Skip to main content

The Mummy Returns-Elementary-စာအုပ္


* အချို့တွေ ဖတ်မရမှာ စိုးလို့ Unicode နဲ့ အောက်မှာ ထပ် ရေးပေးထားပါတယ် ။ *

#ActiveEnglish သင္တန္းသားေတြ အတြက္ေရာ
Online ေပၚက တဆင့္ English ဘာသာစကားေလ့လာေနသူေတြအတြက္ေရာ အဆင္ေျပေအာင္
အားလုံးနဲ႕ ရင္းႏွီးျပီးသား ဇာတ္လမ္း တစ္ပုဒ္ကို ဖတ္ဖို႕တင္ေပးလိုက္ပါတယ္ ။
"The Mummy Returns" ပါ ။
႐ုပ္ရွင္ၾကည့္ဖူးတဲ့လူေတြအေနနဲ႕ ဖတ္ရတာ ပိုလြယ္ကူသြားမွာပါ ။

Elementary - Level ေလ့လာသူေတြနဲ႕ ကိုက္ညီေအာင္
Penguin Reader ကေန စီစဥ္ထုတ္ေဝေပးထားတာ ျဖစ္တဲ့အတြက္
ဖတ္ရတာ သိပ္မခက္ဘဲ အဆင္ေျပမွာပါ ။

စာအုပ္ေနာက္ဆုံးမွာ ဖတ္ျပီး ကိုယ့္ရဲ့ နားလည္ႏိုင္စြမ္းကို ျပန္စစ္ေဆးႏိုင္ေအာင္
ေမးခြန္းေလးေတြလည္း တြဲေပးထားပါတယ္ ။
ဆရာေတြ အေနနဲ႕ ေက်ာင္းသားေတြကိုဖတ္ခိုင္းျပီး ျပန္သင္ေပးတဲ့အခါမွာ
ဘယ္လို Activities မ်ိဳးေလးေတြ သုံးသင့္တယ္ဆိုတာလည္း ထည့္ေပးထားပါတယ္ ။
( ဆရာလြတ္ ေလ့လာေနသူေတြလည္း ဒီနည္းေလးေတြကို ကိုယ့္ဘာသာကိုယ္ ျပန္ ေလ့က်င့္ၾကည့္ႏိုင္ပါတယ္ )

ႏွစ္သက္ အဆင္ေျပတယ္ဆိုရင္ အမ်ားအတြက္ ထပ္ဆင့္မွ်ေဝ ေပးသြားႏိုင္ပါတယ္ဗ်ာ ။
:)

ေအာက္ပါ လင့္ကေန အခမဲ့ ေဒါင္းလုပ္ခ်ျပီး ဖတ္ႏိုင္ပါတယ္ ။ ( 8.5 Mb ေလာက္ပဲ ရွိပါတယ္ )
http://www.mediafire.com/download/56xle2y9u6wwlae/Active_English-The_Mummy_Returns-Elementary.pdf

ေလးစားလ်က္
ကိုဇင္ေဇ

=====


ဒီ ကေန  ဖတ္လို႔လြယ္မယ့္ English ဝတၳဳအတိုေလးေတြ /
ဝတၳဳရွည္ကို လြယ္ေအာင္ ျပန္ခ်ဳ႕ံေရးထားတာေလးေတြကို
Online ေပၚကေလ့လာသူေတြ အတြက္
Ebooks အေနနဲ႔ တင္ေပးပါ့မယ္ ။
( အဆင္ေျပရင္ အသံဖိုင္ပါထည့္ေပးပါ့မယ္ )

အစကေတာ့ Copyright ကို မေလးစားရာက်မွာစိုးလို႔ မတင္တာပါ ။
ဒါေပမယ့္ ျမန္မာတစ္နိုင္ငံလံုးမွာ
စာအုပ္အေနနဲ႔ေတာင္ ျပန္ကူးေရာင္းေနၾကဆိုေတာ့
က်ြန္ေတာ္ ဒီမွာ တင္ေပးရံုနဲ႔ေတာ့
မူရင္း စာေရးသူေတြနဲ႕ စာအုပ္တိုက္ကို
သိသိသာသာၾကီး ထိခိုက္ေစမွာ မဟုတ္ဘူးလို႔
ျပန္ေတြးမိလို႔
English ဘာသာစကားေလ့လာသူေတြရဲ႕ လိုအပ္ခ်က္ကို ဦးစားေပးတဲ႔ အေနနဲ႔
တင္ေပးဖို႔ ဆံုးျဖတ္ခ်က္ ခ်လိုက္တာပါ ။
( ေနာင္ ဝင္ေငြေကာင္းလာရင္ / ဝယ္ရလြယ္လာရင္ေတာ့ ဝယ္ဖတ္ၾကပါလို႔ ၾကိဳတင္ တိုက္တြန္းလိုက္ပါရေစဗ်ာ )

