Skip to main content

Unicode_Active English ကနေ Mobile Application အသစ် တစ်ခု ဖန်တီးပေးလိုက်ပါတယ် ။






Active English သင်တန်းကနေ ပြီးတော့
အင်္ဂလိပ် ဘာသာစကား လေ့လာလိုသူ ၊ လေ့လာနေသူတွေ အတွက်
Mobile Application တစ်ခု ထုတ်ပေးလိုက်ပါတယ် ။

ဒီလင့်ကို နှိပ်ပြီး ရယူနိုင်ပါတယ်ဗျာ ( http://www.mediafire.com/file/n9b0wxou1foffty/ )

ကျွန်တော် ( ကိုဇင်ဇေ )  ကိုယ်တိုင် သေချာ စုစည်းပေးထားတဲ့
အင်္ဂလိပ် ဘာသာစကားနဲ့ လူငယ်တိုးတက်ရေးဆိုင်ရာ သင်ခန်းစာတွေ ပါဝင်မှာပါ ။
( ထည့်ပေးပြီးသား သင်ခန်းစာတွေအပြင် အသစ်တွေ ထပ်ထပ် တိုးလာနေမှာပါ )

Active English မှာ သင်တန်း လာ မတက် ဖြစ်ပေမယ့်
အင်္ဂလိပ်ဘာသာစကားကို တကယ်ကြိုးစားလေ့လာချင်ပါတယ် ဆိုတဲ့
လူငယ်တွေ ၊ မိတ်ဆွေ သူငယ်ချင်းတွေ အဆင်ပြေပြေ လေ့လာနိုင်စေဖို့
အခမဲ့ ထုတ်ဝေ ဖြန့်ချီပေးတာ ဖြစ်ပါတယ် ။

Android ပဲ ရပါတယ် ။ iOS မရသေးပါဘူး ။

အင်္ဂလိပ်ဘာသာစကား လေ့လာရေး ဆောင်းပါးတွေ ၊ သင်ခန်းစာတွေ ၊ Videos တွေ အပြင်
လူငယ် တိုးတက်ရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု တွေကိုပါ ထည့်သွင်းပေးထားပါတယ် ။

ကိုယ့်ဘာသာ ဖြေကြည့်နိုင်တဲ့ သဒါ္ဒ နဲ့ ဝေါဟာရ ဆိုင်ရာ လေ့ကျင့်ခန်းတွေပါဝင်ပြီး
ဖြေပြီးတာနဲ့ အမှတ် ချက်ချင်း သိရမှာ ဖြစ်ပါတယ် ။

ဆရာကိုဇင်ဇေ ရေးထားထားတဲ့ ဆောင်းပါးတွေ ၊ သင်ခန်းစာတွေ ၊
စိတ်ခွန်အားဖြည့် စကားတွေကို စုပေးထားတဲ့ စာအုပ် ၂ အုပ်လည်း ပါဝင်ပြီး
နိုင်ငံတကာ စာအုပ် ( Ebooks ) အချို့လည်း ထည့်ပေးထားပါသေးတယ် ။

နောင်ကျရင် လူငယ် လူလတ် လူကြီးတွေ အတွက်သာမက
ကလေးတွေနဲ့ပါ သင့်တော်တဲ့ သင်ခန်းစာလေးတွေ လေ့လာစရာလေးတွေပါ
ထပ် ဖြည့်ပေးသွားမှာပါ ။

မိဘတွေ အနေနဲ့ ကိုယ့်ကလေးကို ဒီ Application လေး အသုံးချပြီး
 လေ့ကျင့် သင်ကြားပေးနိုင်ဖို့ အထိ ရည်ရွယ်ပါတယ် ။

ဒီလင့်ကို နှိပ်ပြီး ရယူနိုင်ပါတယ်ဗျာ ( http://www.mediafire.com/file/n9b0wxou1foffty/ )

အဆင် ပြေပြေ လေ့လာနိုင်ပါစေ ။
အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
အသိပညာ နဲ့ အခွင့်အလမ်း ကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ
Active English သင်တန်း တည်ထောင်သူ
ဖုန်း - 09 4311 5202 / 09 25000 5174 / 09 26 100 8186
သင်တန်းလိပ်စာ ။ အမှတ် ၂၈ ၊ ၁၆၇ လမ်း ၊ တာမွေမြို့နယ် ။

>>> Download ယူဖို့ ဒီလင့်ကို နှိပ်ပါ  <<<

( တစ်ချို့ဖုန်းတွေမှာ
Zawgyi / Unicode ဖောင့် ပြဿနာကြောင့် 
Applicaton ကို ဝင်ဝင်ချင်းမှာ 
မြန်မာစာလုံး အချို့ကို  
သချာ မမြင်ရတာရှိတတ်ပေမယ့်လည်း 
Application အထဲကို ဆက်ဝင်သွားရင် 
 သုံးလို့အဆင်ပြေအောင် လုပ်ပေးထားပါတယ် ) 🙂

အင်္ဂလိပ်စာ လေ့လာနိုင်မယ့်
Videos တွေရော 
...
ကိုယ်ရည်ကိုယ်သွေး 
တိုးတက်ရေးအတွက်
 နားထောင်သင့်တဲ့ Videos တွေရော 
၁၅ ခုလောက် ထည့်ပေးထားတာပါ ... 
🙂

Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...