Skip to main content

MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ

ကျွန်တော့် သင်တန်းသားတွေနဲ့ စာဖတ်သူတွေကို
MLM Companies တွေရဲ့ သားကောင် မဖြစ်စေချင်လို့
ဒီ Post ကို တင်ပေးလိုက်တာပါ ။

MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
( https://www.facebook.com/groups/myanmarmlmtruth/ )

Group နာမည် အတိုင်းပါပဲ ။
ဒီ Group ထဲမှာ
၁။ MLM Companies တွေမှာ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ဖူးပြီး
ဒီ MLM Companies တွေကြောင့် ငွေကြေး ၊ အချိန် ၊ လူမှုရေး ၊
သိက္ခာ အစရှိသဖြင့် တစ်ခုခု နစ်နာခဲ့ဖူးသူတွေနဲ့
၂။ MLM Companies တွေမှာ ကိုယ်တိုင် ဝင်ရောက် မလုပ်ကိုင်ဖူးသော်လည်း
ကိုယ့်ရဲ့ ခင်မင်ရင်းနှီးသူ အချို့ ဝင်ရောက်လုပ်ကိုင်လို့ နစ်နာမှုတွေ ရှိခဲ့ရတာကို
မျက်မြင်ကိုယ်တွေ့ ကြုံဖူးလိုက်သူတွေ
၃။ MLM Companies တွေမှာ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ဖူးပြီး
MLM Companies / MLM System နဲ့ ဆိုးကျိုးတွေကို သိလို့ စွန့်ခွါလာခဲ့ပြီး
MLM  စနစ်ကို အတိအလင်း ဆန့်ကျင်သူတွေ
၄။  MLM Companies တွေမှာ ကိုယ်တိုင် ဝင်ရောက် မလုပ်ကိုင်ဖူးသော်လည်း
မိမိရဲ့ လေ့လာသုံးသပ်ဆင်ခြင်မှုအရ MLM စနစ်ကို
အတိအလင်း ဆန့်ကျင်သူတွေ  ( အသိပညာရှင် ၊ အတတ်ပညာရှင်တွေ )
ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပါတယ် ။

MLM ကြောင့် အများပြည်သူ ဆုံးရှုံးနစ်နာနေရတာကို မကြည့်ရက် ၊ မနေသာသူများ အနေနဲ့
MLM သားကောင် ဖြစ်သွားနိုင်တဲ့ နောက်ထပ် လူပေါင်းများစွာကို
သက်သေ သာဓကများနဲ့ အသိပညာပေး ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
( https://www.facebook.com/groups/myanmarmlmtruth )


Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...