Skip to main content

English သင်ခန်းစာများကို Email ကနေ ဖတ်မယ် ... စု ထားမယ် ... :)

English သင်ခန်းစာများကို Email ကနေ ဖတ်မယ် ... စု ထားမယ် ... :)
---------------------------------------------------------------------

Active English Website ( www.activeenglishmyanmar.com ) မှာ တင်သမျှ
သင်ခန်းစာတွေကို ကနေ Email တဆင့် ဖတ်လိုတယ် ....
ဒါမှမဟုတ်
နောင် အချိန်မရွေး ပြန်ဖတ်လို့ရအောင် စုဆောင်းထားလိုတယ် ဆိုရင်
အောက်ပါ အဆင့်များ အတိုင်း လုပ်ဆောင်ထားလိုက်ပါ ဗျာ ။
( မရှင်းတာတွေ ရှိရင် သေချာအောင်လို့ တင်ထားတဲ့ ပုံတွေကို ကြည့်နိုင်ပါတယ်  ။ )
:)

Mobile Application က Android version ပဲ ရှိသေးတဲ့ အတွက်
အဆင်မပြေ ဖြစ်နေသူတွေလည်း
Email ကနေ တဆင့် သိမ်းထားပြီး အမြဲ ပြန်ဖတ်နိုင်မှာ ဖြစ်ပါတယ် ။
:)

၁။  www.activeenglishmyanmar.com ကို သွားပါ ။ ( Mobile browser / Web browser ကို သုံးပါ )

၂။ Website ရောက်တဲ့အခါ  အောက်ကို ဆင်းကြည့်ပြီး
" သင်ခန်းစာ အသစ်တင်တိုင်း ပို့ပေးလိုပါက ချန်ထားခဲ့ပါ " ဆိုသော စာသားကို ရှာပါ ။

၃။ ထို စာသားအောက်မှ အကွက်ထဲတွင် မိမိ လိပ်စာကို ရိုက်ထည့်ပြီး
ဘေးနားမှ "Submit " ကို နှိပ်လိုက်ပါ ။

၎။ " Thank you for your request " ဆိုပြီး
Feedburner - Box ပေါ်လာပါလိမ့်မယ် ။
သူ ပေးထားတဲ့ စကားလုံးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပါ ။
ပြီးရင် " Complete Subscription Request " ကို နှိပ်လိုက်ပါ ။

၅။ " Your request has been accepted " ဆိုပြီး
Feedburner - Box ပေါ်လာပါလိမ့်မယ် ။
Box ကို ဘာမှ မလုပ်ဘဲ ပိတ်လိုက်လို့ရပါတယ် ။

၆။ ကိုယ့် email ကို ဝင်ပြီး FeedBurner က ပို့ထားတဲ့ mail ရောက်မရောက် စစ်ဆေးပါ ။
ပုံ ကို ကြည့်ပါ ။

၇။ Email ကို ဖွင့်ဖတ်ပြီး အတည်ပြုရန် အတွက် ပေးထားသော လင့် ကို နှိပ်ပါ ။

၈။ " Email Subscription Confirmed " ဆိုပြီး
Feedburner - Box ပေါ်လာပါလိမ့်မယ် ။ ( Box ကို ဘာမှ မလုပ်ဘဲ ပိတ်လိုက်လို့ရပါတယ် ။  )

ဒါဆို ပြီးပါပြီဗျာ ။

Active English Website မှာ အသစ်တင်တိုင်း ကိုယ့် Email ကို သင်ခန်းစာတွေ ရောက်လာပါလိမ့်မယ် ။ 
English ဘာသာစကားကို အဆင်ပြေ ထိရောက်စွာ လေ့လာနိုင်ပြီး
ဘဝ တိုးတက်အောင်မြင်နိုင်မယ့် အသိပညာ နဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ပါစေဗျာ ။
:)

လေးစားလျက်
ကိုဇင်ဇေ
" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ "

Founder & Trainer @ActiveEnglish

=====

#UnicodeVersion

---------------------------------------------------------------------

:)

:)










:)


Founder & Trainer @ActiveEnglish

 ( 1 )



( 2 )

( 3 )

( 4 )

( 5 )


( 6 ) 


( 7 )

( 8 )

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have d...

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...