Skip to main content

စတွေ့ကာစ လူငယ် ၂ ယောက် အပြန်အလှန် စကားပြောကြပုံ

စတွေ့ကာစ လူငယ် ၂ ယောက် အပြန်အလှန် စကားပြောကြပုံလေးကို
လေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။
ပထမ အပိုဒ်မှာ
သူတို့ အချင်းချင်း
- ဘယ်လို စတင် နှုတ်ဆက်ကြတယ်
- ဘယ်လိုမျိုး နာမည် ကို မိတ်ဆက်ကြတယ်
- နေရပ် ဇာတိကို ဘယ်လိုပြောပြီး အထင်အမြင်လေးတွေ
ဘယ်လို ဖလှယ်သွားကြလဲ ဆိုတာတွေကို လေ့လာရမှာပါ ။
ဒုတိယ အပိုဒ်မှာတော့
အချင်းချင်း ပြောနေရင်း စကားစပ်မိပြီး နောက် တစ်ယောက် အကြောင်း ရောက်သွားတဲ့အခါ
- နာမ်စားတွေကို ပြောင်းလဲပြီး သုံးစွဲသွားပုံ
- နာမည်ကို သေချာအောင် ပြန်မေးပုံ ၊ စာလုံးပေါင်းခိုင်းပုံ ၊
- Z ကို " ဇီ " လို့ အသံထွက်ပုံလေးတွေကို လေ့လာရမှာပါ ။
English နဲ့ မြန်မာ တွဲလျက် လေ့လာပြီးတဲ့အခါ
မြန်မာလို ရေးထားတာသက်သက်ကို ကြည့်ပြီး
English လို အလွတ်ပြောနိုင်အောင် လေ့ကျင့်ထားပါ ။
ဒီ Conversation ကို ကိုယ်ပိုင် ဖြစ်အောင် လည်း
အချက်အလက်တွေ အစားထိုး ထည့်သွင်းပြီး ဆင့်ပွါးပြီး လေ့ကျင့် ကြသင့်ပါတယ် ။
#ActiveEnglish သင်တန်းသားတွေကတော့ သင်တန်းမှာ လေ့ကျင့်တဲ့အတိုင်း
ကိုယ်ပိုင် မေးခွန်းတွေ မေးနိုင်အောင် အထိ ချဲ့ထွင်ကြဖို့ အကြံပေးချင်ပါတယ် ။
Conversation : 1 - Where are you from ?
( 1 )
David:  Hello, I'm David Garza. I'm a new club member.
        ဟဲလို ၊ ငါက ဒေးဗစ် ဂါဇာ ပါ ။ ကကပ် အသင်းဝင် အသစ် တစ်ယောက်ပါ ။
Beth:   Hi. My name is Elizabeth  Silva, but please call me Beth.
        ဟိုင်း ၊ ငါ့ နာမည်က အဲလစ်ဇဘသ် ဆင်းလ်ဗား ပါ ။ ဒါပေမယ့် (
ကျေးဇူးပြုပြီး ) ငါ့ကို ဘသ် လို့ပဲ ခေါ်လေ ။
David:  OK. Where are you from, Beth?
        အိုခေ ။ နင်က ဘယ်ကလဲ ဘသ်  ?
Beth:   Brazil. How about you?
        ဘရာဇီးက ။ နင်ကရော ?
David:  I'm from Mexico.
        ငါက မက်စီကို က ။
Beth:   Oh, I love Mexico! It's really beautiful.
        အိုး ! ငါက မက်စီကို ကို သိပ် နှစ်သက်တာ ။ တကယ့်ကို လှတာလေ ။
David:  Thanks. So is Brazil!
        ကျေးဇူးပဲ ။ ဘရာဇီး လည်း တူတူပါပဲ ဟ ။
( 2 )
Beth:   Oh, good. Sun Hee is here.
        အို ကောင်းပါ့ဟေ့ ။ ဆွန်ဟီးက ဒီမှာကိုး ။
David:  Who's Sun Hee ?
        ဆွန်ဟီး က ဘယ်သူလဲ ?
Beth:   She's my classmate.  We're in the same math class.
        သူက ငါ့ အတန်းဖော်လေ ။ ငါတို့က သင်္ချာတန်းမှာ တူတူ တက်တာ ။
David:  Where's she from?
        သူက ဘယ်ကတုန်းဟ ?
Beth:   Korea. Let's go and say hello.  Sorry, what's your last name
again? Garcia?
        ကိုရီးယားကလေ ။ သွားပြီးတော့ နှုတ်ဆက်ကြရအောင် ။ ဆောရီး ၊ နင့်
နောက်ဆုံး နာမည် က ဘာလဲ နောက်တစ်ခေါက်လောက် ? ဂါဇီယာလား ?
David:  Actually. It's Garza?
        တကယ်က ဂါဇာ ဟ ။
Beth:   How do you spell that?
        နင် အဲ့ဒါကို ဘယ်လို စာလုံးပေါင်းလဲ ?
David:  G-A-R-Z-A.
        ဂျီ - အေ - အာ - ဇီး - အေ ။
English ဘာသာစကား စွမ်းရည် တစ်နေ့တခြား တိုးတက်လာပြီး
အခွင့်အလမ်းကောင်းများ ၊ အသိပညာကောင်းများ ရယူနိုင်ကြပါစေဗျာ ။
လေးစားလျှက်
ကိုဇင်ဇေ
Founder & Trainer at Active English သင်တန်း
အလားတူ သင်ခန်းစာများကို အောက်ပါ facebook page မှာ ထပ်မံလေ့လာနိုင်ပါတယ် ဗျာ :)
www.facebook.com/mmenglishlearning
♦ English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို Download လုပ်ပြီး Install လုပ်ထားနိုင်ပါတယ် ။
<<< http://www.mediafire.com/download/dwjob6dp65ara4c/english_learning_for_myanmar.apk
♦ Active English ( ကိုဇင်ဇေ ) မှ အခမဲ့ ဖြန့်ချီပေးထားသော
English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ Ebooks များ
( 1 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 1 )
http://www.mediafire.com/download/d05cc72e6kmk4th
( 2 ) English ဘာသာစကားနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးဆိုင်ရာ ( 2 )
http://www.mediafire.com/download/s97q4mnfq7bow4p

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...