Skip to main content

Posts

"V-be + married + to " နဲ့" get + married + to " ဘယ်လို ကွာလဲ ?

Which one is correct ? Cathrine Zeta-Jones is married (-----) Michael Douglas. A. with B. to အဖြေမှန် နဲ့ ရှင်းလင်းချက် ကို အောက်မှာ ကြည့်နိုင်ပါတယ် ။ . . . . . . . . . အဖြေမှန်က တော့ B. " to " ပါ ။ လူ တစ်ယောက် ဟာ တစ်စုံ တစ်ယောက် နဲ့ လက်ထပ်ထားတယ် လို့ ပြောချင်ရင် " V-be + married + to " ဆိုတဲ့ Pattern ကို သုံးရမှာ ဖြစ်ပါတယ် ။ Example : She's married to John. သူမ က ဂျွန် နဲ့ လက်ထပ်ထားတာ ။ မှတ်ချက် ။ Level  မြင့်တဲ့လူတွေ အနေနဲ့တော့ "V-be + married + to " နဲ့" get + married + to " ဘယ်လို ကွာလဲ ဆိုတာလေး ကိုယ့်ဘာသာကိုယ် လေ့လာကြည့်စေချင်ပါတယ် ။  :) ဒီမှာ ကျွန်တော် ရှင်းပြပေးထားပါတယ် ။ စိတ်ဝင်စားရင် သွားဖတ်ကြည့်ပါဗျာ ။ ♦ get married to (someone) ကို လက်ထပ်မယ့် အကြောင်း / လက်ထပ်ပွဲ အကြောင်းကို စိတ်ကူးပြီး ပြောတဲ့ နေရာမှာ သုံးပါတယ် ။ be married (to someone) ကတော့ လက်ထပ်ထားတယ်လို့ ပြောချင်တဲ့ ( ဖြစ်/ရှိနေမှု ပြတဲ့ သဘော -  State ) အနေနဲ့ သုံးပါတယ် ။ လက်ထပ်မယ့် အကြောင်း / လက်ထပ်ပွဲ အကြောင်း စတာတွေ နဲ့ မသက်ဆိုင်ပဲ သူနဲ့ ဘယ်သူ လက်ထပ်ထားတယ်လို့ အဓိက ပြောချင်...

English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ

English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ ------------------------------------------------------------------------------ English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ  အများကြီး ရှိပါတယ် ။ ဒါတွေကို မသိထားရင် လေ့လာရာမှာ တိုးတက်မှု သိပ်မရှိတာ / နှေးကွေးတာတွေ ဖြစ်တတ်ပါတယ် ။ ဒါကြောင့် ဒီလို သတိထားရမယ့် အချက်တွေထဲက အရေးကြီးတာတွေကို အရင် စုစည်း တင်ပြပေးလိုက်ပါတယ် ။ မိမိ ကိုယ်တိုင် သေချာ ဖတ်ရှုလေ့လာပြီး အကျိုးရှိမယ်လို့ ယူဆရင် အများကိုလည်း တဆင့် မျှဝေပေးနိုင်ပါတယ်ဗျာ ။ ၁။ သဒ္ဒါ ကိုသာ အလွန် အမင်း လေ့လာ ခြင်း ၂။ အမှား လုပ်မိမှာ ကို အလွန်အမင်း စိုးရိမ်ခြင်း ၃။ မိမိ ၏ ဦးတည်ချက် လားရာ မပြတ်သားခြင်း ( မိမိ လိုချင်သည်ကို မသိခြင်း ) ၄။ ဘာသာစကား လေ့လာနည်း စနစ်များကို မလေ့လာဘဲ ကြုံရာ / ထင်ရာ စွတ်လေ့လာနေခြင်း ၅။ အပြောစွမ်းရည် တိုးတက်မှု အတွက် နားထောင် ခြင်း ကို ဦးစားပေး လေ့ကျင့် မှု မပြုမိခြင်း ၆။ အရေးစွမ်းရည် တိုးတက်မှု အတွက် ဖတ်ရှု ခြင်း ကို ဦးစားပေး လေ့ကျင့် မှု မပြုမိခြင်း ၇။ English ဘာသာစကားကို စာသင်ခန်းတွင်း တွင်သာ လေ့လာခြင်း ၈။ English ဘာသာစကားကို  နေ့စဉ် ထိတွေ့နိုင်အောင် မစီစဉ် တတ်...