#ActiveEnglish သင္တန္းသား/သူေတြကိုေတာ့ သင္တန္းမွာရွိတဲ႔ Library ကို
အက်ိဳးရွိရွိ အသံုးခ်ဖို႔ ထပ္မံတိုက္တြန္းလိုက္ပါတယ္ဗ်ာ :)

တစ္ခါတည္း ျဖည့္ေျပာခ်င္တာေလး တစ္ခုက က်ြန္ေတာ့္ ကို
ျမန္မာဆရာေတြ ေရးထားတဲ႔ စာအုပ္ေတြ လာ လာ မေတာင္းပါနဲ႔ ခင္ဗ်ာ ။
လႈပ္လွီ လႈပ္လဲ႔ ရပ္တည္ေနရတဲ႔
ျမန္မာ စာအုပ္ထုတ္ေဝေရးေလာကကို
နာလန္ မထူေအာင္ လုပ္ေနသလို ျဖစ္ေနတယ္လို႔ ယူဆလို႔
မူရင္း စာေရးသူနဲ႔ စာအုပ္တိုက္ေတြကို
ကိုယ္ခ်င္းစာလို႔
က်ြန္ေတာ္ ဒီလို စာအုပ္ေတြကို
ဘယ္ေတာ့မွ Online ေပၚ
တင္ေပးမွာ မဟုတ္ပါဘူး ။

( အျခား တင္ေပးေနတဲ႔ Pages/လူ ေတြကို ေကာင္းသည္ ဆိုးသည္ မေဝဖန္လိုပါဘူး ။
က်ြန္ေတာ့္ ခံယူခ်က္ကိုပဲ
က်ြန္ေတာ္ ေျပာျပတာပါ )

အားလံုးပဲ English ဘာသာစကားကို
လြယ္ကူ အဆင္ေျပစြာ ေလ့လာတတ္ေျမာက္နိုင္ၾကပါေစဗ်ာ
:)

ေလးစားလ်က္
ကိုဇင္ေဇ
Active English သင္တန္း
09-4311 5202 / 09 2522 74890

======


* Unicode Version * 



#ActiveEnglish သင်တန်းသားတွေ အတွက်ရော
Online ပေါ်က တဆင့် English ဘာသာစကားလေ့လာနေသူတွေအတွက်ရော အဆင်ပြေအောင်
အားလုံးနဲ့ ရင်းနှီးပြီးသား ဇာတ်လမ်း တစ်ပုဒ်ကို ဖတ်ဖို့တင်ပေးလိုက်ပါတယ် ။
"The Mummy Returns" ပါ ။
ရုပ်ရှင်ကြည့်ဖူးတဲ့လူတွေအနေနဲ့ ဖတ်ရတာ ပိုလွယ်ကူသွားမှာပါ ။

Elementary - Level လေ့လာသူတွေနဲ့ ကိုက်ညီအောင်
Penguin Reader ကနေ စီစဉ်ထုတ်ဝေပေးထားတာ ဖြစ်တဲ့အတွက်
ဖတ်ရတာ သိပ်မခက်ဘဲ အဆင်ပြေမှာပါ ။

စာအုပ်နောက်ဆုံးမှာ ဖတ်ပြီး ကိုယ့်ရဲ့ နားလည်နိုင်စွမ်းကို ပြန်စစ်ဆေးနိုင်အောင်
မေးခွန်းလေးတွေလည်း တွဲပေးထားပါတယ် ။
ဆရာတွေ အနေနဲ့ ကျောင်းသားတွေကိုဖတ်ခိုင်းပြီး ပြန်သင်ပေးတဲ့အခါမှာ
ဘယ်လို Activities မျိုးလေးတွေ သုံးသင့်တယ်ဆိုတာလည်း ထည့်ပေးထားပါတယ် ။
( ဆရာလွတ် လေ့လာနေသူတွေလည်း ဒီနည်းလေးတွေကို ကိုယ့်ဘာသာကိုယ် ပြန် လေ့ကျင့်ကြည့်နိုင်ပါတယ် )

