Skip to main content

English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?


♦  English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?
--------------------------------------------------------

1. ကိုယ် နှစ်သက်တဲ့  / စိတ်ဝင်စားတဲ့ Topics တွေကို
 ဦးစားပေးပြီး များများလိုက်နားထောင်ပါ ။
ကိုယ့် Professional ဘာသာရပ် / စီးပွါးရေး / အနုပညာ /
တိုးတက်ရေး / ခေါင်းဆောင်မှု  စ တာ တွေပေါ့ဗျာ ... :)
( လုံးကောက်နားလည်ဖို့ထက် ခြုံငုံပြီး နားလည် နိုင်ဖို့ကိုသာ
-အစပိုင်းမှာ- ဦးစားပေးသွားပါ ။ )

2. Audiobooks တွေ လိုက်ရှာပြီး စာ ( ebook ) နဲ့တွဲပြီး နားထောင်ပါ ။

3. ကိုယ် နှစ်သက်တဲ့
English စကားပြော ဇာတ်လမ်း တစ်ခုတည်းကို စာတန်းထိုးပြီး တစ်ခါ
စာတမ်းဖျောက်ပြီး တစ်ခါ ပြန်ကြည့်ပါ ။
( နားမလည် လိုက်ရင် အဲလိုပဲ ထပ် ထပ် ကျော့သွားပါ  ။
ဇာတ်ကွက် တစ်ခုတည်းကို လုပ်ရင် ပိုထိရောက်ပါတယ် ... )

( သင်ရိုးတွေမှာ ပါလေ့ရှိတဲ့ နမူနာ Conversations တွေကို လည်း နားထောင် လေ့ကျင့်နိုင်ပါတယ် ။ )


ကိုယ့် Skilll ကို ပြန်စစ်ဆေးချင်ရင်
တစ်ကြောင်းပြီးတိုင်း pause လုပ်ပြီး ပြန်လိုက်ပြောကြည့်ပါ ။
ဒါပေမယ့် အဲဒါက ခင်ဗျားကို motivation ကျစေတယ်ဆိုရင် ၁၅ မိနစ်ထက် ပိုမလုပ်မိပါစေနဲ့ ။
Steps 1/2/3 ကို ပြန်လုပ်ပါ ။

Steps 1/2/3 ကို တော့ ဖြစ်နိုင်ရင် တစ်နေ့ ၂ နာရီလောက် အထိ လုပ်ပါ ။
( ကားစီးရင်း / ထမင်းစားရင်း လုပ်လို့ ရပါတယ် ...
၆ လ လောက် လုပ်ရင် သိသိသာသာကြီးကို တိုးတက်လာပါလိမ့်မယ် ...  )


ကျွန်တော်ပြောတာ အမြဲ သတိရပါ ။
Learning မှာ Motivation ( စိတ်အား ထက်သန် မှု  ) ထက် အရေးကြီးတာ ဘာမှ မရှိပါဘူး ။


English ဘာသာစကား လေ့လာရာမှာ ဒီ ၃ ချက် အရေးအကြီးဆုံးပါ ။

1- စိတ်အား ထက်သန် မှု
2- ကိုယ့်ကို ကိုယ် သိဖို့  ( ကိုယ့် လက်ရှိနေရာ - တိုးတက်မှု - ဆုတ်ယုတ်မှု )
3- English Language လေ့လာနည်း စနစ်တွေရဲ့
ကောင်းကျိုးဆိုးပြစ်တွေကို သိပြီး
ကိုယ်နဲ့ ဆီလျော်တာကို  ရွေးချယ် အသုံးပြုနိုင်ဖို့


* Active English သင်တန်းသား/သူတွေ အတွက်ကတော့
သင်တန်းမှာ သင်ပေးထားတဲ့ ...
- Conversations ( Cambridge Course ) အသံဖိုင်တွေကို ထပ်ကျော့ နားထောင် ပါ ။
- ပုံပြင်တွေကို  ထပ်ကျော့ နားထောင် ပါ ။
- ဟောပြောပွဲ ( အတို/အရှည်) တွေကို ထပ်ကျော့ နားထောင် ပါ ။

နားမလည်တာရှိရင် ကျွန်တော် ( ကိုဇင်ဇေ ) ကို
-အားတဲ့ အချိန်မေးပြီး- ပွင့်ပွင့်လင်းလင်း လာ တိုင်ပင်ပါ ။
( အားတဲ့ အချိန် မေးတာနဲ့ မအားတဲ့အချိန် မေးတာမှာ
ကျွန်တော့် ဘက်က ပြန်ဖြေပေးနိုင်တဲ့ သက်ရောက်မှုကလည်း မတူနိုင်လို့ပါ ။ :)  )


နားထောင်စရာတွေ ကုန်သွားရင် / ထပ်ကျော့နားထောင်ရတာကြာလို့ ပျင်းတဲ့စိတ်ဝင်လာရင်
ဒီ အကြောင်းအရာတွေကို ကိုယ် *နားလည် သလို ပြန်လိုက်ပြောကြည့်ပါ ။
( ကိုယ် နားလည်သလို ပြောခိုင်းတာနော် ။
အလွတ်တွေလည်း ထိုင်ကျက် မနေကြနဲ့ ဦး ... :D  )


