Skip to main content

"go to school" နဲ့ "go to the school" ဘာကွာ ပါသလဲ ? ( Unicode Version )

"go to school" နဲ့ "go to the school" ဘာကွာ ပါသလဲ ?
-------------------------------------------
ဒီ နှစ်ခု ကို ဘာကွာသလဲဆိုတာ မသိရင်
မှား မှားပြီး သုံးတတ်ကြတာများလို့
လိုရင်း တိုရှင်းလေး တင်ပေးလိုက်ပါတယ် ။

♦
"the" ဆိုတာ တိကျတဲ့ တစ်စုံတစ်ရာကို ပြန်လည်ရည်ညွှန်းရာမှာ
သုံးတယ်ဆိုတာကို တော့ အရင်မှတ်ထားရမှာပါ ။
ဥပမာ >
I had a sandwich for lunch. ဆိုပါတော့ ။
သူဟာ နေ့လည် စားအတွက် Sandwich တစ်ခု စားခဲ့တယ်လို့ ဆိုလိုပါတယ် ။
ဘယ် Sandwich ဆိုတာကို တိတိကျကျ ရည်ညွှန်းတာမျိုး မရှိပါဘူး ။
ဘယ် Sandwich မဆို ဖြစ်နိုင်ပါတယ် ။
သူကပဲ ဆက်ပြီး
The sandwich wasn't very good. လို့ ဆိုလိုက်ပြီ ဆိုပါတော့ ။
( အဲဒီ sandwich က စားလို့တော့ သိပ်မကောင်းခဲ့ဘူး ။ )
ဒါဆိုရင်တော့ အခုနက သူ နေ့လည်စာ အနေနဲ့ စားခဲ့တဲ့ sandwich ကို သာ ဆိုလိုပါတယ် ။
တခြား sandwich တွေကို ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး ။
ကဲ ဒီလောက် သိပြီဆိုရင်တော့ မူရင်း Topic ကို ပြန် လေ့လာကြည့်ရအောင်ပါ ။ ။

♦
" go to school " ဆိုတာ ကျောင်းသွားတယ် လို့ ဆိုပေမယ့်
ကျောင်းသွားတက်တာလို့ နားလည် ရမှာပါ ။
( ကျောင်းသား အနေနဲ့ ပေါ့ ... ဘယ်ကျောင်းမဆို ဖြစ်နိုင်ပါတယ် ။
ကျောင်းသွားတတ်ဖို့သာ လိုရင်းပါပဲ ။ )
" go to the school "ဆိုတာကတော့ ကျောင်းသွားတာခြင်း တူပေမယ့်
ကျောင်းသားအနေနဲ့ ကျောင်းသွားတက်တာကို ဆိုလိုတာ မဟုတ်ဘဲ
တခြား အကြောင်းရှိလို့ သွားတာကို ဆိုလိုတာပါ ။

♦
ဒီ စာပိုဒ်လေး ၂ ပိုဒ်ကို ယှဉ်ဖတ်ကြည့်ရင် ပိုနားလည်သွားမှာပါ ။
( 1 )
Suzan is ten years old. Every day she goes to school.
She's at school now. School begins at 9 and finishes at 3.

( 2 )
Today Suzan's mother wants to speak to her daughter's teacher.
So she has gone to THE school to see her. She's at THE school now.

♦
prison , hospital , university , college , church တို့ကိုလည်း
ဒီလို အယူအဆနဲ့ပဲ ခွဲခြားပြီး သုံးရမှာ ဖြစ်ပါတယ် ။
"the" မပါတဲ့ အခါမှာ အဲဒီ နေရာရဲ့ ယေဘူယ ဝန်ဆောင်မှု/
လုပ်ဆောင်ချက်တွေကို ရယူဖို့သွားတာပါ ။
"the" ပါရင်တော့ မူလ သဘောတရားနဲ့ မသက်ဆိုင်ရာ တစ်ခုခု သွားလုပ်တာပါ ။
အခုလောက်ဆို
"go to school" နဲ့ "go to the school" ဘာကွာ သလဲ ဆိုတာ ရှင်းသွားမယ် ထင်ပါတယ်
:)

