Skip to main content

Quiz ( 8 ) < Unicode Verison > " a " or " an "

ဘယ်စာကြောင်း မှန်သလဲ ရွေးပါ ။ ( Quiz - 8 )
( အဖြေမှန်နှင့် ရှင်းလင်းချက် ပါဝင်သည် )

1. I'm looking for a L-shaped desk.
2. I'm looking an L-shaped desk.
3. I'm looking a L-shaped desk.
4. I'm looking for an L-shaped desk.
.
.
.
.
.
" L " ပုံစံ စားပွဲခုံကို ရှာနေတယ်လို့ ဆိုလိုချင်တာ ဖြစ်တဲ့အတွက်
( 2/3 ) က  " for " မပါပဲ သုံးတာဖြစ်တဲ့အတွက် မှားပါတယ် ။

အဓိက စဉ်းစားရမှာက L-shaped desk အရှေ့မှာ
" a " လိုက်ရမလား ? / " an " လိုက်ရမလား ဆိုတာပါ ။
သာမန်စဉ်းစားကြည့်ရင်  L-shaped စာလုံးက " L " နဲ့ စတာဖြစ်တဲ့ အတွက်
Consonant ( ဗျည်း ) နဲ့ စတယ်လို့ထင်ပြီး  " a " လိုက်မိမှာပါ ။
တကယ်တမ်းမှာတော့ " L " ဆိုတဲ့ စာလုံးကို ပြောတဲ့အခါမှာ
Vowel - သရသံ ( အလွယ်ပြောရရင် " အ " သံ ) ကို သုံးရတဲ့အတွက်
" an " ပဲ လိုက်ရမှာပါ ။

ဒီနေရာမှာ သရဆိုတာ ( a,e,i,o,u ) နဲ့ စတယ် လို့
အလွယ်မှတ်တဲ့လူတွေ မှားလေ့ရှိကြတာပါ ။
ဒီ စာလုံးတွေနဲ့ စရင် " an " လိုက်ပြီး
ကျန်တာတွေနဲ့ စရင် " a " လိုက်တယ်လို့ အသေမှတ်ရင် မှားမှာပါ ။
တကယ်က အသံကိုပဲ ယူရမှာပါ ။ စာလုံးကို ယူရတာ မဟုတ်ပါဘူး ။

ဥပမာ " " နဲ့ စတဲ့ စကားလုံး၂ လုံးကို ယှဉ်ပြပါမယ် ။
" hat " ဆိုပါတော့ ။
စတဲ့ စာလုံးကလည်း " h " ၊ အသံကလည်း ဟတ်(ထ) ဆိုတော့
Consonant နဲ့ စတယ်လို့ ယူဆပြီး
အရှေ့ကနေ " a " ပဲ လိုက်သုံးပေးရပါတယ် ။ ( This is a hat. )

ဒါပေမယ့် " hour " ဆိုတဲ့ စကားလုံးကို ကြည့် ကြည့်ပါဦး ။
သူက အစ စာလုံးက " h " ဆိုပေမယ့်
စထွက်တဲ့ အသံက " ဟ " သံ မထွက်ပဲ " အ " သံ ထွက်ရပါတယ် ။
" ဟာဝါ " လို့ မထွက်ဘူးလေ ။ " အာ့ဝါ " လို့ ထွက်တာကိုး ။
ဒါကြောင့် " h " နဲ့ စပေမယ့် Consonant လို့ မယူဆပဲ
Vowel လို့ ယူဆပြီး အရှေ့က " an " လိုက်သုံးပေးရပါတယ် ။ ( I study for an hour every night. )
အခု မေးလိုက်တဲ့ သင်ခန်းစာကလည်း အဲ့ဒီ သဘောတရား အတိုင်း ပါပဲ ။

ဒါကြောင့် အဖြေမှန်က 4. I'm looking for an L-shaped desk. ပါ ။

မှားဖြေမိထားသူများ အယူအဆ အမှားကို
ရေရှည်အတွက် အခုကတည်းက ပြင်လိုက်စေချင်ပါတယ် ။
သရဆိုတာ ( a,e,i,o,u ) နဲ့ စတယ် လို့
အလွယ်မမှတ်ပါနဲ့ ။ တကယ် အလုပ်လုပ်တာက အသံ ပါပဲ ။
ဒီတော့ အလွယ်မှတ်ချင်ရင် " အ " သံ နဲ့ စတာကို သရ ( Vowel ) လို့ မှတ်ထားလိုက်ပါဗျာ ။
ဘယ် အသံနဲ့ စလဲ ဆိုတာ မသေချာရင်
အသံထွက်ကောင်းကောင်းပါတဲ့ Dictionary ဆောင်ထားလိုက်ရင် အဆင်ပြေနိုင်ပါတယ်ဗျာ ။

English ဘာသာစကား စွမ်းရည်များ တစ်နေ့တခြား တိုးတက်လာပြီး
အသိပညာနဲ့ အခွင့်အလမ်းကောင်းများ ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ။

ကိုဇင်ဇေ
Grammar အားနည်းသူများအတွက် သင်ခန်းစာများ - ကိုဇင်ဇေ
Active English သင်တန်း

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...