Skip to main content

" We've gotta let go of all of our ghosts. " ( ဆရာတစ်ယောက်ရဲ့ အလုပ်ဟာ ဘာလဲ ??? )





" We've gotta let go of all of our ghosts. "
( ဆရာတစ်ယောက်ရဲ့ အလုပ်ဟာ ဘာလဲ ??? )
===============================

ဟို တစ်နေ့က တင်လိုက်တဲ့
Adele ရဲ့ " Send my love ( To your new lover )
( https://www.facebook.com/activeenglishmyanmar/posts/1072509626175576 )
သီချင်းမှာ ပါတဲ့ ဒီစာသားကို အဓိပ္ပာယ်ကောက်ရ ခက်နေတယ် ဆိုလို့ပါ ။


Ghost ရဲ့ နောက်ထပ် အဓိပ္ပာယ် တစ်ခုကို သိရင် လွယ်သွားမှာပါ ။
အကျင့် ရအောင် English လို အရင် ဖတ်ကြည့်လိုက် ပါ ။
ghost = a memory, usually of something or someone bad:
မှတ်ဉာဏ်ထဲ ဆွဲထင်ကျန်နေတဲ့ အဖြစ်အပျက်လေး တစ်ခု
( အများအားဖြင့် ခပ်ဆိုးဆိုး တစ်စုံတစ်ယောက် / တစ်စုံတစ်ခုရဲ့ အကြောင်းအရာ ) လို့
အဓိပ္ပာယ်ကောက်နိုင်ပါတယ် ။
သူက အဓိက အားဖြင့် စာပေ အသုံးတွေမှာ အတွေ့ရများတဲ့ ဟန်မျိုးပါ ။
( နေ့စဉ်သုံး English ပြောဟန်မှာ အသုံးနည်းပါတယ် ။
ဒါကြောင့် တစ်ချို့ သတိမထားမိတာပါ ။ )

ဒါဆိုရင်တော့ ဘာသာပြန်လို့ လွယ်သွားပြီ ထင်ပါတယ် ။


We've gotta ဆိုတာက " We have to " ကိုပဲ ပြောဟန်နဲ့ သုံးလိုက်တာပါ ။


let go ဆိုတာက allow someone or something to escape or go free
တစ်စုံတစ်ယောက် ၊ တစ်စုံတစ်ခု ကို လွတ်မြောက်စေ / လွတ်လပ်စေတာပါ ။
လွှတ်ပေးလိုက်တာ / စွန့်လွှတ်လိုက်တာလို့ ပြောလို့လည်း ရပါတယ် ။


ဒီတော့ ဒီစာသားလေး ( We've gotta let go of all of our ghosts. ) ကို
ခြုံပြီး တိုတိုတုတ်တုတ် ဘာသာပြန်ရရင်
" ငါတို့ရဲ့ ရှိသမျှ အတိတ်ဆိုးတွေ အားလုံးကို မေ့ဖျောက်လိုက်ရမယ် "
လို့ ယူနိုင်ပါတယ် ။

ကျန်တာကတော့ အချိန်ရှိရင် ရှိသလို
ကိုယ့် စိတ်ကူး စိတ်သန်းကောင်းရင် ကောင်းသလို /
မြန်မာ စာ ကြွယ်ဝရင် ကြွယ်ဝသလို /
ရင်ထဲမှာ ခံစားမိလိုက်သလို ကွန့်ပြီး ဘာသာပြန်ချင် ပြန်နိုင်ပါတယ် ။
ကျွန်တော်က ဆိုလိုရင်းပဲ ပြောပါ့မယ် ။


" ဆရာတစ်ယောက်ရဲ့ အလုပ်က
ကျောင်းသားတွေကို ဘာတွေးရမလဲ သင်ပေးရမှာမဟုတ် ၊
ဘယ်လို တွေးရမလဲ ဆိုတာကို သင်ပေးရမှာ ... " လို့ပဲ ကျွန်တော် ခံယူထားလို့ပါ ။