နှစ်သက် အဆင်ပြေတယ်ဆိုရင် အများအတွက် ထပ်ဆင့်မျှဝေ ပေးသွားနိုင်ပါတယ်ဗျာ ။
:)



အောက်ပါ လင့်ကနေ အခမဲ့ ဒေါင်းလုပ်ချပြီး ဖတ်နိုင်ပါတယ် ။ ( 8.5 Mb လောက်ပဲ ရှိပါတယ် )
http://www.mediafire.com/download/56xle2y9u6wwlae/Active_English-The_Mummy_Returns-Elementary.pdf

လေးစားလျက်
ကိုဇင်ဇေ

=====


ဒီ ကနေ  ဖတ်လို့လွယ်မယ့် English ဝတ္ထုအတိုလေးတွေ /
ဝတ္ထုရှည်ကို လွယ်အောင် ပြန်ချု့ံရေးထားတာလေးတွေကို
Online ပေါ်ကလေ့လာသူတွေ အတွက်
Ebooks အနေနဲ့ တင်ပေးပါ့မယ် ။
( အဆင်ပြေရင် အသံဖိုင်ပါထည့်ပေးပါ့မယ် )

အစကတော့ Copyright ကို မလေးစားရာကျမှာစိုးလို့ မတင်တာပါ ။
ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံးမှာ
စာအုပ်အနေနဲ့တောင် ပြန်ကူးရောင်းနေကြဆိုတော့
ကျွန်တော် ဒီမှာ တင်ပေးရုံနဲ့တော့
မူရင်း စာရေးသူတွေနဲ့ စာအုပ်တိုက်ကို
သိသိသာသာကြီး ထိခိုက်စေမှာ မဟုတ်ဘူးလို့
ပြန်တွေးမိလို့
English ဘာသာစကားလေ့လာသူတွေရဲ့ လိုအပ်ချက်ကို ဦးစားပေးတဲ့ အနေနဲ့
တင်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာပါ ။
( နောင် ဝင်ငွေကောင်းလာရင် / ဝယ်ရလွယ်လာရင်တော့ ဝယ်ဖတ်ကြပါလို့ ကြိုတင် တိုက်တွန်းလိုက်ပါရစေဗျာ )

#ActiveEnglish သင်တန်းသား/သူတွေကိုတော့ သင်တန်းမှာရှိတဲ့ Library ကို
အကျိုးရှိရှိ အသုံးချဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်ဗျာ :)

တစ်ခါတည်း ဖြည့်ပြောချင်တာလေး တစ်ခုက ကျွန်တော့် ကို
မြန်မာဆရာတွေ ရေးထားတဲ့ စာအုပ်တွေ လာ လာ မတောင်းပါနဲ့ ခင်ဗျာ ။
လှုပ်လှီ လှုပ်လဲ့ ရပ်တည်နေရတဲ့
မြန်မာ စာအုပ်ထုတ်ဝေရေးလောကကို
နာလန် မထူအောင် လုပ်နေသလို ဖြစ်နေတယ်လို့ ယူဆလို့
မူရင်း စာရေးသူနဲ့ စာအုပ်တိုက်တွေကို
ကိုယ်ချင်းစာလို့
ကျွန်တော် ဒီလို စာအုပ်တွေကို
ဘယ်တော့မှ Online ပေါ်
တင်ပေးမှာ မဟုတ်ပါဘူး ။

( အခြား တင်ပေးနေတဲ့ Pages/လူ တွေကို ကောင်းသည် ဆိုးသည် မဝေဖန်လိုပါဘူး ။
ကျွန်တော့် ခံယူချက်ကိုပဲ
ကျွန်တော် ပြောပြတာပါ )

အားလုံးပဲ English ဘာသာစကားကို
လွယ်ကူ အဆင်ပြေစွာ လေ့လာတတ်မြောက်နိုင်ကြပါစေဗျာ
:)

