Skip to main content

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်



အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့
ဆုံးဖြတ်ပြီးပြီဆိုရင်
👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး
လေ့လာလေ့ကျင့်မယ်
👉 အင်္ဂလိပ် ဘာသာစကားနဲ့
ထိတွေ့အောင် ကြိုးစားနေမယ် လို့
ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ???
:)


♦️
ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့
လေ့လာလေ့ကျင့်ချိန် - နာရီဝက်
ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။

ပို ကြိုးစားချင်တဲ့လူကတော့
လေ့လာလေ့ကျင့်ချိန် - ၁ နာရီ
ထိတွေ့ချိန် - ၃ နာရီပါ ။

♦️
တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင်
ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက်
ရေရှည် လုပ်သွားဖို့ အဓိကပါ ။

👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို
ကိုယ် စ သတိထားမိလာမယ် ။
👉 ၆ လ - ၉ လ လောက်ဆို
ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။
👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ
အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။

 👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို
ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့
ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။
( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ
ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် )

👉 ၅ နှစ် ကနေ ၈ နှစ်ဆို
ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။
ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ့ အဆင့်ကို ရောက်မယ် ။
( ကိုယ်တိုင်လည်း စိတ်ချ ယုံကြည်မှု
အတန်အသင့် ရှိလာပြီပေါ့ )


♦️
ကြာမယ့် အချိန်တွေကို ကြည့်ပြီး ရင်မောသွားရင်
ရလာမယ့် အကျိုး ကျေးဇူးတွေကို ပြန်ကြည့်ပေါ့ဗျာ ။

အသက်မွေး ဝမ်းကျောင်းချင်းတူရင်တောင်
အင်္ဂလိပ်စာ မကောင်းတဲ့ လူနဲ့
အင်္ဂလိပ်စာ ကောင်းတဲ့ လူဟာ
ဝင်ငွေ အနည်းဆုံး ၃ ဆ ကနေ
၅ ဆ / ဆယ် ဆ အထိ ကွာနိုင်ပါတယ် ။

ငွေရှာတဲ့ အလုပ်မလုပ်ချင်လို့
လူမှုရေး လုပ်ငန်းတွေ
အများ ပြည်သူ အကျိုးပြုလုပ်ငန်းတွေ လုပ်တဲ့အခါ
နိုင်ငံတကာက အကြံဉာဏ် / နည်းပညာ တွေ
လေ့လာလုပ်ကိုင်နိုင်တာမို့
ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်ပါလိမ့်မယ် ။


♦️
ဒီတော့ ခင်ဗျားဟာ အင်္ဂလိပ် ဘာသာစကားကြောင့်
အခက်အခဲ တွေ ကြုံနေရတယ် /
အခွင့်အလမ်း တွေ ဆုံးရှုံးနေရတယ်ဆိုရင်
လူများစု လုပ်နေမိသလို ဆင်ခြေ အမျိုးမျိုးပေးပြီး
အင်္ဂလိပ် ဘာသာစကားကို ပတ်ရှောင်မနေပဲ
စောစော ဆုံးဖြတ်ချက်ချပြီး
ခုကတည်းက စ စမ်းပါဗျာ ။

ဘာသာစကားလေ့လာတယ်ဆိုတာ
( သင်တန်း ကောင်း / ဆရာကောင်း ရှိရင်
အထောက်အကူ အများကြီး ရတယ်ဆိုပေမယ့် )
သင်တန်းတက်မှ ဆရာ နဲ့ သင်မှ
အင်္ဂလိပ်စာ လေ့လာလို့ ရတဲ့ ခေတ်က ကုန်သွားပါပြီ ။

ဆင်ခြေပေးမနေမိပါစေနဲ့ ။
နည်းလမ်း ရှာပြီး စ သာ လုပ်စမ်းပါဗျာ ။

 ခင်ဗျား လုပ်နိုင်ပါတယ် 💪
ခင်ဗျား လုပ်နိုင်ပါတယ် 💪💪
ခင်ဗျား လုပ်နိုင်ပါတယ် 💪💪💪

 စေတနာဖြင့်
#ကိုဇင်ဇေ


ဖြည့်စွက်ချက် ။

ဘယ်က စရမှန်းမသိရင် အောက် က စာတွေ ကို
သေချာ ဖတ်တာကနေ စ ပါဗျာ 🙂

♦️
English ဘာသာစကား ကို
စနစ်တကျ လေ့လာလိုသူတွေ ၊
လေ့လာနေသူတွေ ဖတ်ထားရင်
အကျိုးရှိနိုင်မယ်လို့ ယူဆမိတဲ့
ကျွန်တော် ( #ကိုဇင်ဇေ ) ရေးသားပြုစုထားတဲ့
စာစု တစ်ချို့ကို တင်ပေးလိုက်ပါတယ် ...
တစ်ပုဒ်ချင်းကို အးအေးဆေးဆေး အချိန်ယူ စဉ်းစား
ဖတ်ရှုလေ့လာနိုင်ပါတယ်ဗျာ ...
:)



>>>

♦ 1 ♦
English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက်
( စာအုပ် တွေ ကိုပါ ညွှန်ပေးထားပါတယ် )
https://www.facebook.com/activeenglishmyanmar/posts/978862532206953



♦ 2 ♦
English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့
လူတိုင်း သုံးနိုင်တဲ့ နည်းစနစ်
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1036745266418679/



♦ 3 ♦
English စကားလုံး ၊ အသုံးအနှုန်း အသစ်တွေကို
စွဲစွဲမြဲမြဲ မှတ်မိ အသုံးချနိုင်အောင် ဘယ်လို လေ့လာရမလဲ ? ♦
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1104188889674316/



♦ 4 ♦
English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ
https://www.facebook.com/mmenglishlearning/posts/534701390028194



♦ 5 ♦
ကျွန်တော် ပြောပြချင်တဲ့
English ဘာသာစကားလေ့လာသူ အချို့ရဲ့ ခံယူချက် အလွဲတွေ အကြောင်း ( ၁ )
https://www.facebook.com/mmenglishlearning/posts/560065544158445



♦ 6 ♦
English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?
https://www.facebook.com/mmenglishlearning/posts/656031797895152:0



♦ 7 ♦
ထိရောက်ပြီး ရေရှည် အကျိုးရှိတဲ့ စာမေးနည်း
https://www.facebook.com/activeenglishmyanmar/posts/1089626921130513



♦ 8 ♦
English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်
https://www.facebook.com/activeenglishmyanmar/posts/1286161231477080:0



♦ 9 ♦
8 Parts of Speech ( ဝါစင်္ဂ ၈ မျိုး ) အခြေခံ အဆင့် ရှင်းလင်းချက်
https://www.facebook.com/activeenglish.basicgrammar/posts/252626258458147:0



♦ 10 ♦
Present Tense အသုံးပြုသင့်တဲ့ အခြေအနေ ၈ မျိုး ♦
https://www.facebook.com/activeenglishmyanmar/photos/a.918975284862345.1073741830.911752985584575/1339596146133588/?type=3&theater



============



" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင်
အရောက်လှမ်းနိုင်ကြပါစေဗျာ ... "
🙂🙂🙂

စေတနာဖြင့်
ကိုဇင်ဇေ


Active English သင်တန်း
( ☎️ 0943115202 /
☎️ 09250005164 )
သင်တန်းလိပ်စာ 👉 အမှတ် ၂၈ / ၁၆၇ လမ်း / တာမွေ ။
( Personal Account :
www.facebook.com/zin.zae )

=============

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have d...

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...