Skip to main content

ဒီ စာကြောင်း တွေမှာ ဘယ်ဟာတွေက မှားနေလဲ

ဒီ စာကြောင်း တွေမှာ ဘယ်ဟာတွေက မှားနေလဲ ? /
သာမန် အခြေအနေမှာ သုံးဖို့ မသင့်တော်ဘူးလဲ ?
:)

A. I want go home now.
B. There are many new homes in our street.
C. I wanna go house now.
D. There are many new houses in our street.

#ActiveEnglishQuiz
#ကိုဇင်ဇေ

==========

ခုနက စာ ၄ ကြောင်းမှာ မှားနေတာက
A,B,C <<< ၃ ကြောင်းပါဗျာ ။

A မှာက want go home အစား " want to go home " ဖြစ်ရမှာပါ ။

B မှာက houses ဆိုရင် မှန်ပေမယ့် homes ဆိုရင် မှားပါတယ် ။
အိမ်တွေဆိုတာကို ရုပ်ပိုင်းဆိုင်ရာ အသားပေးပြောချင်တာမို့လို့
houses လို့ သုံးပေးမှ မှန်မှာပါ ။

C မှာက အဲ့ဒါနဲ့ ပြောင်းပြန် သဘောပါ ။
အိမ်ပြန်မယ်ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ အိမ်ကို သက်သက် ပြောချင်တာမဟုတ်ပဲ
စိတ်က ခံစားသတ်မှတ်ထားတဲ့ နေရာလေးတစ်ခု အနေနဲ့ ပြောတာမို့လို့
home လို့ သုံးမှ မှန်မှာပါ ။
wanna ဆိုတာ ကတော့ want to ကို စကားပြောမှာ အတိုကောက် သုံးတာ ဖြစ်ပါတယ် ။

D ကတော့ မှန်ကန်တဲ့ စာကြောင်း ဖြစ်ပါတယ် ။
B မှာ မှားနေတာကို ပြန်ပြင်ထားတဲ့ စာကြောင်း ပါ ။
:)

ဒီလောက်ဆိုရင် နားလည် အဆင်ပြေလိမ့်မယ် ထင်ပါတယ်ဗျာ ။
:)
#ကိုဇင်ဇေ



House နဲ့ Home ဘာကွာ သလဲ ...

Home က မိသားစု သဘော ၊ နေရပ် သဘော ( စိတ်ပိုင်းဆိုင်ရာ ) ဆောင်ပါတယ် ...

House ကတော့ ရုပ်ပိုင်းဆိုင်ရာ ကိုသာ အလေးထားပြောတာပါ ...
( အဆောက်အဦး အမျိုးအစား တစ်မျိုးပါပဲ ...
လုံးချင်းအိမ် လို့လည်း အဓိပ္ပါယ် ရနိုင်ပါတယ် ... )

ဒီ စာကြောင်း နမူနာလေးတွေနဲ့ဆို ပိုရှင်းနိုင်မယ် ထင်ပါတယ် ...

I have a new house . (or) I've got a new house.
ငါ အိမ်သစ် တစ်လုံး ရလိုက်တယ် ( ဝယ်လိုက်တယ် )
(NOT!!! - I've got a new home. )

Do you live in a house or an apartment ?
ခင်ဗျား လုံးချင်းအိမ် နဲ့ နေတာလား ၊ တိုက်ခန်းမှာ နေတာလား ?
(NOT!!! - Do you live in a home? )

House ရော , Apartment ရောကတော့ ခင်ဗျားရဲ့ Home ဖြစ်နိုင်ပါတယ် ...

*** A home is the place where you live, love, and feel welcomed.
"Home is where the heart is."

I get home around 8 pm on weekdays.
တင်္နလာ ကနေ သောကြာနေ့ (ရုံးဖွင့်ရက်) တွေမှာ ငါ အိမ်ကို ည ၈ နာရီ ဝန်းကျင်လောက် ပြန်ရောက်လေ့ရှိတယ် ။

တိုက်ခန်းကို ပြန်လာတာလည်း ဖြစ်နိုင်တယ် ၊ နန်းတော်ကြီး ရော တဲစုတ်လေးရော ဖြစ်နိုင်တယ် ။
ဒါပေမယ့် "အိမ် ဆိုတာ အိမ် ပါပဲ ..."

လေးစားလျှက်
ကိုဇင်ဇေ

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...