Skip to main content

မြန်မာ နဲ့ ထိုင်း တို့ကြားက ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့

Reading လေ့ကျင့်ဖို့ တင်ပေးလိုက်တဲ့ Story ထဲမှာ မှတ်သားသင့်တဲ့ စကားလုံးလေးတွေကို
Vocabulary အားနည်း တဲ့ လူတွေအတွက် ရည်ရွယ်ပြီးတော့ ပြန် ဆွေးနွေးတင်ပေးလိုက်ပါတယ် ။
Vocabulary / Expression တွေရဲ့ အဓိပ္ပာယ်တွေဟာ အခု လက်ရှိ ဆွေးနွေးထားတဲ့
နောက်ခံ အကြောင်းအရာ ( Context ) အတွက် ဆီလျှော်အောင်ပြန်ဆိုပေးထားတာပါ ။
( နောက်ခံ အကြောင်းအရာ / သုံးစွဲပုံ ပြောင်းရင် အဓိပ္ပာယ်တွေ ပြောင်းနိုင်ပါတယ် ဗျာ )
ဘာသာပြန်တွေကိုလည်း စာချောဖို့ / ရသခံစားနိုင်ဖို့ အဓိက မထားဘဲ
English ဘာသာစကား လေ့လာသူတွေအတွက် အကျိုးရှိဖို့သာ
ဦးစားပေးပြီး ပြန်ထားတာ ပါ ။
( တစ်ချို့စာတွေက ချောလွန်းသွားရင် မူရင်း နဲ့ သွေပြီး အပြန်အလှန် လေ့ကျင့်တဲ့ နေရာမှာ
သိပ် အဆင်မပြေဖြစ်တတ်တယ် လို့ ကျွန်တော်က ယူဆလို့ပါ ။ )

1.
( be ) set - ဖြစ်ပေါ်သည် / ဖြစ်ပျက်သည် ။
The story is set in the kingdom of Burma, which is now the country of Myanmar.
ဒီဇာတ်လမ်းဟာအခု မြန်မာနိုင်ငံလို့ သိနေကြတဲ့ ဗမာနိုင်ငံတော်မှာ ဖြစ်တည်တယ် ။

2.
Kingdom and Country
Kingdom ဆိုတာက ဘုရင် သို့မဟုတ် ဘုရင်မ တစ်ယောက်က အုပ်ချုပ်တဲ့
နိုင်ငံ ( country ) တစ်နိုင်ငံကို ခေါ်တာ ။
အခု မြန်မာနိုင်ငံကို ဘုရင် သို့မဟုတ် ဘုရင်မ တစ်ယောက်က အုပ်ချုပ်တာ မဟုတ်တဲ့ အတွက်
the kingdom of Burma ကနေ the country of Myanmar လို့ ပြောင်းခေါ်ရတာ ။
Burma ကနေ မြန်မာ ( Myanmar ) ကတော့ ဆိုရင်
ဗမာလူမျိုးတစ်စုတည်းကို ကိုယ်စားပြုသလို ဖြစ်မှာစိုးလို့
Myanmar လို့ ပြောင်းခေါ်ကြရတာ ။

3.
beat - အနိုင်ယူသည် ။ အနိုင်ရသည် ။
There was one Thai fighter who beat everyone else.
အားလုံးကို အနိုင်ယူခဲ့တဲ့ ထိုင်း လက်ဝှေ့သမား
( တိုက်ခိုက်ရေးသမား / သိုင်းသမား ) တစ်ယောက် ရှိခဲ့တယ် ။

4.
defeat in a war - စစ်ပွဲမှာ အနိုင်ရသည် ။
At that time, Burma had defeated Thailand in a war.
အဲဒီ အချိန်တုန်းက ဗမာ ( မြန်မာ ) တွေဟာ ထိုင်းကို စစ်ပွဲမှာ အောင်နိုင်နေခဲ့ကြတယ် ။

5.
prison - အကျဉ်းထောင်
prisoner - အကျဉ်းသား

6.
have a celebration - ပျော်ပွဲရွှင်ပွဲ ကျင်းပသည် ။ အောင်ပွဲ ခံသည် ။
The king of Burma decided to have a celebration.
ဗမာ ဘုရင်ဟာ အောင်ပွဲခံ ဖို့ ဆုံးဖြတ်ခဲ့တယ်

7.
boxing competition - လက်ဝှေ့ ပြိုင်ပွဲ
One event was a boxing competition.
ပွဲ တစ်ပွဲကတော့ လက်ဝှေ့ ပြိုင်ပွဲ ပေါ့ ။ ( ဖြစ်ခဲ့တာပေါ့ )