Listening လေ့ကျင့်ခန်း - Free Time Actvities - Beginner Level

Naomi, a middle school student from Wales, talks about her free time activities.   Beginner to Elementary အဆင့် English လေ့လာသူတွေ အတွက် ရည်ရွယ်တဲ့ Listening လေ့ကျင့်ခန်း တစ်ခု တင်ပေးလိုက်ပါတယ် ။ Wales က အလယ်တန်း ကျောင်းသူလေး တစ်ယောက်ကို အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိသလဲ လို့ အင်တာဗျူးထားတာပါ ။ အသံဖိုင်ကို ဒေါင်းလုပ်ချပြီး နားထောင်ကြည့်ပါ ။ 736.38KB ပဲ ရှိပါတယ် ။    Click နှိပ်ပြီး နားထောင်ပါ ။    Click နှိပ်ပြီး ဒေါင်းလုပ်ချ / အထပ်ထပ် အခါခါ နားထောင်ပါ ။ Dai: So, Naomi, so you're from Wales and you're eleven. So what does an eleven-year-old girl do for fun in Wales? Naomi: I do music. I play the piano and and the violin. Dai: How long have you played the piano for? Naomi: Since I was about eight. Dai: Eight. And what about the violin? Naomi: About the same. Dai: OK, and what kind of level are you at now, then, at the piano? Naomi: I just passed my grade three. Dai: Oh, congratulations. So that's grade three of ... what is that? Naomi: Of ... you have d...

It will rain. နဲ့ It is going to rain. ဘာကွာ သလဲ ?

It will rain.  နဲ့ It is going to rain. ဘာကွာ သလဲ ? ------------------------------------------ ( ကိုဇင်ဇေ  - Active English ) ♦ Will + infinitive နဲ့  Be going to + infinitive ဘယ်လို ကွာသလဲ ? English သင်တန်းသား / လေ့လာသူ အများ စု ဒီ အသုံး ၂ ခုကို ရောနေတတ်လို့ ဒီ စာစုလေး ရေးတင် ပေးလိုက်တာပါ ။ ဒါလေးကို သေချာဖတ်လိုက်ရင် ဒီ အသုံး အနှုန်း ၂ ခုကို ပိုပြီး မှန်ကန် သင့်တော်အောင် သုံးနိုင်လာပါလိမ့်မယ် ။ ♦ Will + infinitive    ( infinitive ဆိုတာ အလွယ်ပြောရင် Verb 1 ပေါ့ ။ ဒါပေမယ့် တကယ်တော့မတူပါ ။ Verb 1 က Singular Noun နဲ့တွဲရင် s/es လိုက်ရပေမယ့် infinitive ကတော့ ဘယ်တော့မှ s/es မလိုက်ရတဲ့ verb ရဲ့ မူလ ပုံစံ စကားလုံးပါ ။ ) ( 1 ) - A decision at the moment of speaking: ပြောနေတဲ့ အချိန်မှာ ဆုံးဖြတ်ချက် ချလိုက်ရင် Will + infinitive ကို သုံးပါတယ် ။ ဥပမာ ။ Julie: There's no milk. နွားနို့ မရှိတော့ဘူး ဟေ့ ။ John: Really? In that case, I'll go and get some. တကယ်လား ? ဒါဆို ငါ သွား ဝယ် လိုက်မယ် ။ ( ပြောနေချိန်မှာ တင် ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ ) ♦ Be going to + infinitive A deci...

ကျေးဇူးတင်ပါတယ် " Thank you" လို့ ရိုးရိုးလေး ပြောလိုက်ရုံနဲ့ အားမရတဲ့ အခါ ....

ကျေးဇူးတင်ပါတယ် " Thank you" လို့ ရိုးရိုးလေး ပြောလိုက်ရုံနဲ့ အားမရတဲ့ အခါ .... ဒီလိုလေးတွေ အားဖြည့်ပြောနိုင်ပါတယ်ဗျာ ... တစ်စုံတစ်ယောက် က ကိုယ့်ကို ခက်ခဲတဲ့ အခြေအနေတွေမှာ ကူညီပေးခဲ့တယ် ... အထောက်အပံ့ပေးခဲ့တယ် ဆိုရင် ဒီလို လေး ပြောလိုက်နိုင်ပါတယ် ... “Thanks for having my back.” သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အထောက်အပံ့ / အားစိုက်ထုတ်မှူတွေနဲ့ ကိုယ် ကြိုးစားပြင်ဆင်ထားတာ တစ်ခုကို ရယူလိုက်နိုင်တယ်... သူသာမကူညီရင် ဒီလို မအောင်မြင်နိုင်ဘူး ... ကိုယ် ဘယ်လောက်တောင် ဒါကို တန်ဖိုးထားကျေးဇူးတင်တယ်ဆိုတာကို ဖော်ပြချင်တဲ့ အခါ ဒီလို လေး ပြောလိုက်နိုင်ပါတယ် ... “Thank you. I couldn’t have done it without you.” ကိုယ် အရမ်း ဘေးကျပ်နံကျပ်ဖြစ်နေချိန်မှာ သူငယ်ချင်းဟာ သူ့ အကျိုးစီးပွားကိုတောင် အထိခိုက်ခံပြီး ကိုယ့်ကို ကူညီ ခဲ့ပြီဆိုရင်တော့ ကိုယ် ပြန်ပြောနိုင်တာ တစ်ခုက သူ ဒီလို အခြေအနေမျိုး ကြုံခဲ့ရင်လည်း ကိုယ်က ဆက်ဆက်ကူညီပါ့မယ်လို့ ကတိပေးလိုက်သင့်ပါတယ် ... ဒီလိုလေး ပြောလိုက်ပါဗျာ ... " I owe you!" ကိုယ် အခြေအနေဆိုးနေတဲ့ အခါ ကိုယ့်ကို အပြည့်အဝ နားလည်ပေးခဲ့တဲ့ သူငယ်ချင်းကို ကိုယ်က ဒီလိုနားလ...

