Skip to main content

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့
လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။
:)

ပထမ ဆုံး မှတ်ထားသင့်တာက ...
Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့
အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။
ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... )

ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။

1.
A- Thida graduated from medical school last year.
B- Thida has graduated from medical school last year.
*** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။
ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။

2.
A- I have received my M.A. degree in 2010.
B- I received my M.A. degree in 2010.
*** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။
ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။

=====

ဒုတိယ စည်းမျဉ်းကတော့ ...
Present Perfect Tense ကို
အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး
အခုအထိလုပ်နေဆဲ /
ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ
ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။

တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခဲ့ပြီးလို့
အဲ့ဒီအချိန်မှာကတည်းက ပြီးပြတ်သွားတဲ့ ကိစ္စမျိုးဆိုရင် /
လုပ်ခဲ့တဲ့ အကျိုးဆက် တစ်ခုခု ပါလာကြောင်း
ပြောစရာမလိုတဲ့ အခါကျရင် Past Tense ကို သုံးရပါမယ် ။

ဒါကြောင့် နံပါတ် ၃ နဲ့ ၄ ကို Present Perfect Tense ပဲသုံးရမှာပါ ။

3.
A- I've lived in Yangon for 5 years.
B- I lived in Yangon for 5 years.
( လက်ရှိ ဒီလူက ရန်ကုန်မှာ နေနေတုန်း လို့ ယူဆပြီး ရွေးရပါမယ် ။ )
*** လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အခုအချိန်ထိ ( ၅ နှစ်ကြာအောင်  )
နေနေဆဲမို့လို့ Present Perfect Tense ကို သုံးရပါမယ် ။
ဒါကြောင့် A ( Present Perfect Tense ) က အမှန် ဖြစ်ပါတယ် ။

*** တကယ်လို့ ကျွန်တော်က အခုအချိန်မှာ ရန်ကုန်မှာ မနေတော့ပဲ
တခြားနေရာမှာ နေနေပြီဆိုရင်တော့ Past Tense ကို သုံးရပါမယ် ။

4.
A- I've lived in Yangon since 2010.
B- I lived in Yangon since 2010.
( လက်ရှိ ဒီလူက ရန်ကုန်မှာ နေနေတုန်း လို့ ယူဆပြီး ရွေးရပါမယ် ။ )
*** - ၂၀၁၀ ကတည်းက တောက်လျှောက်နေလာတာအခုအထိပဲ လို့
ဆိုလိုချင်တဲ့အတွက် Present Perfect Tense ကို သုံးရပါမယ် ။
ဒါကြောင့် A ( Present Perfect Tense ) က အမှန် ဖြစ်ပါတယ် ။

ဒီလောက်ဆိုရင်တော့ Present Perfect / Past Tense ကို
မှန်မှန်ကန်ကန် ရွေးချိန်သုံးတတ်မယ် ထင်ပါတယ် ။
တခြား ကွဲပြားချက်တွေလည်း ရှိသေးပေမယ့် လောလောဆယ်တော့
ဒီ ၂ ချက်ကို အရင် ကျေညက်အောင် လေ့လာအသုံးချလိုက်ပါဦးဗျာ ။
နောင်မှ ပြန် တွေ့ပါဦးမယ် ။
:)

English ဘာသာစကား စွမ်းရည် တစ်နေ့တခြား တိုးတက်လာပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းများ ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ။

လေးစားလျက်
ကိုဇင်ဇေ ( Active English )

===

သင်တန်း တက်ရောက်ရန် စိတ်ဝင်စားပါက
သင်တန်းအကြောင်း ၊ အနီးဆုံးဖွင့်မယ့် တန်းခွဲတွေအကြောင်းကို
ဒီလင့်မှာ လာရောက်လေ့လာနိုင်ပါတယ်ဗျာ ။  :)
>>> http://www.activeenglishmyanmar.com/2016/03/april-may.html

===

သင်တန်း မတက် ဖြစ်သေးရင်လည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
အောက် မှာ လေ့လာစရာ Mobile App နဲ့  Ebooks တွေ ပါတယ်ဗျာ ။
:)

♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။
<<<

http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ
( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th
( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...