Skip to main content

English စာနဲ့ ပတ်သက်လို့ သူတို့ အမေး ၊ ကျွန်တော့် အဖြေ ( ကိုဇင်ဇေ )


English စာနဲ့ ပတ်သက်လို့
သူတို့ အမေး ၊ ကျွန်တော့် အဖြေ ( ကိုဇင်ဇေ )
-------------------------------

Comment/Chat boxes ထဲမှာ မေးတာတွေထဲက ၃ ခု ဖြေပေးထားပါတယ် ။
 နောက်ဆုံး အမေးအဖြေက ရယ်ရသဗျ  :D


သူတို့ အမေး ( ၁ ) : 

ဆရာ Essay& letter writing skill တိုးတက်ချင်ပါတယ်ဘယ်စာအုပ်တွေလေ့လာသင့်လဲမသိဘူးရှင့်

ကျွန်တော့် အဖြေ :

Essay Writing အတွက်က ဒီစာအုပ်ကောင်းပါတယ် ။ >>> http://www.amazon.com/Students-Writing-Guide-Successful-Essays/dp/0521729793
Letter writing က ကိုယ် ဘာအတွက်ရေးချင်တာလဲ အပေါ်မှာ
မူတည်ပြီး စာအုပ်လိုအပ်ချက် အပြောင်းအလဲ ရှိပါတယ် ။
Social letter လား ? Business letter လား ? စသဖြင့်ပေါ့ :)

Essay / Letter Writing ၂ မျိုးလုံးအတွက်
ထိုက်သင့်တဲ့ Grammar / Vocab ရှိဖို့ကလည်း အရေးကြီးပါတယ် ။
Sentence Structures များများ သုံးနိုင်အောင်လည်း လေ့လာသင့်ပါတယ် ။

ဒီ ဆောင်းပါးမှာ Self-study လုပ်နိုင်တဲ့ စာအုပ်တွေ ညွှန်ပေးထားပါတယ် ။
>>> http://www.activeenglishmyanmar.com/2015/07/self-study.html

===============


သူတို့ အမေး ( ၂ ) :  

ဆရာသမီးအဖြစ်ချင်ဆုံးဆန္ဒထဲမှာ eng speaking ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ချင်တာလဲပါတယ် ။
ဘယ်လိုပြောရမလဲမသိဘူး ။
အခြား ဘာသာတွေထက်ပိုပြီးစိတ်ဝင်စားတယ် ။
သမီးက ကချင်ပြည်နယ်ကပါရှင့် ။
သမီးရဲ့ eng condition ကတော့ Essay တွေ letter တွေကိုတော့ကိုယ်ဖာသာနည်းနည်းတော့ရေးတတ်တယ် ။
eng စာသားတွေတွေ့ရင်တော့ ဘာသာနည်းနည်းပြန်တတ်တယ် ။
ဆိုးတာကသမီးက သမီးထက် eng တော်တဲ့သူရှေ့ဆိုပါးစပ်ကမထွက်ရဲဘူး ။
အဲ့ဒါဘယ်လိုလုပ်ရမလဲဆရာ ။ သမီးဖြစ်ချင်တဲ့ဆန္ဒဖြစ်အောင်လဲဘယ်လိုလုပ်ရမလဲဆရာ ။

ကျွန်တော့် အဖြေ : 

Reading/Writing အတန်အသင့် ရပေမယ့် စကားပြောမထွက်ဘူးဆိုတာ
Listening/Speaking အားနည်း လွန်းလို့ပါ ။

Reading/Writing အတန်အသင့် ရတယ်ဆိုတော့ ကိုယ့်မှာ
ထိုက်သင့်တဲ့ Vocab/Grammar Range ရှိထားတယ်လို့
ယူဆလို့ ရပါတယ် ။
ဒီတော့ Listening ကနေ သေချာ စလေ့ကျင့်ပါ ။
ဒီ ဆောင်းပါးမှာ Listening ဘယ်လို လေ့ကျင့်သင့်တယ်ဆိုတာ ရေးပေးထားပါတယ်  ။
>>> http://www.activeenglishmyanmar.com/2014/12/develop-listening-skill.html

