Skip to main content

သင်တန်းကြေး ၁၀၀ ရာခိုင်နှုန်း ပြန်အမ်းသည့် ကိစ္စ နှင့် ပက်သက်၍

သင်တန်းကြေး ၁၀၀  ရာခိုင်နှုန်း ပြန်အမ်းသည့် ကိစ္စ နှင့် ပက်သက်၍
------------------------------

ကျွန်တော် #ကိုဇင်ဇေ
#ActiveEnglish သင်တန်း ကို ဖွင့်လာတာ
၃ နှစ်ကျော်လို့ ၄ နှစ်ထဲတောင် ရောက်လာပါပြီ ။
သင်တန်း စဖွင့်ကတည်းက
သင်တန်းသားတွေ အဆင်ပြေစေဖို့
မူ တစ်ခု ချမှတ်ပေးထားပါတယ် ။

***
သင်ကြားမှု ပုံစံနှင့်
မိမိ၏ တိုးတက်မှု အပေါ်
စိတ်တိုင်းကျ ကျေနပ်မှု မရှိပါက
တစ်ပတ် အတွင်း
သင်တန်းကြေး ၁၀၀ ခိုင်နှုန်း ပြန်အမ်းပေးပါမည် ***
ဆိုပြီး ကြေငြာပေးထားတာပါ ။

လုပ်ဖော်ကိုင်ဖက် ဆရာတွေက
မြန်မာနိုင်ငံမှာ အခွင့်အရေး တစ်ခုကို
အချောင်လိုချင်တဲ့ လူတွေ များတတ်ကြလွန်းလို့
ဒီလို လုပ်ရင် သင်တန်း ရပ်တည်လို့ ဖြစ်ပါ့မလား လို့ ဝေဖန်ကြတာကို
ခေါင်းမာမာနဲ့ ကျွန်တော် ဒီ မူဝါဒ ကို အကောင်အထည် ဖော်ခဲ့တာပါ ။

ကျွန်တော့်မှာ ရှိတဲ့
ထိုက်သင့်တဲ့ အရည်အချင်း နဲ့ စေတနာ ကို
ပညာ တကယ်လိုချင်သူတွေ ခံစားနားလည်နိုင်လိမ့်မယ်လို့
ယူဆလို့ လုပ်ခဲ့တာပါ ။

ကျွန်တော်တို့ ဒီလို စပြီး ကြေငြာချိန်တုန်းက
( ကျွန်တော် လေ့လာမိသလောက် )
ဘယ် English စာ သင်တန်းမှ
ဒီလိုမျိုး ကြေငြာထားတာ မျိုး မရှိပါဘူး ။
နောက်မှ သင်တန်းအချို့ အဲ့လို
လိုက်ပြီး ကြေငြာကြပါတယ် ။
သင်တန်းသားတွေ အတွက် ပိုကောင်းတဲ့
မူ တစ်ခု လို့ ယူဆလို့ တခြား လိုက်လုပ်ကြတဲ့ သင်တန်းတွေကို ကျွန်တော် အရေးတယူလုပ်ပြီးတောင် မဝေဖန်ခဲ့ပါဘူး ။

ကြေငြာထားတဲ့ အတိုင်း
အဆင်မပြေတဲ့ သင်တန်းသားတစ်ချို့ကို
တကယ်လည်း သင်တန်းကြေး ၁၀၀% ပြန် ထုတ်ပေးနေခဲ့တာပါ ။

===

တစ်ခုတော့ ရှိပါတယ် ။
ကျွန်တော်တို့ ကြေငြာထားတာက
၁။ သင်ကြားမှု ပုံစံကို မကြိုက်ရင်
၂။ မိမိရဲ့ တိုးတက်မှု အပေါ် စိတ်တိုင်းမကျရင်
သင်တန်းကြေး ပြန်ထုတ်ပေးမယ်လို့ ကြေငြာထားတာပါ ။

ဒါကို တစ်ချို့ က
တလွဲ အခွင့်အရေး ယူကြပါတယ် ။

- အိမ်ကနေ ထွက်လို့ရအောင် သင်တန်း အအပ်ပြပြီး နောက်မှ  ပိုက်ဆံ ပြန်ထုတ်တဲ့
လူငယ် တွေ ရှိသလို

- ရုံးကို သင်တန်းကြေးတောင်းပြီး
လာမတက်ဘဲ နောက်မှ သင်တန်းကြေး ပြန်ထုတ်ကြတဲ့ လူလတ်ပိုင်း ဝန်ထမ်းတွေလည်း ရှိပါတယ် ။

===

ဒီတော့ အခု ကျွန်တော့် အနေနဲ့
မေတ္တာ ရပ်ခံချင်တာက
သင်တန်း မတက်ခင်
သင်တန်း ကို တစ်ခေါက်လောက်
သေချာ လူ ကိုယ်တိုင် လာကြပါ ခင်ဗျာ ။

မဟုတ်ရင်
သင်တန်း ၁ရက်/၂ရက်လောက် တက်ပြီးတော့မှ
- အချိန် အဆင်မပြေလို့
- နေရာ က ဝေးလို့ဆိုပြီး
တစ်ချို့တွေ သင်တန်းကြေး ပြန်ပြန်ထုတ်နေကြတာ
ကျွန်တော်တို့လည်း မသက်သာပါဘူး ။