Hello နဲ့ ပတ်သက်လို့ အသုံး ( ၅ ) မျိုး

Hello နဲ့ ပတ်သက်လို့ အသုံး ( ၅ ) မျိုး ---------------------------------------------- Active English သင်တန်းသားတွေ / English ဘာသာစကား စတင်လေ့လာသူတွေ အတွက် ရည်ရွယ်တာမို့ အမြင်မတော်ရင် ကျော်ဖတ်သွားကြ နော်ဗျ ( Elementary / Pre-intermediate အဆင့် လေ့လာသူတွေ အတွက် အဓိက ရည်ရွယ်ပါတယ် ။ ) " Hello " ကို 1. တစ်စုံတစ်ယောက် ကို မြင်တဲ့ ၊ တွေ့တဲ့အခါ နှုတ်ဆက်ဖို့ အတွက် သုံးနိုင်ပါတယ် ။ Hello , John! How are you ? ဟဲ့လို - ဂျွန် - နေကောင်းရဲ့ လား ? ( မှတ်ချက် ။ နေ့စဉ်သုံး အရပ်သုံးမှာတော့ Hello အစား Hi ကို ပိုပြီး အသုံးများပါတယ် ။ Hi က ပိုပြီး ရင်းရင်းနှီးနှီး ရှိစေလို့ ဖြစ်ပါတယ် ။) 2. ဖုန်း ပြန်ဖြေတဲ့အခါ ၊ ဖုန်း စပြောတဲ့အခါ မှာ သုံးနိုင်ပါတယ် ။ Hello - may I speak to Anne ? ဟဲ့လို - အန်း နဲ့ စကားပြောနိုင်မလား ဗျာ ? 3. တစ်စုံတစ်ယောက် ကိုယ့်ကို အာရုံစိုက်မိအောင် ၊ သတိပြုမိအောင် လှမ်းခေါ်တဲ့အခါမှာ သုံးနိုင်ပါတယ် ။ Hello ! Is there anybody home ? ဟ လိုး - အိမ်မှာ လူရှိသလားဗျို့ ? ( " ဟဲ့လို - ဟ လိုး " စသဖြင့် အသုံးချတဲ့ နေရာပေါ်မှာ မူတည်ပြီး အသံ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ် ။ မြန်...

Active English မှ အသစ်ဖွင့်လှစ်မည့် တန်းခွဲများ ( အနီးဆုံး )

Active English မှ အသစ်ဖွင့်လှစ်မည့် တန်းခွဲများ ( အနီးဆုံး ) March ( 2015 ) 9 . 3. 15 > Mon, Tue , Wed, Thu > 7:00 to 8:30 AM > (2) Months>Fees - 45,000 ks 9 . 3. 15 > Mon, Tue , Wed, Thu > 9:00 to 11:00 AM > (6) Weeks>Fees - 45,000 ks 9 . 3. 15 > Mon, Tue , Wed, Thu > 5:30 to 6:30 PM > (3) Months>Fees - 45,000 ks 9 . 3. 15 > Mon, Tue , Wed, Thu > 6:30 to 8:00 PM > (2) Months>Fees - 45,000 ks 30 . 3. 15 > Mon, Tue , Wed, Thu > 9:00 to 11:00 AM > (6) Weeks (Pre-2)>Fees - 45,000 ks 14. 3. 15 > San, Sun > 10:00-12:00 ( Noon ) > (3) Months>Fees - 45,000 ks 14.3. 15 > San, Sun > 2:00 - 4:00 PM > (3) Months>Fees - 45,000 ks 21. 3. 15 > San, Sun > 7:00 - 8:30 AM > (3) Months>Fees - 45,000 ks 21.3. 15 > San, Sun > 4:00-6:00 PM > (3) Months>Fees - 45,000 ks 21. 3. 15 > San, Sun > 6:30-8:00 PM > (3) Months>Fees - 45,000 ks 28.3. 15 > San, Sun > 2:00 - 4:...