Skip to main content

" ခဏခဏ လာမေးလေ့ရှိပြီး မေးခံရတိုင်း ရင်မောမိတဲ့ မေးခွန်း "

" ခဏခဏ လာမေးလေ့ရှိပြီး မေးခံရတိုင်း ရင်မောမိတဲ့ မေးခွန်း "

အမေး ။
မေးခွန်းတွေမှာ haveနဲ့ မေးတာကဘယ်လိုမေးခွန်း
/Are နဲ့မေးတာက ဘယ်လိုမေးခွန်း/ Do နဲ့မေးတာက ဘယ်လိုမေးခွန်း
ဆိုတာပြောပြပေးပါ please

အဖြေ ။
အခုလို အရမ်း အခြေခံကျတာလေးတွေတောင်နားမလည်ရင်
အခုလို ကြုံရင် ကြုံသလို လျှောက်မေး လျှောက်လေ့လာနေတာမျိုး မလုပ်ပဲ
အခြေခံ သဒါ္ဒလောက်ကို ပိုင်နိုင်အောင်
သင်ရိုးကောင်း တစ်ခုခုကို သေချာ အချိန်ပေး လေ့လာ လေ့ကျင့်စေချင်တယ် ညီ ။
အခု အကို အကြမ်းဖျဉ်း ဖြေပေးလိုက်ပါ့မယ် ။
ဒါပေမယ့် အခြေခံ သဒါ္ဒ မပိုင်ရင် ဒါတွေ အလွတ် မှတ်ထားလည်း
ရေရှည်အတွက် သိပ် မကောင်းပါဘူး ။
အကို စေတနာနဲ့ ပြောတာနော် ။
မဟုတ်ရင် အချိန် ပေးသလောက် ထိုက်တန်တဲ့ ခရီး မပေါက်မှာ စိုးလို့ ...
:)

Verb to Have , Verb to Be , Verb to Do နဲ့ စတဲ့ မေးခွန်းတွေဟာ
မြန်မာလို " လား " နဲ့ ဆုံးတဲ့ မေးခွန်းတွေ ဖြစ်တာများတယ် ။
English Grammar မှာတော့ Yes/No Questions လို့ ခေါ်ကြတယ် ။

၁။ Verb to Have ( has,have ) နဲ့ စမေးတဲ့ မေးခွန်း အများစုဟာ
Present Perfect Tense သို့မဟုတ်
Present Perfect Continuous Tense ကို သုံးတာများတယ် ။

ဥပမာ -
> Have you been to Bagan?
မင်း ပုဂံ ရောက်ဖူးလား ?

> Have you been waiting for me long?
ငါ့ကို စောင့်နေတာ ကြာပြီလား ?

Had နဲ့ စမေးတဲ့ မေးခွန်း တွေ
( Past Perfect / Past Perfect Continous Tense ) ကို
အခုလောက် အခြေခံတောင် မပိုင်သေးပဲ မှတ်မနေနဲ့ဦး ။
ခေါင်းရှုပ်တာပဲ အဖတ်တင်မှာ စိုးလို့ထည့်မရေးတော့ဘူး ။

၂။ Verb to Do ( do,does,did ) နဲ့ စတဲ့ မေးခွန်းတွေဟာ
Present Tense သို့မဟုတ် Past Tense ကို သုံးထားတာများတယ် ။

ဥပမာ -
> Do you live in Yangon?
မင်း ရန်ကုန်မှာ နေလား ?

> Does your friend work in a restaurant?
မင်း သူငယ်ချင်းက စားသောက်ဆိုင်မှာ အလုပ် လုပ်သလား ?

> Did you go shopping yesterday?
မင်း မနေ့က စျေးဝယ်ထွက်သေးလား ?

၃။ Verb to be ( am,is,are,was,were ) နဲ့ စတဲ့ မေးခွန်းတွေကတော့
Subject ခံပြီးရင် အနောက်မှာ Noun,Adjective,Preposition တွေ လိုက်လေ့ရှိတယ် ။

ဥပမာ -
> Are you a student?
မင်းက ကျောင်းသားလား?

> Is your father tall?
မင်း အဖေက အရပ်ရှည်လား?

> Is your mother at home?
မင်း အမေက အိမ်မှာလား ?

> Was he a student two years ago?
လွန်ခဲ့တဲ့ ၂ နှစ်တုန်းက သူက ကျောင်းသားလား ?

Present/Past Continuousနဲ့ စပြီး သုံးမယ်ဆိုရင်တော့
Subject ခံပြီး V-ing လိုက်ရတယ် ။
> Are you playing the guitar?
မင်း ဂစ်တာ တီးနေတာလား ?
> Were you singing last night?
မင်း မနေ့က သီချင်းဆိုနေသေးလား ?

Verb to be နဲ့ စပြီး Passive Voice ဆိုရင်တော့
Object ခံပြီး V-3 လိုက်ရတယ် ။
> Was your bicycle stolen?
မင်း စက်ဘီး အခိုးခံလိုက်ရတာလား ?

ဒါတွေက လောလောဆယ် အလွယ် အမြန် ရှင်းပြလိုက်တာ ။
နားယဉ်ပြီးသား အခေါ်အဝေါ်တွေ ( V2,V3,Ving စတာတွေ ) ပဲ
 ပြန် သုံးပေးထားတယ် ။
အခြေခံ သဒါ္ဒကို သေချာ ပြန်လေ့လာပါ ညီ ။
ကြုံသလို လျှောက်လုပ်မနေပါနဲ့ ။

စေတနာဖြင့်
ကိုဇင်ဇေ
#ActiveEnglishသင်တန်း

Phone: 09 4311 5202 / 09 25000 5174
အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေမြို့နယ် ။


Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...