Skip to main content

သဒ္ဒါ အခြေခံ ကောင်း ရချင်သူများ အတွက် ☆ Grammar Foundation Course ☆


သဒ္ဒါ အခြေခံ ကောင်း ရချင်သူများ အတွက်
☆ Grammar Foundation Course ☆
~~~~~~~~~~~~~~~~~~~~~~~~~~~~

သဒ္ဒါ အခြေခံ အားနည်းလွန်းသူတွေ အဆင်ပြေစေဖို့ အတွက်
အခြေခံ မသိမဖြစ် အသုံးအဝင်ဆုံး စည်းမျဉ်းစည်းကမ်းတွေကို
ခွဲထုတ်ပြီး အသေးစိတ် အထပ်ထပ် လေ့ကျင့် သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပြီး
Grammar Foundation Course ကို
သီးသန့်သင်ကြားပေးတဲ့ အတန်းတွေ ထပ်ဖွင့်ပေးလိုက်ပါတယ် ။

သူများတွေက ဆရာ ၂ခါလောက် ပြောပြလိုက်တာနဲ့
ကိုယ်ပိုင်စာကြောင်းတွေကို အလွယ်တကူ ဆင့်ပွါးတည်ဆောက်နေနိုင်ပေမယ့်
ကိုယ်က အဲ့လို လုပ်ဖို့ အခက်အခဲဖြစ်နေတာမျိုးတွေ ....
ကိုယ်က ကြိုးစားပမ်းစား စာကြောင်း တည်ဆောက်လိုက်ပေမယ့်
ကိုယ် တည်ဆောက်လိုက်တဲ့ စာကြောင်းတွေက
ဆရာ စစ်ပေးလိုက်တိုင်း မှားနေတာမျိုး အဖြစ်များသူတွေ .....

သဒ္ဒါ အခြေခံ ကို စနစ်တကျ မလေ့လာဖူးပဲ
" ဒါလေး တွေ့ရင် ဒါကို ဖြုတ် ၊ ဒါကို ကိုင်ပြီး ဒီကိုရွှေ့ " ဆိုတာမျိုး
အလွတ်ကျက် တစ်ပွဲတိုး နည်းလမ်းတွေနဲ့ သင်ပေးခံခဲ့ရလို့
English ဘာသာစကားကို ရှေ့ဆက်လေ့လာရာမှာ
အခက်အခဲ ရှိနေသူတွေ .....
ဒီ Grammar Foundation Course ကို အရင် ဝင်တက်ပြီး
သဒ္ဒါ အခြေခံကို စနစ်တကျ ပြန်လည် တည်ဆောက်နိုင်အောင်လို့
ဒီလို သီးသန့် ထပ်ဖွင့်ပေးလိုက်တာပါ ။

Active English ရဲ့ မူလ တန်းခွဲတွေမှာလည်း
သဒ္ဒါ နဲ့ ပတ်သက်တာကို လိုအပ်သလို အားဖြည့် တွဲသင်ပေးနေပေမယ့်
အခုလို သီးသန့် ခွဲထုတ်ပြီး သင်ပေးသလောက်တော့
သဒ္ဒါ စည်းမျဉ်းစည်းကမ်းတွေကို အထပ်ထပ် လေ့ကျင့်ပေးတာမျိုး မလုပ်ပေးနိုင်လို့ပါ ။
( Speaking နဲ့ Listening လေ့ကျင့်ဖို့ ၊ အသံဖိုင် တွေ ၊ ဗီဒီယိုဖိုင်တွေနဲ့ လေ့လာဖို့ ၊
၂ ယောက်တွဲ နဲ့ အဖွဲ့လိုက်ပြောဆိုလေ့ကျင့်တာတွေလုပ်ဖို့
အချိန်ပေးရတာတွေက ရှိသေးတာကိုး ။ )

ဒီ Grammar Foundation Course ကို သေချာ ကြိုးကြိုးစားစား သင်ယူပြီးရင်တော့
ထိုက်သင့်တဲ့ သဒ္ဒါ အခြေခံကို ရရှိပြီး
Speaking နဲ့ Listening ပို ဦးစားပေးတဲ့ အတန်းတွေကို ထပ်တက်တဲ့အခါမှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှု တစ်ခု သိသိသာသာ ရှိနေစေမှာပါ ။

(13) Sat,Sun ( 12:30 - 2:00 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 17.9.2016
> Grammar Foundation Course
> သင်တန်းကာလ = ၂ လ > သင်တန်းကြေး = 30,000 kyat

(14) Sat,Sun ( 5:00 - 6:30 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 17.9.2016
> Grammar Foundation Course
> သင်တန်းကာလ = ၂ လ > သင်တန်းကြေး = 30,000 kyat

(15) Mon,Tue,Wednesday ( 5:30 - 6:30 PM )
> စတင်ဖွင့်လှစ်မည့်နေ့ _ 19.9.2016
> Grammar Foundation Course
> သင်တန်းကာလ = ၂ လ > သင်တန်းကြေး = 30,000 kyat

