Skip to main content

American Idol အကြောင်း သိချင်သူများ အတွက်


American Idol အကြောင်း သိချင်သူများ အတွက် ... :)

American Idol မှာက မဲပေးတဲ့ စနစ် ၅ ခုရှိတယ် ။

1. ဒီ www.americanidol.com/vote ကိုသွားပြီး Vote ရတယ် ။
Facebook အကောင့် တစ်ခုကနေ ပြိုင်ပွဲဝင် တစ်ယောက်အတွက် ၁၀ ကြိမ်အထိ Vote ပေးလို့ရတယ်  ။

2. FOX NOW ဆိုတဲ့ App ကို သုံးပြီး Vote ရတယ် ။ သုံးတဲ့ Device တစ်ခုကနေ
 ပြိုင်ပွဲဝင် တစ်ယောက်အတွက် ၁၀ ကြိမ်အထိ Vote ပေးလို့ရတယ်  ။

3. Google search ကနေ တဆင့် Google အကောင့် တစ်ခုကနေ
ပြိုင်ပွဲဝင် တစ်ယောက်အတွက် ၁၀ ကြိမ်အထိ Vote ပေးလို့ရတယ်  ။

4. ဖုန်းနံပါတ် တစ်ခုကနေ ပြိုင်ပွဲဝင် တစ်ယောက်အတွက် ၁၀ ကြိမ်အထိ စာပို့ပြီး Vote ပေးလို့ရတယ်  ။

5.  သတ်မှတ်ထားတဲ့ နံပါတ် တစ်ခုကို ဖုန်းခေါ်ပြီး မဲပေးလို့ရတယ် ။
( အဲ့ဒီ နံပတ်ကိုခေါ်ရင် ခေါ်တဲ့လူဘက်က ခေါ်ဆိုခ ပေးစရာ လုံးဝ မလိုဘူး )

*** ဘယ် Voting စနစ်ကိုပဲ သုံးပြီး မဲပေးပေး ...
 ပြိုင်ပွဲဝင် အတွက် ၁၀ ကြိမ်ထက် ပို Vote ပေးတာတွေကို ထည့်မတွက်တော့ဘူး ***

( ကိုယ့် #ActiveEnglishသင်တန်း သားတွေပါ စာလုပ်ဖြစ်အောင်
အောက်မှာ English လို တွဲပေးထားတယ် ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ကြဦး ... :) )

=========

How to Vote for American Idol:

    SuperVote online
– Go to www.americanidol.com/vote and vote up to 10 times per contestant per Facebook account.

    SuperVote on FOX NOW App
– Vote up to 10 times per contestant per device within the apps voting system.

    Google Search Voting
 – Give up to 10 votes per contestant per valid Google account via Google search.

    Text Voting
– Vote up to 10 times per contestant per phone number via Text Voting.
   
Toll-free Voting
– Vote up to 10 times per contestant per phone number via Toll-free Voting.

For each voting method, any vote attempts above 10 per contestant will not be counted.

=========

Myanmar Idol မှာ လက်ရှိ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့
ကျွန်တော် နားလည် ခံစားမိသလို ပြောရရင်ပေါ့လေ ...

Idol ဆိုတာ ကိုက ကိုယ် အရမ်းချစ်ခင်နှစ်လိုတဲ့
လူ ( သို့မဟုတ် ) တစ်စုံတစ်ရာ ကို ပြောတာ ခင်ဗျ ။
( i‧dol  / aɪdl /   noun  [ countable ]
- someone or something that you love or admire very much
Ref : Longman Contemporary English )

ဒီတော့ Idol ပြိုင်ပွဲဆိုတာ
အချစ် ခံ ပြိုင်ကြတာ ။
လူ ချစ်အောင် ပြောတတ် နေတတ်
လုပ်ကိုင်တတ်တဲ့လူက
ဒီပွဲမှာ ပို နေရာ ရမှာပါပဲ ။

အနုပညာ ကို ပြိုင်တာမှ မဟုတ်တာ ။
( အနုပညာ ဆိုတာကရော
ပြိုင်လို့ရတဲ့ ဟာမျိုး ဟုတ်လို့လား ? )

အဲ့ဒါကို ကိုယ်တွေက
အနုပညာ မျက်စိ အစစ် ကြီးနဲ့
လိုက် ခံစားနေလည်း အလကားပဲ ။
စိတ်လျှော့ဗျ ။

ခင်ဗျား ... အနုပညာ ဆိုတာကို
တကယ် နက်နက်နဲနဲ ချစ်လေ
ဒီလို သီချင်းဆို ပြိုင်ပွဲတွေဟာ
ခင်ဗျား အတွက်
အဓိပ္ပာယ် မဲ့လေလေ ဖြစ်နေမှာပဲ ... 😔😔😔

#ကိုဇင်ဇေ
#ActiveEnglish
#Myanmar #Idol

March လ အတွင်း အသစ်ဖွင့်လှစ်မည့် တန်းခွဲသစ်အချိန်ဇယားများ >>>
https://www.facebook.com/activeenglishmyanmar/posts/1300916776668192


အစစ အရာရာ အဆင်ပြေပါစေ
တခြား အသေးစိတ် သိချင်တာရှိရင် ဖုန်းဆက်ပြီးလည်း စုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ :)
( 09 4311 5202 / 09 25000 5174 < #AppliedEnglishClass )



Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...