=====


ကြုံလို့ ကျွန်တော် ပြောချင်တာလေး တစ်ခု ရှိပါတယ် ။
ဆိုင်သူတွေ အတွက်ပါပဲ ။
မဆိုင်သူတွေ စိတ် အနှောင့်အယှက်ဖြစ်သွားရင် ကြိုပြီး တောင်းပန်ပါတယ် ။

ကျွန်တော် ဒီ Page လေးမှာ သင်ခန်းစာ တစ်ချို့ ၊ ဗဟုသုတ ရစရာ တစ်ချို့ တင်နေတယ်ဆိုတာ
ကျွန်တော်တို့လောက် ကံမကောင်း ၊ လမ်းကြောင်း မမှန်ခဲ့လို့
English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ရှိနေသူတွေ အတွက်ပါ ။
ကြွားဖို့ ဝါဖို့ ကျွန်တော် စိတ်မဝင်စားပါဘူး ။


ဒီတော့ ကျွန်တော့်ကို မေးလာတဲ့ မေးခွန်းတွေကို တွေ့တဲ့အခါ
၁။ မသိလို့ သိချင်စိတ်ရှိလို့ မေးတာလား ?
၂။ သက်သက် ပညာစမ်းချင်တာလား ? ရစ်ချင် / ထောက်ချင်တာလား ? ဆိုတာကို အရင် စဉ်းစားဖြစ်ပါတယ် ။
ဒုတိယ မေးခွန်းအမျိုးအစားဆိုရင် ကျွန်တော် အချိန်ကုန်ခံပြီး ဖြေလေ့မရှိပါဘူး ။

ကျွန်တော်က ဘာသာစကားစွမ်းရည် ဆိုတာ
လူ တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းပေါင်းများစွာထဲက
အရည်အချင်းလေး တစ်ခု လို့ပဲ သဘောထားတာပါ ။

ဒီ အရည်အချင်း ရှိနေလို့ ကြွားနေစရာ မလို သလို
ဒီ အရည်အချင်း မရှိလို့လည်း လူ တစ်ယောက်ကို နှိမ်စရာ မလိုဘူးလို့ပဲ မြင်ပါတယ် ။

( တစ်ခုတော့ ရှိပါတယ် ။ Michael Jordan ပြောခဲ့သလိုပေါ့ ။
" ရှုံးနိမ့်တာကို ခွင့်လွှတ်ပေးနိုင်ပေမယ့်
မကြိုးစားတာကိုတော့ ခွင့်လွှတ်ပေးလို့ မရဘူး " ဆိုတာမျိုးတော့ ရှိပါတယ် ။
English ဘာသာစကား ကို အပျော်လာသင် / အပြောင်အပျက်လာလေ့လာနေတာမျိုး ဆိုရင်တော့
ကျွန်တော်ကိုယ်တိုင်လည်း စိတ်တိုတတ်ပါတယ် ။ )


နောက် တစ်ခုက သိချင်လို့တော့ မေးတာပဲ ။
ဒါပေမယ့် ကိုယ်တိုင် နည်းနည်းလေးတောင် အားမစိုက်ပဲ မေးတာမျိုးဆိုရင်လည်း ကျွန်တော် ပြန်မဖြေပါဘူး ။
ဘာလို့ဆို ဒီလိုမျိုး ကိုယ့်အားကိုယ် နည်းနည်းလေးတောင် မကိုးပဲ
သိချင်သမျှ သူများကို လျှောက်မေးနေတယ်ဆိုတာ ကောင်းတဲ့ အကျင့်မဟုတ်ပါဘူး ။
အဲ့လို အကျင့်မျိုး စွဲသွားရင် တစ်သက်လုံး
လူတော် တစ်ယောက် ဖြစ်လာနိုင်ဖို့ မလွယ်ပါဘူး ။
ဒါကြောင့် အကျင့် မလုပ်ပေးတာပါ ။

( တကယ်ဆိုရင် Dictionary လေး ၂ခု/၃ခု လောက်
ဖုန်းထဲမှာဆောင်ထားပြီး မသိတာရှိရင် အရင်ရှာကြည့် ၊
အဲ့လို ကြည့်ကြည့်ပြီး နားမလည်မှ မေးတာမျိုး ဖြစ်သင့်တာပါ ။
အခုကတော့ တစ်ချို့တွေဟာ အလွယ်လိုက်ချင်လွန်းနေတာ ကို
စိတ်မကောင်းစွာ တွေ့နေရတတ်ပါတယ် ။ )