~~~~~~~~~~~~~~~~~~

*** လစဉ် ပုံမှန် ဖွင့်လှစ်ပေးနေသော သင်တန်း အချိန်ဇယားများ***
( တနင်္လာ မှ ကြာသပတေး = ၅ ချိန် )
7:00-8:30 AM /
9:00-11:00 AM /
4:00-5:30 PM /
5:30-6:30 PM /
6:30-8:00 PM

( စနေ / တနင်္ဂနွေ = ၇ ချိန် )
7:00-8:30 AM /
9:30AM - 11:00 AM/
11:30 - 2:00 PM ( တနင်္ဂနွေ သီးသန့်အတန်း )/
2:00-3:30 PM /
3:30-5:00 PM /
5:00-6:30 PM /
6:30-8:00 PM

♦ လတိုင်း သက်ဆိုင်ရာ အချိန်အလိုက် တန်းခွဲသစ်တွေ ဖွင့်ပေးနေပါတယ် :)
ကြိုတင် စုံစမ်းတာမျိုးလည်း လုပ်နိုင်ပါတယ်ဗျာ ။

~~~~~~~~~~~~~~~~~~~~~~~

သင်တန်းနေရာက ဘယ်မှာလဲ?
ဘယ်လိုလာရမလဲ?
=====================

♦ သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း
( ရာပြည့်ဈေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
:)

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍
လမ်းညွှန်မေးမြန်းနိုင်ပါတယ်
:)

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 /09 25000 5174

၁၂။ ဘယ်နေ့တွေ သင်တန်း ဖွင့်ပါသလဲ ?
ဘယ် အချိန် လာအပ်လို့ ရပါသလဲ ?

♦ သောကြာနေ့ က လွဲလို့ ကျန်တဲ့ ရက်အားလုံး
မနက် ၇ နာရီ မှ ည ၈ နာရီအထိ သင်တန်းဖွင့်ပါတယ် ။
လာအပ်လို့ ရပါတယ် ။
:)

www.facebook.com/MmEnglishLearning
www.activeenglishmyanmar.com
<<< သင်တန်း Page နဲ့ Website မှာ
သင်ခန်းစာ အချို့ ကြိုတင် လေ့လာလို့ ရပါတယ် ။

***
သင်တန်း မတက် ဖြစ်သေးလည်း အဝေးကနေ လေ့လာလိုတယ်ဆိုရင်
Message or Comment box ကနေ လေ့လာစရာ
- Mobile Application ( Post အသစ်တင်တိုင်း App ကနေ ဖတ်ရှုသိမ်းဆည်းနိုင်မည့် )
- Ebooks တွေ ( Post အဟောင်းများ စုစည်းမှု ၂ အုပ်) ကို တောင်းနိုင်ပါတယ်ဗျာ
:)

English စာ လေ့လာရန် ဖုန်း Apps နှင့် စာအုပ်များ
https://www.facebook.com/activeenglishapp/?fref=ts

ဒီ Page မှာလည်း English ဘာသာစကားဆိုင်ရာ ဆောင်းပါးများ /
သင်ခန်းစာများကို ပုံမှန်တင်ပေးနေတာမို့လို့
မလွတ်တမ်း ဖတ်ချင်ရင် Page ကို Like လုပ်ပြီး See first ယူထားနိုင်ပါတယ်ဗျာ ။
:)

♦ "English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်နိုင်ကြပါစေဗျာ ...

စေတနာဖြင့်

Grammar သီးသန့်မဟုတ်ပဲ
Speaking နဲ့ Listening ကို ဦးစားပေး
လေ့ကျင့်သင်ကြားပေးတဲ့ အတန်းတွေကို
စိတ်ဝင်စားရင်တော့ ဒီလင့်မှာ သွားရောက် လေ့လာနိုင်ပါတယ်ဗျာ ။

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။