8.
have a high opinion of ( someone ) - တစ်စုံ တစ်ယောက်ကို သိပ်တော် / သိပ်ကောင်းသည်ဟု ထင်မြင်သည် ။
The King of Burma had a high opinion of Nai Khanomtom.
ဗမာ (မြန်မာ) ဘုရင်ဟာ Nai Khanomtom ကို သိပ်ကို ထူးချွန်တယ်လို့ ထင်ခဲ့တယ် ။

9.
have a ( high/low/good/bad, etc...)
opinion of ( somebody/something )
<<< ကွင်းစ ကွင်းပိတ်ထဲက ဟာတွေကို အစားထိုးပြီး သုံးနိုင်ပါတယ် ။
ဒီလောက်ဆိုရင်တော့ လေ့လာဖတ်ရှုရတာ ပိုပြီး အဆင်ပြေကြမှာပါ ။
( Story တစ်ပုဒ်လုံး မြန်မာ ပြန်ပေးတာကတော့
English လေ့လာသူတွေကို အကျင့်ဖျက်လိုက်သလို
ကျွန်တော့် အနေနဲ့ ခံစားရလို့ မလုပ်ပေးတော့ပါဗျာ ။ )

စာနဲ့ ရေးတင်ပေးရတာဆိုတော့ အပြင်မှာ စကားပြောသလောက်
ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်တော့ မလုပ်ပေးနိုင်လို့ အားနာမိသဗျာ ။

English ဘာသာစကား အရည်အချင်းတွေ တစ်နေ့တစ်ခြား တိုးတက်ရင်း
အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ။
အခုနက Post/Story ကို မမြင်လိုက်သူတွေ ရှိမှာစိုးလို့ အောက်မှာ ပြန်တင်ပေးလိုက်ပါတယ် ။
မလွတ်တမ်း ဖတ်ချင်ရင် ဒီ Android Application ကို Download ချပြီး Install လုပ်ထားပါဗျာ ။
Page ကို Like > Get notication or follow လုပ်ထားရင်လည်း တစ်ခါတလေ လွတ်သွားတတ်လို့ပါ ။ smile emoticon
<<< http://www.mediafire.com/…/Active_English.learning.for.myan…
www.activeenglishmyanmar.com or
www.facebook.com/MmEnglishlearning မှာလည်း တခြား စာစုတွေ လေ့လာနိုင်ပါတယ် ။
smile emoticon
=========
မြန်မာ နဲ့ ထိုင်း တို့ကြားက ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့ ။
ကြားဖူး ကြလားတော့ မသိဘူး ။
( နည်းနည်းတော့ ငြင်းချင်စရာ ဇာတ်လမ်းဗျ )
ဖတ်ကြည့် ပါဗျာ ။
‪#‎EnglishReading‬ အလေ့အကျင့် ရအောင်ပေါ့ ။
There is an ancient story told in Thailand.
It happened in the 1700s.
The story is set in the kingdom of Burma, which is now the country of Myanmar.
At that time, Burma had defeated Thailand in a war.
There were many Thai prisoners in Burma.
The king of Burma decided to have a celebration. One event was a boxing competition.
The king and other people watched. Burmese fighters fought against the Thai prisoners.
There was one Thai fighter who beat everyone else.
He even beat the best boxing teacher in Burma.
His name was Nai Khanomtom. The King of Burma had a high opinion of Nai Khanomtom.
He gave Khanomtom a very good prize. The king released him from prison.
Khanomtom was free to move back to Thailand.

credit: spotlight
‪#‎ActiveEnglish‬
ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174
သင်တန်းလိပ်စာ : အမှတ် (၁၀) ၊ (၄)လွှာ ၊ဗိုလ်မှူးအောင်လမ်း ၊
ဗိုလ်စိန်မှန် ရပ်ကွက် ၊
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။< တာမွေအ၀ိုင်းမှတ်တိုင် >

Comments

Popular posts from this blog

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have different lev

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့ကျင့်လိုပါက တန်းခွဲသစ် အချိန်ဇယား ၊ သင်တန်းကြေး ၊ ဖုန်း နံပါတ် ၊ လိပ်စာ ၊ မြေပုံ တို့ကို အောက်ပါ Link မှ တဆင့် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါတယ်ဗျာ ။  :) >>> http:// www.activeenglishmyanmar.com /2015/08/active- english -interactive- english.html

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။