Skip to main content

Unicode - walking my dog. နဲ့ walking with my dog. ဘာကွာလဲ

I am walking my dog.
နဲ့
I am walking with my dog.
ဘာကွာလဲ သတိထားမိလားဗျ ?

< မနက်က မေးထားတာလေးကို ကျွန်တော် ပြန်ရှင်းပြပေးလိုက်ပါတယ် ။  >
.
.
.
.
.
I am walking with my dog.
ဒီ စာကြောင်းကတော့ ရှင်းပါတယ် ။
ငါ ခွေးနဲ့ အတူ လမ်းလျှောက် နေတယ်ပေါ့ ။
အဓိက လမ်းလျှောက်နေတာက ကိုယ် ပါ ။
ခွေးကို ခေါ်လာတာက ထပ်ဖြည့်တဲ့သဘောပါ ။ ။

I am walking my dog.
ဒါကတော့ " ငါ ခွေးကျောင်းနေတယ် " လို့ ဆိုလိုတာပါ ။
ခွေး အတွက် ကိုယ်က လိုက်ပြီး လမ်းလျှောက်ပေးနေရတဲ့ သဘောပါ ။
ဒါကြောင့် ခွေးကျောင်းနေတယ် လို့ ဘာသာပြန်တာက ထိရောက်ပါတယ် ။

English to English Definition က ဒီလိုပါ ။
walk = to take an animal, especially a dog, for a walk:
Example :
She walks the dog for an hour every afternoon.
- သူ (မ) ဟာ နေ့လည် တိုင်း တစ်နာရီလောက် ခွေးကျောင်းလေ့ ရှိတယ် ။

ဒီလောက် ဆိုရင်တော့ ဒီ အသုံးအနှုန်း ၂ ခု ရဲ့ ကွာခြားချက်ကို ရှင်းသွားမယ် ထင်ပါတယ် ။

အခု ဒီ စာကြောင်း ၂ ကြောင်းရဲ့ ကွာခြားချက်ကို မသိကြဘူးဆိုတာက
walk = လမ်းလျှောက်သည် ။
လို့ အသေ မှတ်ထားကြတာ များလို့ပါ ။

ကျွန်တော် မကြာခဏပြောဖူးပါတယ် ။
English စာ တကယ် တတ်ချင်ရင်
" English စကားလုံး တစ်လုံး = မြန်မာ စကားလုံး တစ်လုံး "
ဆိုတဲ့ ပုံစံမျိုး လေ့လာတာမျိုးကို ရပ်တန်းက ရပ်ဖို့ပါ ။
စကားလုံးဆိုတာတာ သူ့ရဲ့ အတွဲအစပ်တွေ နဲ့
ရှေ့နောက် ဆက်စပ် အခြေအနေပေါ်မူတည်ပြီး
အဓိပ္ပာယ် အမျိုးမျိုး ထွက်လေ့ရှိတာမို့ပါ ။

ခက်တာကလည်း ကျောင်းသားတွေက အဲ့လို ပုံစံတွေနဲ့ အရမ်း အရိုးစွဲနေကြတယ် ။
တစ်ချို့ ဆရာတွေကလည်း အလွယ်လိုက်ပြီး ကျောင်းသားတွေကို အဲ့ပုံစံ နဲ့ပဲ သင်နေကြတယ် ။
အထူးသဖြင့် Facebook မှာ ပြန့်ကျဲနေတဲ့
အတိုအစ English စာ သီးသန့်ကို လိုက်ကျက်နေရတဲ့လူတွေဆို ပို ဆိုးလိမ့်မယ် ။
ဘာမှ မသိတာထက် စာရင်တော့ အဲ့လို သိတာလည်း ကောင်းပါတယ် ။
ဒါပေမယ့် ဒီလို မှတ်သားတာဟာ ရေရှည်အတွက် မကောင်းဘူးဆိုတာတော့ သိထားရပါမယ် ။

အဓိက အကြံပေးချင်တာကတော့
English စကားလုံး တစ်လုံးကို လေ့လာရာမှာ
သူ့နဲ့ တွဲလေ့ရှိတဲ့ အတွဲအစပ်တွေ နဲ့
ရှေ့နောက် ဆက်စပ် အခြေအနေပေါ်မူတည်ပြီး အဓိပ္ပာယ် ကောက်ယူ မှတ်သားလေ့ကျင့်ဖို့ပါ  ။

ဒီ လေ့ကျင့်ခန်းလေးကနေ ရှေ့ဆက် English စာ လေ့လာတဲ့နေရာမှာ
ခံယူချက်ကောင်းလေး တစ်ခု ရသွားပါစေလို့ မျှော်လင့် ဆုတောင်းပေးလိုက်ပါတယ်ဗျာ ။
:)

စေတနာဖြင့်
ကိုဇင်ဇေ​
Active English သင်တန်း​

=====


English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို
Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။
<<< http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

=====

www.facebook.com/MmEnglishLearning
<<< သင်တန်း Page မှာ Englishသင်ခန်းစာ အချို့ လေ့လာလို့ ရပါတယ် ။

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174
သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း ၊ တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )

Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...