Skip to main content

*Unicode* Your "I Can" is more important than your "IQ"


Your "I Can" is more important than your "IQ" . တဲ့ ...

Robin S.Sharma ပြောတာ ။

ကျစ်ကျစ်လစ်လစ် နဲ့ လှလိုက်တာ ...

ဘာသာပြန်လိုက်ရင် အဲ့လောက် အရသာရှိတော့မှာ မဟုတ်ဘူး ။
ဆိုလိုရင်း မပျက်အောင် အတတ်နိုင်ဆုံး ပြောကြည့်ရင်တော့

"  မင်း ရဲ့ "ငါ လုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ်က
မင်းမှာရှိတဲ့ "ဉာဏ်ရည်" ထက် ပို အရေးကြီးတယ် ...."  တဲ့ ။

တစ်ချို့တွေ ဉာဏ်ရည်မြင့်ပေမယ့် သိပ်မအောင်မြင်သေးတာ  ၊
တစ်ချို့တွေ ဉာဏ်ရည် သိပ်မကောင်းပေမယ့်
 အောင်မြင်အောင် လုပ်နိုင်ခဲ့တာတွေကို
သေသေချာချာ တွေးကြည့်ရင်
ဒီလို "ငါ လုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ် ၊
" ငါ ရအောင် လုပ်မယ် " ဆိုတဲ့ ဆုံးဖြတ်ချက် တွေပေါ်မှာ
မူတည်နေတာကို သွားတွေ့ရမှာပါ ။

ဒါကြောင့်
ဘယ်လို ပညာရပ်ပဲ လေ့လာလေ့လာ
ဘယ်လို နယ်ပယ်မျိုးမှာပဲ ဝင်လုပ်လုပ်
ဒီလို "ငါ လုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ်ကို မရ ရအောင် မွေးနိုင်ဖို့လိုတယ် ။

ဒါဆိုရင်တော့ အောင်မြင်ဖို့ အစကောင်းပြီး
တာဝေး လမ်းကြောင်းပေါ် ခြေ ၁ ဖက် ရောက်ပြီ ပြောရမှာပဲ ။

" ခင်ဗျား လုပ်နိုင်ပါတယ် "
" ခင်ဗျား လုပ်နိုင်ပါတယ် "
" ခင်ဗျား လုပ်နိုင်ပါတယ် "

စေတနာဖြင့်
ကိုဇင်ဇေ​
Active English သင်တန်း​

=====

ဒီမှာပါ :)

♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။
<<< http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk

♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ

( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th

( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

 =====

www.facebook.com/MmEnglishLearning
<<< သင်တန်း Page မှာ Englishသင်ခန်းစာ အချို့ လေ့လာလို့ ရပါတယ် ။

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174
သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း ၊ တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )

Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...