ပြီးရင် သင်တန်းမှာ လေ့ကျင့်ပေးနေသလို
ဒီ အကြောင်းအရာတွေကို ကိုယ့်ဘာသာကိုယ် *မေးခွန်းတွေ ထုတ်ကြည့်ပါ ။
ပြန်ဖြေကြည့်ပါ ။
ဒီ အဆင့်မှာတော့ လေ့ကျင့်ဖော်ရှိရင် ပိုကောင်းပါတယ် ။
မရှိတော့လည်း တစ်ယောက်တည်း ချ ပေါ့ဗျာ ။ :)

ဒီ အဆင့် ထိ ထပ်ပြီး ရသွားရင်တော့
ကျွန်တော့် ဆီမှာ ဒေတာတွေ ထပ်တောင်းပါ ။
ကျွန်တော် ၃ နှစ်စာလောက် စုစည်း လေ့လာထား ခဲ့တာတွေ ၅၀၀ MB လောက်တော့ ရှိပါတယ် ။
တစ်နေ့ ၂ နာရီနားထောင်မယ် ဆိုရင်တောင် ၃ နှစ်စာလောက်တော့ ခံပါတယ် ။ :D


ရေရှည်နဲ့ ပုံမှန် လုပ်သွားပါ ။
ဘယ်သူ နဲ့မှ ကိုယ့်ကိုယ် ကို လိုက် နှိုင်းယှဉ်မနေပါနဲ့ ။
ဘယ်သူ ဝေဖန်တာမှလည်း *သောက် ဂရု မစိုက်ပါနဲ့ ။
 ( ရိုင်းသွားရင် ခွင့်လွှတ်ပါ ။
English ဘာသာစကားကို အသုံးချဖို့ထက်
ကြွားဝါဖို့ / တပါးသူကို နှိမ်ချဖို့ လေ့လာလေ့ကျင့်ထားသူတွေ အများကြီး တွေ့နေရလို့ပါ ။
သူတို့ကြောင့် ကိုယ့်ရဲ့ စိတ်ကို အထိ မခံပါနဲ့ ။
တတ်နိုင်ရင် အဲလိုလူတွေနဲ့ ပေါင်းကို မပေါင်းပါနဲ့ ။
အပြုသဘောဝေဖန်တဲ့လူတွေ / ကိုယ့်ကိုအားပေးတဲ့လူတွေနဲ့သာ ပေါင်းသင်းပါ ။ )

ဒီ ခရီးက ရေရှည် သွားရမှာပါ ။
ကျွန်တော်တို့လည်း ပျော်ပျော်ပါးပါးကြီး ဆက်သွားနေရဆဲပါ ။
ကျွန်တော် ပြောတဲ့ Subconscious Learning ရဲ့ စွမ်းအားကို မမေ့ပါနဲ့ ။
ပျော်ပျော်ပါးပါး စိတ်ဝင်တစား နားထောင်လို့ရနိုင်တာတွေကို
ဦးစားပေး ရွေးချယ် လေ့ကျင့်သွားပါ ။

ခင်ဗျား လုပ်နိုင်ပါတယ် ...
ခင်ဗျား လုပ်နိုင်ပါတယ် ...
ခင်ဗျား လုပ်နိုင်ပါတယ် ...

:)

လေးစားလျှက်
ကိုဇင်ဇေ

PS :
ဒီစာစုကို ခင်ဗျား ချစ်ခင် နှစ်သက်တဲ့လူတွေနဲ့ မျှဝေဖတ်ရှု ဆွေးနွေးကြည့်ပါ ။
အကြံကောင်းတွေ ထပ်ရလာပါလိမ့်ဦးမယ် ။
( သီချင်း တို့ သတင်းတို့ ကို ကျွန်တော်က ဒုတိယ ဦးစားပေး အဆင့်မှာ ပဲ ထားပါတယ် ။
ဘာကြောင့်ဆိုတာတော့ နောင်မှပဲ ရှင်းပြပါတော့မယ် ။ )

အဓိက က သိရုံနဲ့ မရ ...
လက်တွေ့ လိုက်လုပ်ပြီး ...
တိုးတက်မှု ရလာဖို့ ...
ပြန်လည် အသုံးချနိုင်ဖို့ ...ဆိုတာလည်း မမေ့ပါစေနဲ့ဗျာ ။   :)

" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ "

ကိုဇင်ဇေ
Founder & Trainer @Active English
09 4311 5202 / 09 25000 5174
www.facebook.com/MmEnglishLearning

~~~~~~~~~~~~~~~

သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့
၁၀၀% အာမခံ သင်ကြားပေးနေတဲ့ ** Active English သင်တန်း **

♦ September လ နှင့် October လ အတွင်း
အသစ်ဖွင့်လှစ်မည့် တန်းခွဲသစ်ချိန်ဇယားများ ♦

https://www.facebook.com/activeenglishmyanmar/posts/1136770926416112:0

~~~~~~~~~~~~~~~


English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို အခမဲ့ ရယူနိုင်ပါပြီ ။

https://www.facebook.com/activeenglishmyanmar/posts/1113437305416141

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။