English ဘာသာစကား စွမ်းရည် များ တစ်နေ့တခြား တိုးတက်ပြီး
အခွင့်အလမ်းကောင်းများ ရယူ ပိုင်ဆိုင်နိုင်ကြပါစေဗျာ ။
:)

လေးစားလျှက်
ကိုဇင်ဇေ (Founder & Trainer @ ALS-Active English)
- 09 4311 5202 / 09 2522 74 890 / 09 25000 5174
www.facebook.com/activelearningmyanmar

~~~~~~~~~~~~~

♦
English ဘာသာစကား ဆိုင်ရာ သင်ခန်းစာများကို
အသစ်တင်တိုင်း Phone မှ တဆင့် ဖတ်လိုပါက
ဒီ Apk ( Android application ) လေးကို အခမဲ့ ရယူနိုင်ပါပြီ ။

https://www.facebook.com/activeenglishmyanmar/posts/1113437305416141

~~~~~~~~~~~~~~~

သင်တန်းသားများ အဆင်ပြေ တိုးတက်စေဖို့
၁၀၀% အာမခံ သင်ကြားပေးနေတဲ့ ** Active English သင်တန်း **

♦ October လ အတွင်း အသစ်ဖွင့်လှစ်မည့် တန်းခွဲသစ်ချိန်ဇယားများ ♦

https://www.facebook.com/activeenglishmyanmar/posts/1143937099032828

~~~~~~~~~~~~~~~

♦ သင်တန်းလိပ်စာ : အမှတ် ၂၉ / A ၊ မြေညီထပ် ၊ ၁၆၇ လမ်း (ရာပြည့်စျေးလမ်း လို့လည်းခေါ်ပါတယ်) ၊
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ။
( တာမွေ အဝိုင်းထိပ် မှတ်တိုင် / ကျောင်းရှေ့ မှတ်တိုင် တို့တွင် ဆင်းပါ ။ )
:)

♦ မှတ်တိုင်နားရောက်လို့ သင်တန်းလိပ်စာမေ့နေခဲ့ရင် / ရှာမတွေ့ခဲ့ရင်
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ရောက်နေတဲ့နေရာကို ပြော၍လမ်းညွှန်မေးမြန်းနိုင်ပါတယ်
:)

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 /09 25000 5174

Comments

Popular posts from this blog

အဝတ်အထည် နှင့် ပက်သက်သော Vocabulary များ

အဝတ် အထည်နဲ့ ပက်သက်တဲ့ Vocabulary တွေကို ပုံနဲ့ တွဲဖက်ပြီးလေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ် ။ :) ♦ အွန်လိုင်းပေါ်မှ တဆင့် လေ့လာရုံကို အားမရဘဲ သင်တန်းတက်ရောက်ပြီး လေ့လာလေ့...

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်

English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် " -------------------------- -------------------------- -------------------------- ----- English ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေမှ ဒီ စာ ဆက်ဖတ်ပါ ။ :) ပထမဆုံး အားပေးချင်တာက ဒီလို အခက်ကြုံနေရတာ သင် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ ။ ဒီခေတ်မှာ English ဘာသာစကား ကို အရင်ကထက်ကို ပိုပြီး သိသိသာသာလိုအပ်လာတာနဲ့အမျှ အရင်က English ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ လုပ်ငန်းခွင်မှာ / သင်တန်းမှာ / ကျောင်းမှာ အခက်တွေ့နေရတာ အများအပြား တွေ့နေရမှာပါ ။ ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား ? ပြေး ရင်ဆိုင် လိုက် မလား ? သင် ဆုံးဖြတ်ရမှာပဲ ။ တကယ်တော့ ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် ။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ / ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင် လို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတယ် ။ အဲဒီထဲမှာ အများစုကတော့ လက်နာ လို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်ပါလေရော ။...

လူတွေ အကြောင်း ပြောနိုင်တဲ့ Idioms တွေ ( Intermediate Level )

လူတွေ အကြောင်းပြောတဲ့ အခါ အသုံးချနိုင်တဲ့ Idioms လေးတွေ online ပေါ်ကနေ စုပေးလိုက်ပါတယ် ။ Intermediate level လေ့လာသူတွေ အတွက်သာ ရည်ရွယ်ပါတယ် ။ English to English Definition သီးသန့်ပါပဲ ။ သိမ်းထားပြီး ဖြည်းဖြည်းခ...