Skip to main content

"Sensitive" ရဲ့ အဓိပ္ပာယ် လေး နောက် တစ်ခု

" He's sensitive. "လို့ ပြောလိုက်တာနဲ့
" သူက ဆတ်ဆတ်ထိမခံပဲ " ဆိုတဲ့ အဓိပ္ပာယ်ကိုပဲ မြင်ယောင်နေမှာစိုးလို့
အသုံးများတဲ့ "Sensitive" ရဲ့ အဓိပ္ပာယ် လေး နောက် တစ်ခု ထပ် မှတ်ထားစေချင်ပါတယ် ။
Sensitive = ( understanding people )
able to understand other people’s feelings and problems  /

လူတစ်ဖက်သားရဲ့ ခံစားချက်တွေ နဲ့ ပြဿနာတွေကို နားလည်ပေးနိုင်စွမ်းရှိတယ်လို့လည်း  အဓိပ္ပာယ်ရပါတယ် ။
Adjective အနေနဲ့ သုံးရပါမယ် ။

understanding what other people need, and being helpful and kind to them :

Example:
 a sensitive and intelligent young man
သူဟာ ငယ်ရွယ်ထက်မြတ်ပြီးတော့ တစ်ဖက်သားကို စာနာနားလည်ပေးတတ်တဲ့ ယောကျ်ားလေးတစ်ယောက်ပါ ။

understanding what other people need, and being helpful and kind to them :
အခြားသူတွေရဲ့ လိုအပ်ချက်ကို နားလည်ပေးနိုင်တာ ၊
လူတွေအပေါ်မှာ ကြင်နာတာ အကူအညီပေးတတ်တာဆိုတဲ့ လည်း အဓိပ္ပာယ်ရပါသေးတယ် ။

( Reference : Longman / Cambridge / Oxford Dictionaries )

( တခြား အဓိပ္ပာယ် နဲ့ အသုံးအနှုန်းတွေလည်း အများကြီးရှိသေးပါတယ် ။
အဘိဓာန် ကောင်းကောင်း တစ်ခု သုံးပြီး ထပ် လေ့လာကြည့်နိုင်ပါတယ်ဗျာ )

English ဘာသာစကားစွမ်းရည်များ တစ်နေ့တခြား တိုးတက်လာပြီး
အသိပညာ နဲ့ အခွင့်အလမ်းကောင်းများ ရယူပိုင်ဆိုင်နိုင်ပါစေဗျာ ။

စေတနာဖြင့်
ကိုဇင်ဇေ

==========

သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့
၁၀၀% အာမခံ သင်ကြားပေးနေတဲ့ ** Active English သင်တန်း **
♦ June/July လ အတွင်း အသစ်ဖွင့်လှစ်မည့်
တန်းခွဲသစ် အချိန်ဇယားများ ပါဝင်ပါတယ်  >>>
https://www.facebook.com/activeenglishmyanmar/posts/1067933326633206

Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...