စနစ်ကျတဲ့ နိုင်ငံတကာသင်ရိုးတွေ ၊ အထူးသဖြင့် Native Speakers တွေ ကိုယ်တိုင် ပါဝင် စကားပြောထားတဲ့
သင်ခန်းစာ စာအုပ်တွေကို အသံဖိုင် နဲ့ တွဲလေ့လာပါ ။
ဗီဒီယို ဖိုင် ပါ ရရင် ပိုကောင်းပါတယ် ။
ဒီ ဆောင်းပါးမှာ စာအုပ်တွေ ညွှန်ပေးထားပါတယ် ။
>>> http://www.activeenglishmyanmar.com/2015/07/self-study.html

ကိုယ် လေ့ကျင့်တဲ့အခါမှာ စကားကို ကျစ်ကျစ်လစ်လစ် မှန်မှန်ကန်ကန်ပြောနိုင်ဖို့ ဦးစားပေးပါ ။
( စာရေးသလိုမျိုး အရမ်းကြီး ချဲ့ထွင်ပြီး မပြောပါနဲ့ဦး ။
စကားလုံး အကြီးကြီးတွေ ၊ Idioms အဆန်းတွေ ၊
ထူးထူးခြားခြား Tenses/Sentence Structures ကြီးတွေ သုံးနိုင်ဖို့ကို
နောက်မှ ဖြည်းဖြည်းချင်း လုပ်သွားပါ ။ 
သွက်သွက်လက်လက်  မှန်မှန်ကန်ကန် ပေါ့ပေါ့ပါးပါး ဖြစ်ဖို့ကို  အရင်ဦးစားပေးပါ ။ )

ကြောက်တဲ့ စိတ်က လူတိုင်းမှာ ရှိပါတယ် ။ ဒါ သဘာဝပါ ။
 လေ့ကျင့်ရင်း ပြောဆိုရင်းနဲ့ကြောက်စိတ် တဖြည်းဖြည်း လျော့ပါးလာပါလိမ့်မယ် ။
( ကြောက်စိတ် ကို ပယ်သတ်နည်းကို
 နောက် အကျယ် ရေးတင်ပေးပါဦးမယ် ။ )

ကိုယ့်ထက်တော်တဲ့လူရှေ့ရောက်ရင် ပိုကြောက်တတ်တာလဲ သဘာဝပါ ။
ဒီတော့ သူတို့ရှေ့မရောက်အောင်နေပေါ့  ... :P
တကယ်ပြောတာ  ... :D
ကျွန်တော်တောင် အရင်က ဂစ်တာတီးတာ ...
သူငယ်ချင်းတစ်ယောက် တီးတာမြင်ပြီးကတည်းက
လူရှေ့သူရှေ့ တီးချင်စိတ်အတော်ပျောက်သွားပြီး ကိုယ့်ဘာသာကိုယ်ပဲ ကြိတ်တီးဖြစ်တော့တယ် ... :)

English စကားကို လည်း အဲ့လိုပဲ လူရှေ့သူရှေ့ မပြောရဲသေးရင်
အိမ်မှာ ကြိတ်ပြောပါ ။
အခုနက ညွှန်ထားတဲ့ Listening file တွေကို
Play / Pause လုပ်ပြီး လိုက်လိုက်ပြောပါ ။
တစ်ယောက်တည်း ကျင့်လို့ ရပါတယ် ။
Conversation တွေမှာ ၂ ယောက်ပြောခန်းတွေဆို Pause မလုပ်ပဲ
ကိုယ်က ၁ ယောက်နေရာကနေ တောက်လျှောက်
စာကြည့်ပြီး ဝင်ပြော လေ့ကျင့်ပါ ။
( ရှေ့မှာတော့ အနည်းဆုံး ၂ ခေါက်လောက် နားထောင်ထားဦးပေါ့ )

ဆရာ / လေ့ကျင့်ဖော်  မရှိပဲ အိမ်မှာ တစ်ယောက်တည်း ကျင့်ရင်တော့
အဲ့လို ကျင့်ရမှာပါပဲ ။