ဒီတော့ ဒီလိုအကျင့်မျိုး ကိုယ့်မှာများ ရှိနေခဲ့ရင်
ဖျောက်ပစ်နိုင်ဖို့
ပြင်းပြင်းထန်ထန် လေးလေးနက်နက် ကြိုးစားစေချင်ပါတယ် ။

ဒီလောက်ပါပဲဗျာ ။
ဒီ Page လေးဟာ ၊
ဒီ Page မှာ တင်တဲ့ ကျွန်တော် ကိုဇင်ဇေ ရဲ့ Posts လေးတွေဟာ
English ဘာသာစကား လေ့လာနေသူတွေ အတွက်
အထောက်အပံ့ပေါင်းများစွာထဲက တစ်ခု ဖြစ်နေဖို့ပဲ
မျှော်လင့် ရည်ရွယ်ပါတယ် ။

" အားလုံးပဲ ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ ... "

စေတနာဖြင့်
ကိုဇင်ဇေ
( Founder & Trainer @ Active English သင်တန်း )
https://www.facebook.com/activeenglishmyanmar/

Comments

Popular posts from this blog

Unicode - အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်

အင်္ဂလိပ်စာ တကယ် လေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် 👉 တစ်နေ့ကို အနည်းဆုံး အချိန်ဘယ်လောက်ပေးပြီး လေ့လာလေ့ကျင့်မယ် 👉 အင်္ဂလိပ် ဘာသာစကားနဲ့ ထိတွေ့အောင် ကြိုးစားနေမယ် လို့ ကိုယ့်ကိုယ်ကို ကတိပေးနိုင်လဲ ??? :) ♦️ ကျွန်တော် အနည်းဆုံး လုပ်စေချင်တာကတော့ လေ့လာလေ့ကျင့်ချိန် - နာရီဝက် ထိတွေ့ချိန် - ၁ နာရီခွဲ ပါ ။ ပို ကြိုးစားချင်တဲ့လူကတော့ လေ့လာလေ့ကျင့်ချိန် - ၁ နာရီ ထိတွေ့ချိန် - ၃ နာရီပါ ။ ♦️ တကယ် အင်္ဂလိပ်စာ တိုးတက်ချင်ရင် ရေတို တစ်ပွဲထိုး စွတ်လုပ်ဖို့ ထက် ရေရှည် လုပ်သွားဖို့ အဓိကပါ ။ 👉 ၂ လ - ၃ လ လောက်ဆို ကိုယ့်တိုးတက်မှုကို ကိုယ် စ သတိထားမိလာမယ် ။ 👉 ၆ လ - ၉ လ လောက်ဆို ကိုယ့်ကိုယ့်ကို ယုံကြည်မှု အတော် ရှိလာမယ် ။ 👉 ၁ နှစ် - ၂ နှစ်လောက်ဆို ကိုယ့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကြောင့် အားငယ်ရတဲ့ ဘဝမျိုးကနေ လွတ်မယ် ။  👉 ၂ နှစ် ကနေ ၄ နှစ်လောက်ဆို ကိုယ့်ကို အင်္ဂလိပ်စာ ကောင်းတယ်လို့ ပတ်ဝန်းကျင်က ယူဆကြတဲ့ အဆင့်ကို ရောက်မယ် ။ ( ကိုယ်တိုင်ကတော့ ကိုယ် မသိသေးတာတွေ ရှိနေသေးတယ်ဆိုတာ ကောင်းကောင်းသိနေမယ် ) 👉 ၅ နှစ် ကနေ ၈ နှစ်ဆို ကျွမ်းကျင်တယ် ဆိုတဲ့ အဆင့်ကို ရောက်မယ် ။ ပွဲတိုးတဲ့ အဆင့် ပွဲလည်တင့်တဲ...

