Skip to main content

တန်းခွဲတွေ အားလုံးကို 25.4.2016 မှ ပြန် စဖွင့်မှာပါ

#ActiveEnglish သင်တန်း ရဲ့
တန်းခွဲတွေ အားလုံးကို
25.4.2016 မှ ပြန် စဖွင့်မှာပါ ။
( ပိတ်ရက်တွေ အကုန် အစားထိုး ပြန်ဖြည့်ပေးသွားမှာပါ )

- သင်တန်း အပ် လက်ခံတာကိုလည်း အဲ့ဒီ နေ့မှပဲ
တရားဝင် စပြီး ပြန်လက်ခံ သွားမှာပါ ။
( တန်းခွဲသစ်တွေ 27 မှာ စမှာဆိုတော့ အဲ့ဒီရက်အနည်းငယ်လေးအတွင်း သေချာလာအပ်နိုင်ဖို့လိုပါတယ် ။
သင်ကြားရေးမှာ ပိုပြီး ထိရောက်အောင်
သတ်မှတ်လူဦးရေပြည့်ရင် ထပ် လက်မခံတော့လို့ပါ ။

သင်္ကြန် အပြီးနဲ့ ခပ်ခွာခွာလေး ထားပြီးမှ
ပြန်ဖွင့်တာ အကြောင်း ၂ ခု ရှိပါတယ် ။

၁။ သင်တန်းက ဆရာတွေနဲ့ ဝန်ထမ်းတွေ
အေးအေးဆေးဆေး အနားရစေချင်လို့ပါ ။
၁ နှစ်ပတ်လုံး ပင်ပန်းကြတယ်လေ :)

၂။ ActiveEnglish  သင်တန်းသား/သူတွေ အတွက်
သင်တန်း မတက်ဖြစ်သေးပေမယ့်
English  ဘာသာစကားကို အမှန် တကယ် လေ့လာချင်သူတွေအတွက်
ထိရောက်တဲ့ အစီအစဉ် အသစ်တွေ လုပ်ဖို့
အချိန် ပို ရချင်လို့ပါ ။

ကျွန်တော်တို့အနေနဲ့ ၆/၇ လပိုင်း လောက်က စပြီး
အစီအစဉ် သစ်တွေ စဖို့ ရှိပါတယ် ။
လက်ရှိ လေ့လာနေသူတွေလည်း ပိုပြီး အဆင်ပြေအောင်
နောင် လေ့လာမယ့်လူတွေလည်း ပိုပြီး အဆင်ပြေထိရောက်အောင် ရေးဆွဲထားတဲ့ အစီအစဉ်တွေပါ ။
( သင်တန်းသားဟောင်းတွေလည်း ပြန် ဆက်သွယ်ကြစေချင်ပါတယ် )

ဘာတွေလဲဆိုတာ မစခင်/ မပြီးခင် ကြိုတော့
မပြောချင်သေးပါဘူး ။
ဒါပေမယ့် စောင့်ရကျိုးနပ်မယ့် အစီအစဉ်တွေ ဖြစ်ဖို့ ကြိုးစားနေပါတယ် ဆိုတာလေးတော့
ကြိုပြောထားချင်ပါတယ်ဗျာ
:)

ကိုဇင်ဇေ
( Founder & Trainer Active English သင်တန်း )

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...