >5:30 to 6:30PM>(3)Months >45,000 ks 

28.12.15 > Mon,Tue,Wed,Thu >6:30 to 8:00PM >(2)Months>45,000 ks 

19.12.15 > Sat , Sun >10:00 AM to 12:00 Noon >(3)Months>45,000 ks 

26.12.15 > Sat , Sun > 2:00 to 4:00 PM >(3)Months>45,000 ks


Pre-intermediate Part-2 Level

5.12.15 >Sat ,Sun > 2:00 to 4:00 PM >(3)Monthd>45,000 ks


Intermediate Part -1 Level

19.12.15 > Sat , Sun > 4:00 to 6:00 PM >(3)Months>45,000 ks
----------------------------------------------------------
www.facebook.com/MmEnglishLearning
<<< သင်တန်း Page မှာ သင်ခန်းစာ အချို့ ကြိုတင် လေ့လာလို့ ရပါတယ် ။

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174
သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း ၊ တာမွေကြီး (ခ) ရပ်ကွက် ၊  တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
———

English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ …

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် …"

အခြေခံ မကောင်းခဲ့၍ English ဘာသာစကားကို ကြောက်နေသူများ
၂ လ မှ ၆ လ အတွင်း မိမိကိုယ် မိမိ ယုံကြည်စွာ ပြောဆိုရေးသားနိုင်ရန်
သင်ကြားပေးနေပါပြီ …

မိမိနှင့်ကိုက်ညီသည့် သင်ကြားပုံ ဟုတ်မဟုတ်
သေချာ လာရောက်ဆွေးနွေးနိုင်သည် ။

သင်ကြားမှူ ပုံစံနဲ့ မိမိရဲ့ တိုးတက်မှူ အပေါ် စိတ်တိုင်းကျ ကျေနပ်မှူ မရှိရင်
တစ်ပတ် အတွင်း သင်တန်းကြေး (၁၀၀) ရာခိုင်နှုန်း ပြန်အမ်းပေးသွားပါ့မယ် ။

ကျွန်တော် သင်တန်းသားတွေကို ကိုယ်ချင်းစာလို့ ဒီ အစီအစဉ်ကို ထည့်ပေးတာပါ ။
စာတတ် ၊ စာတော်တိုင်းလည်း စာမသင်တတ်ပါဘူး ။
စာသင်တတ်တိုင်းလည်း ကိုယ်နဲ့ကိုက်မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး ။
ဒီတော့ သင်တန်းရဲ့ ဟန်နဲ့ မကိုက်ရင် မြန်မြန် တခြား ကိုယ်နဲ့ပိုအဆင်ပြေတဲ့ ဆရာရှာနိုင်ဖို့
ဒီအစီအစဉ်ကို ထည့်ပေးထားတာပါ ။


တန်းခွဲ တစ်ခုမှာ လူဦးရေ (၁၆ – ၂၀ )ယောက် အထိပဲ လက်ခံပါတယ် ။

အသစ် ဝင်လာတဲ့ ကျောင်းသားတွေကို အဟောင်းတွေနဲ့ ရောသင်တာမျိုး
ကျွန်တော်တို့ သင်တန်းမှာ လုံးဝမရှိပါဘူး ။


သင်တန်းကြေးကတော့ Level တစ်ခု ၄ သောင်းခွဲ ကျပ် ဖြစ်ပြီး
Level ၃ ခု အဓိက ထား ဖွင့်လှစ်ပေးထားပါတယ် …


သီးသန့်ဝိုင်းတွေ ၊ Company ဝိုင်းတွေကိုလည်း အချိန် အဆင်ပြေရင် စီစဉ်ပေးပါတယ် ။


တန်းခွဲ တိုင်းမှာ ဆရာ ကိုဇင်ဇေ နဲ့
တခြား သင်ကြားရေး အတွေ့အကြုံရှိပြီး စေတနာပြည့်ဝတဲ့ ဆရာတွေ အတူ တွဲပြီး သင်ပေးပါတယ် ။


သင်တန်းသားတွေ အထွေထွေ ဗဟုသုတ တိုးတက်ဖို့ သုတ ၊ ရသ ဆိုင်ရာ စာအုပ်များကို
စုစည်းပေးထားတဲ့ စာကြည့်တိုက်လေးလည်း စီစဉ်ပေးထားပါတယ် ။
မြန်မာဘာသာနဲ့ ရေးသားထားသော စာအုပ်များသာမက
English ဘာသာနဲ့ ရေးသားထားသော စာအုပ်များကိုပါ ထားရှိပေးထားပါတယ် ။

=========

ပုံမှန် အတန်းချိန်များ

Active English မှာ ပုံမှန်အားဖြင့် တန်းခွဲ အချိန် ၉ မျိုး ခွဲပေးထားပါတယ် ။


တင်္နလာ ကနေ ကြာသပတေး  နေ့ တွေမှာ အချိန် ၄ ချိန် ရှိပါတယ် ။
Level တစ်ခု အတွက် သင်တန်းကာလ ၂ လ ကြာမြင့်ပါတယ် ။
1. 7:00 – 8:30 AM
2. 9:00 – 10:30 AM
3. 5:30 – 6:30 PM
4. 6:30-8:00 PM


စနေ / တနင်္ဂနွေ နေ့တွေမှာ အချိန် ၅ ချိန် ရှိပါတယ် ။
Level တစ်ခု အတွက် သင်တန်းကာလ ၃ လ ကြာမြင့်ပါတယ် ။
5. 7:00 – 8:30 AM
6. 10:00 to 12:00 Noon
7. 2:00 – 4:00 PM
8. 4:00-6:00 PM
9. 6:30-8:00 PM

တန်းခွဲ တစ်ခုပြီးမှ တစ်ခု ဖွင့်တာမို့လို့
အနီးဆုံးဖွင့်မယ့် တန်းခွဲစာရင်းမှာ
မပါသေးတဲ့ အချိန်တွေ ကို တက်ချင်ရင်
နောက် ၁ လ လောက် စောင့်လိုက်ရင်
တန်းခွဲသစ် အနေနဲ့ ပြန်ဖွင့်တဲ့အခါ  တက်လို့ ရနိုင်တာမျိုး ရှိနိုင်ပါတယ် ။
( တန်းခွဲ ဟောင်းမှာ သင်တန်းသားသစ် လက်မခံလို့ပါ ။  )

တန်းခွဲ တစ်ခု မှာ လူဦးရေ ၁၈-၂၀ ယောက်ပဲ လက်ခံပြီး
ထိထိရောက်ရောက် သင်ကြားပေးမှာမို့လို့
ကြိုတင် လာရောက် အပ်နှံ ပေးဖို့ လိုပါတယ်ဗျာ ။
( ကိုဇင်ဇေ )

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174
သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း ၊ တာမွေကြီး (ခ) ရပ်ကွက် ၊  တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have d...

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...