Skip to main content

IdiomQuiz_by_ActiveEnglish_အလုပ် အလွန်များကြောင်း

#IdiomQuiz_by_ActiveEnglish

အောက်ပါ စာကြောင်း ရဲ့ ကွက်လပ်နေရာမှာ
" hand , finger , thumb " ကို အသုံးပြုတဲ့ Idiom တစ်ခုခု ကို
သင့်တော်အောင် ရွေးချယ် ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ် ။

I have ----- full at the office these days.
I'm doing two people's jobs.

အဖြေမှန်ကို အောက်မှာ ရေးပေးထားပါတယ် ။
ကျော်မကြည့်လိုက်ပဲ ကိုယ့်ဘာသာ အရင် ခန့်မှန်းကြည့်စေချင်ပါတယ် ။
:)

စေတနာဖြင့်
ကိုဇင်ဇေ
.
.
.
.
.
အဖြေနေရာမှာ hand ကို ရွေးရမှာပါ ။
စာကြောင်း တည်ဆောက်ပုံအရ ဒီလို ပြောရပါလိမ့်မယ် ။
>>>
I have ( my hands ) full at the office these days.
I'm doing two people's jobs.

ခုရက်ပိုင်း ငါတော့ ရုံးမှာ အလုပ်တအား များနေတယ်လေ ။
( လက် အပြည့်ဖြစ်နေတာ ၊ လက် ကို မအားတာ )
လူ ၂ ယောက်စာ အလုပ်ကို လုပ်နေရတယ်လေ ။

Have my hands full ( လက် မအားလောက်အောင် အလုပ်များနေတဲ့ သဘော ) ဆိုတဲ့
Idiom လေးကို မှတ်ထားလိုက်ပေါ့ဗျာ ။
:)
.
.
.
.
.
ဇန်နဝါရီ လ သင်တန်း အချိန်ဇယား >>>
https://www.facebook.com/activeenglishmyanmar/posts/1250941221665748

Active English သင်တန်း အကြောင်း အသေးစိတ် >>>
https://www.facebook.com/activeenglishmyanmar/posts/1240506139375923

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 /
09 25000 5174/ 09 26100 8186

♦ သင်တန်းလိပ်စာ :
အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း ( ရာပြည့်ဈေးလမ်း ) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...