Skip to main content

*Unicode* ဒီနေ့ ညနေ < Pre-intermediate Part 2 > တန်း တစ်တန်း စမှာနော် ။

ဒီနေ့ ညနေ < Pre-intermediate Part 2 > တန်း တစ်တန်း စမှာနော် ။
မေ့နေကြမှာ စိုးလို့ လှမ်း သတိပေးတာ ။  :)

>>> Sat/Sun ( 5:00-6:30 PM )
> 3 Months > 45,000 kyat > Starting Date = 28.5.2016

-------

သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့ ၁၀၀%
အာမခံ သင်ကြားပေးနေတဲ့ *** Active English သင်တန်း ***

မျှော်နေကြတဲ့ သင်တန်းသားဟောင်း/သစ်တွေအတွက် ... :)
☆ Pre-intermediate ( Part-2 ) နဲ့ Intermediate ( Part-1 )
တန်းခွဲသစ် တွေ ဖွင့်ပေးဖို့ စီစဉ်နေပါပြီ ။ ☆

English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ဖို့ !!!
#ActiveEnglishသင်တန်း ရဲ့ ဟန်အတိုင်းပဲ
Speaking နဲ့ Listening ကို  အဓိက လေ့ကျင့် သင်ကြားပေးသွားမှာပါ ။


Pair Work ( ၂ ယောက် တစ်တွဲ ) လေ့ကျင့်တာတွေ အပြင်
Group Work ( အဖွဲ့လိုက် ) လေ့ကျင့်တာတွေ ၊
Group Discussion -အဖွဲ့လိုက် ဆွေးနွေးခိုင်းပြီး
ပြန်ပြီး Presentation လုပ်ခိုင်းတာတွေ ပါပါမယ် ။
( သင်တန်းသားတွေရဲ့ Level အလိုက် ချိန်ညှိပြီး လုပ်ပေးသွားမှာပါ ။ )

Cambridge က ထုတ်တဲ့ Interchange သင်ရိုးကို အဓိကထားသင်မှာ ဖြစ်ပေမယ့်
စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြင်ပ တကယ့် English စာ/စကား ကိုလည်း ထိတွေ့ခွင့်ရအောင်
Personal Development / Motivation / Goal-Setting / Self-Managment စတဲ့
ကိုယ်ရည်ကိုယ်သွေး တိုးတက်စေမယ့် အကြောင်းအရာကောင်းတွေကို
ဆရာ ကိုဇင်ဇေက အားဖြည့် သင်ပေးသွားမှာပါ ။  :)


ဆရာ ကိုဇင်ဇေ ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ ဆောင်းပါးတွေကို ဒီမှာ ဖတ်လို့ရပါတယ် ။
> https://www.facebook.com/sharingkozin
ဆရာ ကိုဇင်ဇေ စီစဉ် ထုတ်ဝေပေးနေတဲ့
မြန်မာ့အိပ်မက် ( လူငယ်တိုးတက်ရေး မဂ္ဂဇင်း ) Page က ဒီမှာပါ
> https://www.facebook.com/myanmadream


ဆရာတွေကို မရှိန်အောင် ၊ မေးစရာရှိတာကို ပေါ့ပေါ့ပါးပါး မေးရဲအောင်
သင်တန်းသားတွေ အချိန်တိုတိုနဲ့ နားလည်လွယ်အောင် လို့
ဆရာတွေက English လို ( ၁၀၀ ရာခိုင်နှုန်း ) တောက်လျှောက် ပြောသင်တဲ့ နည်းစနစ်ကို မသုံးပါဘူး ။
ဒါပေမယ့် ကျောင်းသားတွေရဲ့ Level အလိုက်
လိုက်နိုင်လောက်တယ် ထင်သလောက်ကို
English လို ညှပ် ညှပ်ပြီး ရှင်းပြတာမျိုး လုပ်ပေးသွားမှာပါ ။  :)


သင်တန်းသားတွေ ရရင် ရသလောက် ဆွဲတင်သွားမှာ ဖြစ်ပေမယ့်
Pre-intermediate ( Part-2 ) အတွက်
Target Vocabulary Range က ( 4,000 to 5,000 ) ပါ ။
အနည်းဆုံး 2,500 to 3,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

Intermediate ( Part-1 )  အတွက်
Target Vocabulary Range က ( 5,000 to 6,500 ) ပါ ။
အနည်းဆုံး 4,000 to 5,000 Vocab Range အခံ ရှိရင် အဆင်ပြေမှာပါ ။