- အချိန် အဆင်ပြေမပြေ ဆိုတာကို
သင်တန်း မတက်ခင် ကတည်းက
ကြိုပြီး သေချာ စဉ်းစားလို့ ရပါတယ် ။

- နေရာ ဝေးမဝေး /
ကိုယ် အချိန်မှီ လာနိုင်မလာနိုင်ဆိုတာလည်း
သင်တန်းကို ကိုယ်တိုင် တစ်ခေါက်လောက်
အနည်းဆုံး လာကြည့် လိုက်ရင်
သိနိုင်ပါတယ် ။

ဒါတွေကို အကြောင်းပြပြီး
အခွင့်အရေး ယူနေကြတာဟာ
သိက္ခာမဲ့ သလို ဖြစ်နေပါလိမ့်မယ် ။

===

Level အလိုက် တန်းခွဲတွေ သီးသန့်ထားပြီး
လူဦးရေ အကန့်အသတ်နဲ့
လက်ခံ သင်ကြားပေးနေတဲ့ သင်တန်းမို့လို့
အဲ့လို အခွင့်အရေး ယူကြတာဟာ
ကျွန်တော်တို့ အတွက်
အတော်လေး အနှောင့်အယှက် ဖြစ်ရပါတယ် ။

တကယ် ငွေကြေး အခက်အခဲ ရှိတဲ့ လူတွေကို
ပြန် ထုတ်ပေးရတာ တော်ပါသေးတယ် ။
တစ်ချို့ ငွေကြေးတတ်နိုင်ပုံပေါ်ပြီး
သက်သက် လာရင့်တတ်တဲ့ လူတွေကို
ငွေ ပြန်ထုတ်ပေးရတာ အတော်လေးတော့
စိတ် ကသိကအောင့် ဖြစ်စရာပါ ။
( မိသားစု ကျန်းမာရေးကြောင့် ဆိုပြီး ငွေပြန်ထုတ်တဲ့ သင်တန်းသား/သူတွေကိုတောင် ကျွန်တော် ကြည်ကြည်ဖြူဖြူ ငွေ ပြန်ထုတ်ပေးပါတယ် )

အခုကတော့ လွန်လွန်းကြလို့
ဒီစာကို ရေးရတာပါ ။
ကျွန်တော်တို့
သင်တန်းကြး ပြန်ထုတ်ပေးတဲ့ မူ နဲ့ သင်တန်းတောင် မတက်ရသေးခင် /
အတန်း  မဖွင့်ခင် ကပ်ပြီး
အချိန် ပြောင်းကြတာတွေနဲ့ ပက်သက်တဲ့ မူတွေကို အရင်ထက် ပိုပြီး
တင်းကျပ် ရပါတော့မယ် ။

ဒါလေး ကို
နောင်လာမယ့် သင်တန်းသားတွေ အတွက် ကြိုပြီး အသိပေးလိုက်တာပါ ခင်ဗျာ ။

===

တကယ်တော့
ကျွန်တော်တို့ ဒီမူ ကို ဆက်ပြီး ဆွဲကိုင်ထားဦးမှာပါ ။

***
သင်ကြားမှု ပုံစံနှင့်
မိမိ၏ တိုးတက်မှု အပေါ်
စိတ်တိုင်းကျ ကျေနပ်မှု မရှိပါက
တစ်ပတ် အတွင်း
သင်တန်းကြေး ၁၀၀ ခိုင်နှုန်း ပြန်အမ်းပေးပါမည် ***

ဒါပေမယ့် တခြား ကိစ္စတွေ / အကြောင်းပြချက်တွေကိုတော့
လိုက်လျောမှု နည်းသွားတော့မှာပါ ။

- ကျွန်တော် သင်တန်းသားတွေကို ကိုယ်ချင်းစာလို့ ဒီ အစီအစဉ်ကို ထည့်ပေးတာပါ ။

***
စာတတ် ၊ စာတော်တိုင်းလည်း စာမသင်တတ်ပါဘူး ။
***
စာသင်တတ်တိုင်းလည်း ကိုယ်နဲ့ကိုက်မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး ။

ဒီတော့ သင်တန်းရဲ့ ဟန်နဲ့ မကိုက်ရင်
မြန်မြန် တခြား ကိုယ်နဲ့ပိုအဆင်ပြေတဲ့ ဆရာရှာနိုင်ဖို့
ဒီအစီအစဉ်ကို ထည့်ပေးထားတာပါ ။

အခွင့်အရေး ကို ပေးထားတာထက် / ရသင့်တာထက် ပို မယူဘဲ
သူ့ဘက် ကိုယ့်ဘက် မျှပြီး
ကြည့်ပေးနိုင်ကြမယ်လို့
မျှော်လင့်မိပါရဲ့ ခင်ဗျာ ။
:)

လေးစားလျက်
ကိုဇင်ဇေ
Founder & Trainer
at Active English သင်တန်း

***
ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174
သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း ၊ တာမွေကြီး (ခ) ရပ်ကွက် ၊  တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။

Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...