ကိုယ် သိပ်ကြိုက်တဲ့ English ဇာတ်လမ်းတစ်ခုခုကို English စာတန်းထိုးနဲ့ အခေါက်ခေါက်ကြည့်ပါ ။
ပြီးရင် အနားမှာ လူမရှိတဲ့အခါ အဲ့စာတန်းကို ဖတ်ပြီး လိုက်ပြောကြည့်ပါ ။
( ဝါသနာ ပါရင် သရုပ်ဆောင် လေးပါ ထည့်ကျင့် ။
တကယ် ပြောတာ ... :)
စကားပြောတဲ့အခါ အဆင့်မြင့်လာရင် စိတ်ခံစားချက်ကို  ထည့်ပြောနိုင်အောင်လည်း  လေ့ကျင့်ရတယ် ။
အဲ့ဒီ အဆင့်ကို ကြိုကျင့်ထားတဲ့ သဘော ဖြစ်သွားတာပေါ့ ... :)  )

လောလောဆယ်တော့ဒီလောက်ပဲ ပြောလိုက်ပါရစေ ။
နောင် အချိန်ရရင် အသေးစိတ် ဆက်ပြောပြပါ့မယ် ။
အခု ပြောထားတာတွေကို အရင် လုပ်လိုက်ပါ ညီမ :)

ဒီ ဆောင်းပါးတွေ မဖတ်ရသေးရင်လည်း သွားဖတ်ထားပါဦး ။  :)

http://www.activeenglishmyanmar.com/2015/07/self-study.html <<<
 English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက်
( လေ့လာရမယ့် စာအုပ် နာမည်တွေပါ ညွှန်ပေးထားပါတယ် )

http://www.activeenglishmyanmar.com/2015/02/how-to-study-english.html  <<<
English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ

http://www.activeenglishmyanmar.com/2014/12/develop-listening-skill.html <<<
English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?
http://www.activeenglishmyanmar.com/2014/06/how-to-learn-english.html  <<<
English ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ?

http://www.activeenglishmyanmar.com/2015/07/english.html <<<
English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

=================


သူတို့ အမေး ( ၃ ) :

အကို ဇေတစ်လုံး. . .အဲ့. . .ဟုတ်ပါဘူး ။ အကို ဇင်ဇေ သင်တန်းတက်ချင်ပါတယ် ။
အချိန်မရတာနဲ့ ဝေးနေတာနဲ့ ဖြစ်နေတယ် ။ ဖြစ်နိုင်ရင် လှည်းတန်းမှာ ပွဲကြမ်း. .အဲလေ
လှည်းတန်းမှာ ခွဲတန်း (အတန်းခွဲ)  ဖွင့်စေချင်ပါ၏. . .

ကျွန်တော့် အဖြေ : 

လောလောဆယ်တော့ တာမွေ က ဋ္ဌာနေ မို့လို့
အဲ့ဒီမှာပဲ မြာပွေ ( အဲလေ ဟုတ်ပါဘူး )
စာသင်နေ ပါတယ်ဗျာ ... :P
တန်းခွဲ ဖွင့်တာဟာ အ လှမ်းကျဲ ဖြစ်လွန်းတယ်လို့ ယူဆသမို့
မှန်းရဲ စရာ မမြင်မိသေးပါဘူး ... :D

သင်တန်းမတက်ဖြစ်သေးလည်း
Online ကနေ လေ့လာချင်ရင်တော့
ဒါလေးတွေ ယူထားလိုက်ပါဗျာ :)

♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို
Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။
<<< http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

♦ Active English ( ကိုဇင်ဇေ ) မှ
အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့်
ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ

( 1 )
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th

( 2 )
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

===================

ကျွန်တော် ကိုဇင်ဇေ ကိုယ်တိုင် သင်တဲ့
သင်တန်း တက်ဖို့ စိတ်ဝင်စားရင် ဒီ မှာ လေ့လာကြည့်ပါ ခင်ဗျာ :)
http://www.activeenglishmyanmar.com/2016/03/april-may.html

www.facebook.com/MmEnglishLearning
<<< သင်တန်း Page မှာ သင်ခန်းစာ အချို့ ကြိုတင် လေ့လာလို့ ရပါတယ် ။
ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174
သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း ၊ တာမွေကြီး (ခ) ရပ်ကွက် ၊  တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။