လေးစားလျက်
ကိုဇင်ဇေ
Active English သင်တန်း

09-4311 5202 / 09 2522 74890







Comments

Popular posts from this blog

Listening ေလ့က်င့္ခန္း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့္ English ေလ့လာသူေတြ အတြက္ ရည္ရြယ္တဲ့ Listening ေလ့က်င့္ခန္း တစ္ခု တင္ေပးလိုက္ပါတယ္ ။ Wales က အလယ္တန္း ေက်ာင္းသူေလး တစ္ေယာက္ကို အားလပ္ခ်ိန္မွာ ဘာေတြ လုပ္ေလ့ရွိသလဲ လို႕ အင္တာဗ်ဴးထားတာပါ ။ အသံဖိုင္ကို ေဒါင္းလုပ္ခ်ျပီး နားေထာင္ၾကည့္ပါ ။ 736.38KB ပဲ ရွိပါတယ္ ။    Click ႏွိပ္ျပီး နားေထာင္ပါ ။    Click ႏွိပ္ျပီး ေဒါင္းလုပ္ခ် / အထပ္ထပ္ အခါခါ နားေထာင္ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ္အထည္ နွင့္ ပက္သက္ေသာ Vocabulary မ်ား

အဝတ္ အထည္နဲ႔ ပက္သက္တဲ႔ Vocabulary ေတြကို ပံုနဲ႔ တဲြဖက္ျပီးေလ့လာနိုင္ဖို႔ တင္ေပးလိုက္ပါတယ္ ။ :) ♦ အြန္လိုင္းေပၚမွ တဆင့္ ေလ့လာရုံကို အားမရဘဲ သင္တန္းတက္ေရာက္ျပီး ေလ့လာေလ့က်င့္လိုပါက တန္းခြဲသစ္ အခ်ိန္ဇယား ၊ သင္တန္းေၾကး ၊ ဖုန္း နံပါတ္ ၊ လိပ္စာ ၊ ေျမပုံ တို႕ကို ေအာက္ပါ Link မွ တဆင့္ ဝင္ေရာက္ ေလ့လာၾကည့္႐ႈႏိုင္ပါတယ္ဗ်ာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား ေလ့လာတာဟာ ဂစ္တာ တီးတာနဲ႕ တူပါတယ္

English ဘာသာစကား ေလ့လာတာဟာ ဂစ္တာ တီးတာနဲ႕ တူပါတယ္ " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ႕ ပတ္သက္ျပီး အခက္အခဲ ျဖစ္ေနမွ ဒီ စာ ဆက္ဖတ္ပါ ။ :) ပထမဆုံး အားေပးခ်င္တာက ဒီလို အခက္ၾကဳံေနရတာ သင္ တစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာပါပဲ ။ ဒီေခတ္မွာ English ဘာသာစကား ကို အရင္ကထက္ကို ပိုျပီး သိသိသာသာလိုအပ္လာတာနဲ႕အမွ် အရင္က English ဘာသာစကားကို ခပ္ေပါ့ေပါ့ သေဘာထားခဲ့မိတဲ့ လူအေတာ္မ်ားမ်ားဟာ လုပ္ငန္းခြင္မွာ / သင္တန္းမွာ / ေက်ာင္းမွာ အခက္ေတြ႕ေနရတာ အမ်ားအျပား ေတြ႕ေနရမွာပါ ။ ဒီလိုလူေတြထဲမွာ သင္ ပါေနရင္ေတာ့ ဒီလို အခက္အခဲေတြ ၾကဳံေနရတာကို လြတ္လိုလြတ္ျငား ေရွာင္ေျပးေနမလား ? ေျပး ရင္ဆိုင္ လိုက္ မလား ? သင္ ဆုံးျဖတ္ရမွာပဲ ။ တကယ္ေတာ့ ဘာသာစကား ေလ့လာတာဟာ ဂစ္တာ တီးတာနဲ႕ တူပါတယ္ ။ သံစဥ္ခ်ိဳခ်ိဳေလးေတြ နဲ႕ သာယာခ်င္လို႕ / ကိုယ့္ခံစားခ်က္ေတြကို ေပါက္ကြဲေဖာ္ထုတ္ပစ္လိုက္ခ်င္ လို႕ စသျဖင့္ ရည္ရြယ္ခ်က္ အမ်ိဳးမ်ိဳးနဲ႕ ဂစ္တာတီးေလး စသင္ျဖစ္ၾကတယ္ ။ အဲဒီထဲမွာ အမ်ားစုကေတာ့ လက္နာ လို႕ ဆိုျပီး ၂ ရက္ေလာက္ တီးျပီးေတာ့ စိတ္ဓာတ္က်ျပီး ရပ္လိုက္ပါေလေရာ ။