*Unicode Version* Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်

အရင်နေ့က တင်ပေးလိုက်တဲ့ Present Perfect Or Past Tense ကို ရွေးချယ်ရတဲ့ လေ့ကျင့်ခန်းရဲ့ အဖြေမှန်နဲ့ ရှင်းလင်းချက်တွေကို တင်ပေးလိုက်ပါတယ် ။ :) ပထမ ဆုံး မှတ်ထားသင့်တာက ... Present Perfect Tense ကို ပြီးဆုံးသွားပြီးတဲ့ အချိန်ပြ စကားလုံးတွေနဲ့ တွဲပြီး သုံးလို့မရပါဘူး ။ ဥပမာ ( yesterday , ten minutes ago , in 2005 , when I was a child , etc... ) ဒီ စည်းမျဉ်းအရ နံပါတ် ၁ နဲ့ ၂ ကို Past Tense ပဲသုံးရမှာပါ ။ 1. A- Thida graduated from medical school last year. B- Thida has graduated from medical school last year. *** last year - မနှစ်က ဆိုတာက ပြီးသွားပါပြီ ။ ဒါကြောင့် A ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ 2. A- I have received my M.A. degree in 2010. B- I received my M.A. degree in 2010. *** in 2010 - ၂၀၁၀ က ပြီးသွားပါပြီ ။ ဒါကြောင့် B ( Past Tense ) က အမှန် ဖြစ်ပါတယ် ။ ===== ဒုတိယ စည်းမျဉ်းကတော့ ... Present Perfect Tense ကို အတိတ် တစ်ချိန်ချိန်က စလုပ်ခဲ့ပြီး အခုအထိလုပ်နေဆဲ / ဒါမှ မဟုတ် လုပ်ခဲ့တဲ့ အကျိုးဆက် သက်ရောက်နေဆဲ ဆိုတာတွေကို ဖော်ပြတဲ့အခါမှာ သုံးရပါတယ် ။ တကယ်လို့ အတိတ်တစ်ချိန်ချိန်မှာ လုပ်ခ...

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ ( Unicode Version )

* လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * ========================== ဟို တစ်နေ့က ဉာဏ်စမ်းလေးတွေ မေးထားတော့ ရတဲ့လူ အတော်များသလို မရတဲ့လူတွေလည်းရှိနေတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်စုလေးပါ အခု ပေးလိုက်ချင်ပါတယ် ။ မှတ်စု တို သဘောမို့လို့ အကျယ်တော့ မရှင်းတော့ဘူးနော် ။ ဝေါဟာရ ကြွယ်ကြွယ်ဝဝ အသုံးချပြီး ပြောဆို ဆက်သွယ်နိုင်ပါစေဗျာ ။ :) * လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြပြောဆိုရာမှာ အသုံးပြုနိုင်တဲ့ Idioms များ * 1. a daredevil = မိုက်ရူးရဲ လုပ်တတ်တဲ့လူ 2. a crybaby = အလိုမကျတာရှိတိုင်း ဂျီတွန် တက်လွန်းသူ 3. a black sheep = အားလုံး ကောင်းနေ တဲ့ ပတ်ဝန်းကျင်မှာ သူတစ်ယောက်တည်း လူဆိုး ဖြစ်နေသူ 4. a class clown = အတန်းထဲမှာ ဆိုးလွန်း ၊ အစ အနောက် သန်လွန်းသူ 5. a trouble maker = ဘယ်နေရာ ရောက်ရောက် ပြဿနာ ရှာတတ်သူ 6. a fitness freak = ကျန်းမာရေး ၊ ကြံ့ခိုင်ရေးကို အရူးအမူး လိုက်စားသူ 7. a couch potato = ကျန်းမာရေး လုံးဝ လိုက်စားလေ့မရှိပဲ ဇိမ်ကျကျ ခုံကြီးပေါ်မှာ ထိုင်ရင်း အဆီ ယစ်နေသူ ၊ တီဗီ သာ ထိုင်ကြည့်နေတတ်သူ 8. a gym rat = အားကစား ခန်းမကို ချောင်းပေါက်အောင် သွားလ...