< အခုမှ စပြီး သင်တန်းတက်မယ့်သူ / အခြေခံကနေ စချင်သူ /
Elementary to Pre-intermediate ( Part-1 ) တက်မယ့်လူတွေက
အနိမ့်ဆုံး ပညာအရည်အချင်း ၁၀ တန်းအောင်ဆိုရင် အဆင်ပြေပါတယ် ။

ဘွဲ့ရပြီးသူတွေ / လုပ်ငန်းခွင် ဝင်နေသူတွေလည်း
အခြေံအားနည်းရင်
Level( 1 )- Part (1) < Elementary to Pre-intermediate >
တန်းကနေပဲ စတက်ပါဗျာ ။

တကယ်လို့ စာ မလိုက်နိုင်ရင် အတန်းမစခင် (ဒါမှမဟုတ်) ပြီးသွားတဲ့အခါ
ကျွန်တော် (ဆရာကိုဇင်ဇေ) နဲ့ တစ်ဦးချင်းတွေ့ခွင့်တောင်းပြီး ဆွေးနွေးလို့ရပါတယ် ။
ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့် အခြေအနေကို ပြောပြတိုင်ပင်ရင်
ကျွန်တော်တို့ အထိရောက်ဆုံး ကူညီလမ်းပြ သင်ကြားပေးမှာပါ ။ >


သင်တန်းကြေးက Level တစ်ခုစာ အတွက်ကို ၄ သောင်းခွဲ ပါ ။
စာအုပ်စာတမ်း / အသံဖိုင် နဲ့ Softwares တွေ ပါ အပြီးအစီးပါ ။
စာအုပ်ပေါင်း ၈၀၀ ကျော်ရှိတဲ့ mini-library သုံးစွဲခွင့်လည်း ပါပြီးသားပါဗျာ  ။
စာဖတ်ကျင့်မရှိသေးတဲ့လူတွေကို ဘယ်စာအုပ်တွေကို ဖတ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးသွားဦးမှာပါ ။

သင်တန်းသားတွေ အတွက် လိုအပ်မယ့် / အားဖြည့်လေ့လာလို့ရမယ့်
Ebooks တွေ နဲ့ Audio/Video Files တွေလည်း အခမဲ့ ရယူနိုင်ပါတယ် ။
ဒေတာတွေကို ပေးရုံတင် ပေးလိုက်တာမဟုတ်ပဲ ဘာပြီး ဘာကိုလေ့ကျင့်ရမယ် ။
ဘာနဲ့ ပြန်တွဲ လေ့ကျင့်ရမယ် ဆိုတာတွေပါ လမ်းညွှန်ပေးမှာပါ ။
:)

တက်ချင်လို့ စာရင်းတော့ပေးထားပြီး မအပ်ရသေးတဲ့ သင်တန်းသားဟောင်းတွေ /
တက်ဖို့ စိတ်ဝင်စားတဲ့ သင်တန်းသားသစ်တွေ ရှိခဲ့ရင်
09 4311 5202 / 09 2522 74890 / 09 25000 5174 ကို ဖုန်း သေချာ ကြိုဆက်ထားလိုက်ပါ ။
လူပြည့်သွားမှာ စိုးရင်တော့ စောစောစီးစီး
လူ ကိုယ်တိုင် လာအပ်ထားလိုက်တာ ပို အဆင်ပြေပါတယ်ဗျာ ။

English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ကြပါစေဗျာ ။
:)

စေတနာဖြင့်
ကိုဇင်ဇေ

=====

May/June လ အတွင်းမှာ
☆ Pre-intermediate ( Part-2 ) တန်းခွဲ  ( ၃ ) တန်း စီစဉ်ထားပါတယ် ။

(1)
Sat/Sun ( 5:00-6:30 PM )
> 3 Months > 45,000 kyat > Starting Date = 28.5.2016

(2)
Thursday,Friday ( 6:30 - 8:00 PM )
> 3 Months > 45,000 kyat > Starting Date = 2.6.2016

(3)
Sat/Sun ( 7:00 - 8:30 AM )
> 3 Months > 45,000 kyat > Starting Date = 4.6.2016

=====

☆ Intermediate ( Part-1 ) တန်းခွဲ  ( ၁ ) တန်း စီစဉ်ထားပါတယ် ။

Thursday,Friday ( 6:30 - 8:00 PM )
> 3 Months > 45,000 kyat > Starting Date = 9.6.2016

Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...