Skip to main content

It will rain. နဲ့ It is going to rain. ဘာကွာ သလဲ ?

It will rain.  နဲ့ It is going to rain. ဘာကွာ သလဲ ?
------------------------------------------
( ကိုဇင်ဇေ  - Active English )

♦ Will + infinitive နဲ့  Be going to + infinitive ဘယ်လို ကွာသလဲ ?

English သင်တန်းသား / လေ့လာသူ အများ စု
ဒီ အသုံး ၂ ခုကို ရောနေတတ်လို့ ဒီ စာစုလေး ရေးတင် ပေးလိုက်တာပါ ။
ဒါလေးကို သေချာဖတ်လိုက်ရင် ဒီ အသုံး အနှုန်း ၂ ခုကို ပိုပြီး
မှန်ကန် သင့်တော်အောင် သုံးနိုင်လာပါလိမ့်မယ် ။

♦
Will + infinitive  
( infinitive ဆိုတာ အလွယ်ပြောရင် Verb 1 ပေါ့ ။
ဒါပေမယ့် တကယ်တော့မတူပါ ။
Verb 1 က Singular Noun နဲ့တွဲရင် s/es လိုက်ရပေမယ့်
infinitive ကတော့ ဘယ်တော့မှ s/es မလိုက်ရတဲ့ verb ရဲ့ မူလ ပုံစံ စကားလုံးပါ ။ )

( 1 )
- A decision at the moment of speaking:
ပြောနေတဲ့ အချိန်မှာ ဆုံးဖြတ်ချက် ချလိုက်ရင် Will + infinitive ကို သုံးပါတယ် ။

ဥပမာ ။
Julie: There's no milk.
နွားနို့ မရှိတော့ဘူး ဟေ့ ။
John: Really? In that case, I'll go and get some.
တကယ်လား ? ဒါဆို ငါ သွား ဝယ် လိုက်မယ် ။
( ပြောနေချိန်မှာ တင် ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ )

♦
Be going to + infinitive
A decision before the moment of speaking:
ပြောနေချိန် မတိုင်ခင်ကတည်းက ဆုံးဖြတ်ပြီးသားဆိုရင် ကို သုံးရပါတယ် ။

ဥပမာ ။
Julie: There's no milk.
နွားနို့ မရှိတော့ဘူး ဟေ့ ။
John: I know. I'm going to go and get some when this TV programme finishes.
ငါ သိတယ် ။ တီဗီ အစီအစဉ်တွေ ပြီးသွားရင် သွားဝယ် မှာလေ ။
(အခုမှ သာ ပါးစပ်က ထုတ်ပြောဖြစ်တာ ။
 ပြောနေချိန်မတိုင်ခင်ကတည်းက နွားနို့ကုန်နေတာ သိလို့ ဝယ်ဖို့ ဆုံးဖြတ်ပြီးသား ။ )

-----
( 2 )

♦
Will + infinitive
A prediction based on opinion:
ထင်မြင်ချက် ကို အခြေခံတဲ့ မှန်းဆချက် ကိုပြောတဲ့အခါ Will + infinitive ကို သုံးပါတယ် ။
Eg -
I think the Conservatives will win the next election.
Conservatives တွေ နောက် ရွေးကောက်ပွဲမှာ နိုင်လိမ့်မယ် ထင်တယ် ။
( စိတ်မှန်း သက်သက် အထင်နဲ့ ပြောတာ ။ )

♦
Be going to + infinitive
A prediction based on something we can see (or hear) now:
ကိုယ်တိုင် သိနေ/မြင်နေ/ကြားနေရတဲ့ အချက်အလက် အပေါ်မှာ အခြေခံပြီး မှန်းဆပြောဆိုတဲ့ အခါ သုံးပါတယ် ။
( ပိုပြီး တိကျသေချာမှု ရှိတယ် လို့ ပြောလို့ ရပါတယ် )
Eg -
The Conservatives are going to win the election. They already have most of the votes.
Conservatives တွေ ရွေးကောက်ပွဲမှာ နိုင်မှာပဲ ။ သူတို့တွေက မဲ အများစု ရထားပြီးပြီ လေ ။  

( Conservatives ကို ဘာသာပြန်မနေတော့ဘူး ။
Conservatives ပါတီ ကို ဒီနေရာမှာ ဆိုလိုတာပါ ။  )
=====
( 3 )
Will + infinitive
Will + infinitive ကို အနာဂတ် အကြောင်း မှန်းဆ ပြောဆိုရာမှာ ပြောရာမှာ သုံးပါသေးတယ် ။
- It will rain tomorrow.

တကယ်လို့ မိုးသားတွေ တက်လာတာကို လက်ရှိတွေ့နေရပြီး
ရွာတော့မယ်လို့ ပြောချင်ရင်တော့
( အထင် သက်သက် မဟုတ်ဘဲ အချက်အလက်တွေကို အခြေခံပြီး ပြောတာ ဖြစ်တဲ့အတွက် )
Be going to + infinitive ကို သုံးရပါမယ် ။   
- It's going to rain.

=====

( 4 )
For promises / requests / refusals / offers:
ကတိပေးတဲ့အခါမှာ
တောင်းဆိုမှုတွေ ပြုတဲ့အခါမှာ
ငြင်းဆန်မှူတွေ ပြူတဲ့အခါနဲ့
ကိုယ့်ဘက်က နေ တစ်စုံ တစ်ခု လုပ်ပေးဖို့ ကမ်းလှမ်းတဲ့ နေရာတွေမှာ
Will + infinitive  ကို သုံးလေ့ရှိကြပါတယ် ။

I'll help you tomorrow, if you like.
မင်း အဆင်ပြေမယ် ( နှစ်သက်မယ်ဆိုရင် ) ငါ မင်းကို မနက်ဖြန်ကျရင် ကူညီ ပါ့မယ် ။

ဒီ ဥပမာ နဲ့ ရှင်းလင်းချက်တွေကို နားလည် အောင် သေချာပြန်ဖတ်ကြည့်ပြီး
လေ့ကျင့်မယ်ဆိုရင် Will + infinitive နဲ့  Be going to + infinitive ကို
သူ့နေရာနဲ့သူ မှန်မှန် ကန်ကန် သုံးနိုင်မှာပါဗျာ ။

လေးစားလျှက်
ကိုဇင်ဇေ
( Active English )
=============
♦
ဒီလို အလားတူ သင်ခန်းစာတွေကို မလွတ်တမ်းဖတ်နိုင်ဖို့
ဒီ Page  ကို Like လုပ်ပြီး
1. See first
2. Get Notification ထပ်ယူ ထားနိုင်ပါတယ်ဗျာ
:)

သင်တန်းတက်ပြီး စနစ်တကျ ထိထိရောက်ရောက် လေ့လာချင်ရင်
Active English သင်တန်း  အကြောင်းကို ဒီမှာ လေ့လာနိုင်ပါတယ် ။ :)
>>>
Active English သင်တန်း အချိန်ဇယား ၊ လိပ်စာ ၊ လမ်းညွှန် နှင့် ဖုန်းနံပါတ်များ​
https://www.facebook.com/activeenglishmyanmar/posts/1106082832818255

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...